အသံအိုးနာနေလို့ တလနားရမယ့် ချမ်းမြေ့မောင်ချို
သမီးတို့ myanmar idol season 3 ကြီး အောင်အောင်မြင်မြင် နဲ့ ပီးဆုံးသွားပါပီ.. အရမ်းလည်း ပျော်ပါတယ်.. အလုံးကြီးတွေလည်း ကျသွားပါပီ အကုန်လုံး 😅.. ဒါပေမဲ့ ၃ လလောက် ဒီထဲမှာပဲ သီချင်းတိုက် ထမင်းစား ပျော်ပါးခဲ့တော့ အခုကျတော့ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်ရပါတယ်
ကို Phyo Myat Aung congratulations ဗျာ winner ကြီး သမီး အရမ်းကြိုက်တဲ့ သီချင်းကို လက်ဆောင် အဖြစ်ပေးလို့ အရမ်းပျော်တယ်.. သမီးတို့ ပြိုင်ပွဲဝင်တွေ အားလုံးကို အောင်မြင်အောင် ပြုစု ပျိုးထောင်ပေးတဲ့ myanmar idol ကို စီစဉ်ပေးတဲ့ အမ မမီးကိုလည်း ကျေးဇူးတင်ပါတယ်
အစစ အရာရာ ဖေးမကူညီပေးတဲ့ ကို Andy , ကိုဆိုင်း , ကို pink , မေမေနှင်း ( Sky Hnin Hnin , ကိုသန့် ( U U Thomas Thomas သမီးကိုလည်း အပြောအဆို အနေအထိုင် သင်ပေးခဲ့ကြတဲ့ ကိုဇေ ( Zeyar Minthiha ) ကို Sai , မ Chu Chu May Kyaw , မ ကေ အစရှိတဲ့ PD တွ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်.. သမီးကို လှအောင် မိတ်ကပ်တွေ ပြင်ပေးတဲ့ ဦးမောင်တို့အဖွဲ့ရော သမီး စိတ်တိုင်းကျ ဖြစ်အောင်အဝတ်လေးတွေ ဆင်ပေးတဲ့ judson ရော ကိုဝေ ကိုရော ကျေးဇူးများကြီး တင်ပါတယ်..
သမီး နေမကောင်းတဲ့ အချိန်မှာ အမြန်ဆုံး သက်သာအောင် ကုသပေးတဲ့ သုခကမ္ဘာ ဆေးရုံက ဝန်ထမ်းအားလုံးနဲ့ ဆရာမကြီး Doc Thandar Cho နဲ့ ဆေးရုံအုပ်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်... နောက်ဆုံး အနေနဲ့ သမီးကို နေရာတနေရာ ရောက်အောင် ပို့ပေးခဲ့တဲ့ ပရိသတ်ကြီး ( မောင်တို့ ) ကို ကျေးဇူးများကြီးတင်ပါတယ်.. အများကြီးလည်း ချစ်ပါတယ်...
သမီးကတော့ အခုချိန်မှာ အသံအိုး ထိထားလို့ ဆရာဝန်ကတော့ ၁ လလောက် နားရမယ် ပြောပါတယ်.. ၁ လလောက် နားပီးတာနဲ့ သမီး fan meeting လေးလည်း တက်နိုင်သလောက် လုပ်ပါ့မယ် 💙 သည်းခံပီး စောင့်ပေးကြမယ် လို့ မျှော်လင့်ပါတယ်.. သမီး သီချင်းတွေ အများကြီး ဆက်လုပ်သွားမှာပါ အားလုံးကို ကျေးဇူးဆပ်တဲ့အနေနဲ့ သီချင်းတွေ များကြီးနဲ့ ပြန်လာခဲ့ပါ့မယ်... i love u all ဆိုပီး ချမ်းမြေ့မောင်ချိုက ပြောသွားခဲ့ပါတယ်။။
နေခန့်မင်းသစ် ဂီတာလေး မကွဲခင်က Zaw Gyi ရိုက်ကူးပေးထားတဲ့ say u won’t let go ဆိုတဲ့ သီချင်းလေးကို အောက်မှာ ကြည့်နိုင်ပါတယ်နော်...
chanmyae mgcho' fb
Loveshortnotes
Post a Comment