Header Ads

ချစ်သူနှစ်ယောက် ရဲ့ ကြား


စိတ်ဆိုးပါ...

ဒါပေမဲ့... ချစ်သူ နှစ်ယောက်ရဲ့ ကြား ဘယ်လိုမှ ချောသိပ် မရတော့လို့ နောက်ဆုံး လမ်းခွဲသွားရမဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့... တစ်ဘဝလုံးစာ အတွက် မို့လို့ပါ ။

စိတ်ကောက်ပါ...

ဒါပေမဲ့... ချစ်သူ နှစ်ယောက်ရဲ့ကြား ညှိနိင်းလို့ မရတော့လို့ နောက်ဆုံး စွန့်လွတ်သွားရမဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့.. ထာဝရ လက်တွဲ သွားမဲ့သူ မို့လို့ပါ ။

ရစ်ပါ..

ဒါပေမဲ့... ချစ်သူ နှစ်ယောက်ရဲ့ကြား ခံနိင်ရည် မရှိတော့လို့ နောက်ဆုံး ကျောခိုင်း သွားရမဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့.. သက်ဆုံးတိုင်ထိ ဘဝ အတူ ဖြတ်သန်းရမဲ့သူ မို့လို့ပါ ။

ရန်ဖြစ်ပါ...

ဒါပေမဲ့... ချစ်သူ နှစ်ယောက်ရဲ့ကြား နားလည် ခွင့်လွတ် မပေးနိုင်တော့လို့ နောက်ဆုံး ခွဲခွါသွားရမဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့... အေးအတူ ပူအမျှ အတူ ရင်ဆိုင်သွားမဲ့သူ မို့လို့ပါ ။

ပြသနာဖြစ်ပါ...

ဒါပေမဲ့... ချစ်သူ နှစ်ယောက်ရဲ့ကြား သံသယ အထင်အမြင် မကင်းနိုင်တော့လို့ နောက်ဆုံး သူစိမ်း ဖြစ်သွားရမဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့... နေပူ မိုးရွာ မရှောင် အတူ ကျော်ဖြတ် သွားရမဲ့သူ မို့လို့ပါ ။

TH

No comments

Powered by Blogger.