လုပ်သင့်တယ်
ညားခါစ လင်မယား နှစ်ယောက်ဟာ ခဏ ခဏ ဆိုသလို စကားများ ကြတယ် ။
စကားများတဲ့ အခါတိုင်းလည်း လင်က အလျော့ မပေးတတ်သလို မယားကလည်း အလျော့ မပေးတတ် ကြဘူး ။
ဒါပေမယ့် နောက်ပိုင်း ရန်ဖြစ်တော့ မယားဖြစ်သူက စပြီး ပြောင်းလဲလာ ပါတော့တယ် ။
ဒါနဲ့ ယောင်္ကျားဖြစ်သူက မသင်္ကာ ဖြစ်လာပြီး မေးရတော့တယ် ။
" မိန်းမ မင်းကို ငါမေးစရာ ရှိလို့ "
" ဘာတုန်းတော် "
" မင်းနဲ့ငါ ရန်ဖြစ်တိုင်း မင်းက ဘယ်တော့မှ အလျော့ မပေးတတ်ဘူး.. ငါ မင်းကို စိတ်ဆိုးအောင် လုပ်မိတိုင်း ငါ့ကို ဒေါသတကြီးနဲ့ တစ်ခုခု လုပ်နေကျပါ "
" အဲဒါ အခု ဘာဖြစ်လို့လဲ ရှင် "
" အခု အရင်လို မဟုတ်တော့ဘူးလေ... မင်း ငါနဲ့ ရန်ဖြစ်ပြီဆို မင်း အိမ်အနောက်ဘက်ကို သွားပြီး ရှောင်နေတာ.. ငါ သတိထားမိတယ်"
" ဒါက ဒေါသကို သွားထိန်းတာပါ တော် "
" မင်းတောင် ဒေါသတွေ ဘာတွေ ထိန်းတတ်နေ ပါလား... ကဲ ဆိုစမ်းပါအုံး ဒေါသကို ဘယ်လို ထိန်းလဲ "
" ဒီလိုပါပဲ ရှင် "
" ပြောပြစမ်း ပါကွာ "
" အိမ်အနောက်မှာ အိမ်သာ ဆေးပစ်လိုက် တာပေါ့ "
" ဟ .... ဘာဆိုင်လို့လဲကွ "
" ဆိုင်တာ မဆိုင်တာတော့ မသိဘူးတော်... ကျမ ဒေါသ ထွက်လာရင် ရှင့်သွားပွတ်တံကို ယူပြီး... အိမ်သာ သွား ဆေးပြစ်လိုက် တာပဲ "
" တိန် " ဝေါ့ .....
Ko Gyi Kyaw
Post a Comment