Header Ads

မချစ်ပါနဲ့


ကိုယ့်ကို ဂရုစိုက်ပေးပါ လို့ ခ ခ ယ ယ ပြောတာတောင် အကြောင်းပြချက် အမျိုးမျိုးပေး ရှောင်ဖယ်တတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ့ဘက်က တကယ် ချစ်ရင် ကိုယ် တောင်းဆိုစရာ မလိုဘဲ အသေးအမွှားလေးက အစ ဂရုစိုက်ပေး မှာပါ ။

သတိရလို့ လာတွေ့ပါ့လား ပြောတာတောင် နေပူလို့ မိုးရွာလို့ ဆိုပြီး နေ့ည ရွေ့တတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ်ချစ်ရင် ဘယ်လို ရာသီဥတုမျိုးပဲ ဖြစ်ဖြစ် ချစ်သူ မျက်နှာမြင်ရဖို့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး ။ အပြေး လာတွေ့မှာပါ ။

ကိုယ်က စိတ်ကောက်တဲ့ အခါ နားလည် မပေးပဲ ကိုယ်နဲ့ အပြိုင် စိတ်ကောက်တတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် ကိုယ် ဘယ်လောက် စိတ်ဆိုးဆိုး ဘယ်လောက် စိတ်ကောက်ကောက် စိတ်ရှည်လက်ရှည် ချော့မှာပါ ။

သူရောက်တဲ့ နေရာက ကိုယ်ရှိနေမှန်း သိရက်နဲ့ လာမတွေ့နိုင် အားတဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ်ချစ်ရင် ဘယ်လောက် အလုပ် ရှုပ်ရှုပ် ကိုယ့်အတွက် အချိန် ပေးပြီး လာတွေ့မှာပါ ။

တခုခု တောင်းဆိုတဲ့ အခါ တာဝန်အရ လုပ်ပေးရမှာပေါ့ ဆိုတဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် ပြောစရာ မလိုဘဲ အလိုက်တသိနဲ့ လုပ်ပေးမှာပါ ။

တခုခုမှားရင် ပြင်မပေးဘဲ အပြစ် ရှာတတ်တဲ့ ၊ ပြသနာ ရှာတတ်တဲ့ လူမျိုးကို မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် အမှားကို အမှန် ပြင်ပေးပြီး ခွင့်လွှတ် နားလည်ပေးမှာပါ ။

အကြောင်းပြချက် အမျိုးမျိုး ပေးပြီး ပစ်ထားတတ်တဲ့ လူမျိုး မချစ်ပါနဲ့ ။ သူ တကယ် ချစ်ရင် ကိုယ့်ကို အချိန်ပေးမှာပါ ။

သူ တကယ် ချစ်မချစ် ဆိုတာ အပြုအမူ အပြောအဆိုတွေ ကနေ သိနိုင်ပါတယ် ။ ကိုယ့်အတွက် အချိန်မပေး နိုင်တဲ့သူ ၊ ကိုယ့်ဟာ သူ့အတွက် အရေးမပါတဲ့ လူတယောက် အနေနဲ့ ခံစားနေရရင် အချိန်ပြည့် စိတ်ဆင်းရဲ နေမယ့် အစား လမ်းခွဲလိုက်ပါ ။ ပိုပြီး ပြီးပြည့်စုံတဲ့ ဘဝမျိုး ရရှိနိုင်မှာပါ ။

Eiphookhinkhin

No comments

Powered by Blogger.