Header Ads

ဖေ့စ်ဘုတ်ကို ဘာအတွက် အသုံးပြုပါသလဲ


မိနစ် အနည်းငယ် အချိန်ပေးပါ ! သင့်အတွက် အကျိုးပြုစေမယ့် စာသား တစ်ချို့ကို ရေးသားထားပါတယ် !

ယခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူဦးရေ 70 % က ဖုန်းကိုင်နိုင်ကြပါတယ် !

ဖုန်းကိုင်နိုင်သူ 80 % ဟာလည်း facebook ကို အသုံးပြုနေကြပါတယ် !

အသုံးပြုသူ 90 % က အကျိုးမဲ့စွာ အသုံးချနေကြပါတယ် ! ဒါကို မိတ်ဆွေ သတိထားမိ ပါလိမ့်မည် !

သင်  ဖိနပ်စီးပါလိမ့်မည်.. ဘာအတွက် စီးပါသလဲ

လှချင်လို့လား ... ဆူးညှောင့်ခလုတ်ကို  ကြောက်လို့လား... ဒီလိုလေးတွေ မိမိကိုယ်ကို  မေးဖူးပါသလား ?

အခု  facebook သုံးနေတယ် ! ဘာအတွက်  အသုံးပြုတာလဲ ? ပုံတင်ပီး  လှကြောင်းကြွားဖို့လား..

အီစီကလီ လုပ်ဖို့လား.. ရည်းစားနဲ့ ကဲနေတာတွေ  ကြေငြာဖို့လား.. ချမ်းသာတာကို အများ သိစေချင်လို့လား #

ဘာအတွက် အသုံးပြုနေတာလဲ ? အကောင်း အဆိုး  ကွဲဖို့လိုပါလိမ့်မည် !

facebook  ကို ဘယ်လို အကျိုးရှိအောင် သုံးကြမလဲ ?

မိတ်ဆွေကောင်း ရှာပါ ! နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ  ဖတ်ပါ ! မိတ်ဆွေများကို  ပြန် share ပေးပါ !

အသိပညာ တိုးပွားစေမယ့် ပို့စ်တွေ ရှာဖွေဖတ်ပါ ! လေ့လာထားသမျှလေးတွေ  ကျင့်သုံးပါ !

ကျန်းမာရေး အသိပေးစာတွေ ရှာဖတ်ပါ ! ဟာသလေးတွေ အပျင်းပြေဖတ်ကာ ရယ်မောပါ !

သင်သိသမျှ ကုသိုလ်အချို့ ဗဟုသုတ အချို့ကို အားလုံးသိရန် ! ပို့စ်တင်ခြင်း share ခြင်းဖြင့် မျှဝေပါ !

ဘဝအတွက် အကျိုးရှိစေမည့် ပို့စ်များကို ရှာဖွေပြီး ! အစဉ်လေ့လာပါ !

မိတ်ဆွေကောင်း / ပညာရှိများနဲ့  အချိန်ရလျှင် စကား စမြည်ဟြေဆိုပါ !

မှတ်သားထိုက်သော စကားများကို  မှတ်သားပါ ! ဒီလိုလေးတွေအတွက်  အသုံးပြုတယ်ဆိုရင် ! သင်နှင့်သင့်မိတ်ဆွေအားလုံး  အကျိုးရှိပါလိမ့်မည် !

ဘယ်အရာမဆို သုံးတက်လျှင် ဆေးကောင်းပါ ! မသုံးတက်လျှင်  ဘေးဖြစ်စေပါလိမ့်မည် !

( ဥပမာ ) ပုံလှလှတွေတင်ဖို့  facebook သုံးသူ တစ်ချို့ဟာ sexy ပေ့ခ်ျ လုပ်ခံရသလိုပေါ့ !

ဒါဟာ  မသုံးတက်တော့  အရှက်ကွဲ စေတာပေါ့ ! တိုင်လို့ရပါတယ်  ဒါပေမယ့်  နာမည်ကပျက်ခဲ့ပြီ !

နာမည်ပျက်ပြီဆို  ဆုံးရှုံးမှုတွေ အရမ်းများပါမည် ! ဒီလို အဖြစ်မျိုးတွေ  နေ့စဉ်ဒုနဲ့ဒေးပဲ !

ကျွန်တော် ဆိုလိုသည်က  အကျိုးရှိစွာ အသုံးချစေဖို့ပါ ! အသုံးပြုပုံ  မှန်ကန်စေချင်ပါသည် !

မိမိကိုယ်ကိုယ် ဆန်းစစ်ပါ ! ငါ  ဘာအတွက် အသုံးပြုနေတာလဲ ? ငါ့အတွက်  ဘာအကျိုးရှိစေလဲ ?

အကျိုးရှိစွာဖြင့် အသုံးချတက်ပါစေ … မေတ္တာဖြင့် ရေးသားတင်ပြခြင်း ဖြစ်ပါ၏ !
             
မူရင်းရေးသူ

No comments

Powered by Blogger.