Header Ads

ဒီလိုလူတွေကို လေးစားသင့်တယ် ...


ကျမက အပျို တယောက်​ပါ ဆိုပြီး လိမ်​ညာပြီး ချူစား​နေတဲ့ မိန်းမထက်​ ၊ အပျိုတယောက်​ရဲ့ ဂုဏ်​ကို​ စောင့်ထိန်းပြီး မိဘမျက်​နှာ အိုးမဲ မသုတ်​တဲ့ မိန်းမကို​ လေးစားသင့်တယ် ... ​။

လူပျို တယောက်ပါ လို့ လိမ်​ညာပြီး မိန်းခလေး​တွေရဲ့ ဘဝကို ဖျတ်​ဆီး​နေတဲ့​ ယောကျာ်းထက်​ ၊ လူပျို တယောက်​ပါ လို့ အမှန်​အတိုင်း ဝန်​ခံပြီး မိန်းခလေး တ​ယောက်​ရဲ့ဘဝကို တာဝန်​ ယူတတ်​တဲ့​ ယောကျာ်းကို ပို​လေးစားသင့်တယ်​ ... ။

လိုးရှင်းနံ့ သင်းပြီး ခြေ​မွှေး လက်မွှေး မီးမ​လောင်ဖူးတဲ့ မိန်းမထက်​ ၊ သနပ်​ခါးနံ့ သင်းပြီး အိမ်​မှုကိစ္စ​တွေနဲ့ အလုပ်​ ရှုပ်​​နေတဲ့ မိန်းမကို ပိုလေးစား သင့်တယ် ​... ။

ရေမွှေးနံ့ သင်းပြီး လက်​​ကြော မ​တင်းတဲ့ ယောက်ျားထက် ၊ ချွေးတလုံးလုံးနဲ့ မ​မော မပန်း မိသားစု အတွက်​​ရုန်းကန်​ လှုပ်​ရှား​နေတဲ့ ယောက်ျားကို ​လေးစားသင့်တယ် ​... ။

မိဘ​ငွေ​ကြေး ချမ်းသာတာကို အ​ကြောင်း ပြပြီး​ မောက်​မာ​​နေတဲ့ မိန်းမ ထက်​ ၊ ကိုယ်​ပိုက်​ဆံ ကိုယ်​ ရှာနိုင်​ပြီး မ​မောက်​မာ တတ်​တဲ့ မိန်းမကို​ လေးစားသင့်တယ်​ ... ။

ငွေ​ကြေး ချမ်းသာပြီး မောက်​မာ ​နေတဲ့​ ယောက်ျားထက်​ ၊ မချမ်းသာ​ပေမယ့်လည်း လူကို လူလို မြင်​တတ်​တဲ့ ​ယောက်ျားကို​ ပိုလေးစား သင့်တယ် ​... ။

ပညာတတ်​ပြီး ပညာမာန်​​ တက်​​နေတဲ့ မိန်းမထက် ၊ ပညာတတ်​ပြီး မာန်​မာန မရှိတဲ့ မိန်းမကို​ ပိုလေးစား သင့်တယ် .​.. ။

ဘွဲ့ရ ပညာတတ်​ပြီး လူမှု​ရေး​ ခေါင်းပါးတဲ့​ ယောက်ျားထက် ၊ ဆယ်​တန်း မ​အောင်​​ပေမယ့်လည်း လူမှုစိတ်ထား အပြည့်ရှိတဲ့​ ယောက်ျားကို​ ပိုလေးစား သင့်တယ် .​.. ။

Credit

No comments

Powered by Blogger.