အရက်ပဲ သောက်ပါ ညီလေးရာ ...
အရက်သောက်ပါ ညီလေး ...
ဒီကောင်က နောက်အနှစ် 20 လောက်နေမှ မင်းရဲ့ အသဲကို ဖြေးဖြေးချင်း ဒုက္ခပေးမှာ ၊
အချစ်ကကျတော့ မင်းအသဲ ကို ချက်ချင်းဒုက္ခပေးလိမ့်မယ် ။
ဒီကောင့်ကို ယုံလိုက် ညီလေး ... ဒီကောင့်မှာ Responsibility ဆိုတဲ့ တာဝန်ယူမှု အပြည့်ရှိတယ် ။ မင်း 200 ဖိုး သောက်ရင် ဒီကောင် 200 ဖိုး တုန့်ပြန်မှု ပေးလိမ့်မယ် ။ 1000 ဖိုးသောက်ရင် 1000 ဖိုး အတိ အကျ ပြန်လည် သက်ရောက်မှု ပေးမယ် ။
အချစ်ကျတော့ ကလိမ်ကကျစ် ဆန်လွန်းတယ် ၊
မင်း 1 သိန်းဖိုး ချစ်ပေးလည်း 100 ဖိုး လောက် မျှော်လင့်ခွင့်တောင် ခပ်ယဲ့ယဲ့ ။
အရက်က လွတ်လပ်တယ် ညီလေး ၊ မင်းဘာနဲ့ ရောရော သူ့တာဝန်သူ ကျေလိမ့်မယ် ။
အချစ် မှာတော့ သောက်ရေး မပါတဲ့ စည်းကမ်းချက်တွေ များလွန်းတယ်ကွာ ။
ဈေးပေါတဲ့ အရက်က မင်းမပြည့်စုံမှုကို နှစ်သိမ့် ပေးပြီး ၊
ဈေးကြီးတဲ့ အရက်က မင်းခံစားချက်တွေကို ခမ်းနားစေတယ် ညီလေး ။
ဒါပေမယ့် ဈေးပေါတဲ့ အချစ်က မင်းယုံကြည်မှုကို သတ်ပြီး ၊
ဈေးကြီးတဲ့ အချစ်ကျ မင်းမာနကို သတ်လိမ့်မယ် ။
အရက် အတု မိတဲ့ အခါ မင်းဆုံးရှုံးမှုက မပြောပလောက်ဘူး ညီလေး ၊
ဒါပေမယ့် အချစ်အတု မိတဲ့အခါ မင်းအရှုံးက ဘဝနဲ့ ချီလိမ့်မယ် ။
အရက်သောက်ရင် နောက်ဘဝ ငရဲမှာ မင်း ပူလောင်ရ လိမ့်မယ်တဲ့ ၊
ဒါပေမယ့် အချစ်ကြောင့်ရော ဒီဘဝမှာ မင်း အေးမြနေရ လို့လား ။
နောက်ဆုံး အရက်ကြောင့် မင်းသေသွားတဲ့ အခါ မင်းသောက်ဖော် သောက်ဖက် အရက်သမားတွေ ငိုလိမ့်မယ် ၊
ဒါပေမယ့် အချစ်ကြောင့် သေသွားရင် မင်းအတွက် ငိုမယ့်သူ မရှိဘူး ညီလေး ။
အရက်ပဲ သောက်ပါ ညီလေးရာ ...
အရက်က မင်းကို မလွှဲသာ လွန်းမှ တကြိမ်ပဲ သတ်မှာ ၊
အချစ်က မင်းကို အခွင့်အရေး ရတိုင်း အကြိမ်ကြိမ် သတ်လိမ့်မယ် ။
ခရစ်ဒစ် - မူရင်းရေးသူ
Post a Comment