ဂယက်ထနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေး
ရွှေထူး ဆိုတာက လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက အလွမ်းအဆွေး သီချင်းတွေနဲ့ လူငယ်တွေ ကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ ဟိုးအရင် ကတည်းက ရေခြားမြေခြား ရောက်နေတဲ့ ချစ်သူကောင်မလေးကို လွမ်းကြောင်း ချစ်ကြောင်းတွေ ဖွဲ့သီထားတဲ့ သူ့သီချင်းတွေကို ပရိသတ်တွေက လိုက်လံ ခံစားရင်း သူနဲ့ ရင်းနှီး လာခဲ့ရတာပါ။
သူ့ ကောင်မလေး ဆိုတာက Australia မှာ နေထိုင်နေတဲ့ ပန်ကိတ်ဒါဒါ လို့ ချစ်စနိးခေါ်တဲ့ ယမင်းဦး ဆိုတဲ့ မြန်မာမလေး ဖြစ်ကြောင်း သိလိုက်ရတဲ့ အချိန်မှာတော့ နှစ်တွေ အကြာကြီး တွဲလာခဲ့တဲ့ သူတို့ စုံတွဲလေးကို ပရိသတ်တွေက အချစ်ပို ရပြန်တာပါပဲ။ ဒါပေမယ့် သိပ် မကြာခင်ကပဲ ခြောက်နှစ်ကျော် တွဲလာတဲ့ သူတို့အတွဲလေးဟာ အကြောင်းကြောင်း တွေကြောင့် ပြတ်စဲသွားခဲ့ရပီ ဖြစ်ကြောင်း သတင်းကြား လိုက်ရပါတယ်။
အဲ.. ရွှေထူး တစ်ယောက်ကတော့ Justin Bieber ရဲ့ ခြေရာနင်းတယ် လို့ ပြောရမလားပါပဲ။ ယမင်းဦးနဲ့ ပြတ်ထားတာ ဘယ်လောက်မှ မကြာခင်မှာပဲ ရုပ်ရှင် အတူတွဲ ရိုက်နေတဲ့ မင်းသမီးဖြစ်သူ ရွှေမှုံရတီနဲ့ ချစ်သူတွေ ဖြစ်နေကြပီ ဆိုတဲ့ သတင်းက ပျံ့နှံ့လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် တွေကတည်းက ပရိသတ်တွေကြားမှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ထွက်နေခဲ့တာ ဖြစ်ပေမယ့် လက်ဆုပ် လက်ကိုင် ပြနိင်တဲ့ ဓာတ်ပုံတွေ မရှိသေးတာကြောင့် ပရိသတ်တွေက သို့လော သို့လော ဖြစ်နေခဲ့ရတာပါ။
ဒါမယ့် အခု ရက်ပိုင်းမှာတော့ မနေ့က (13.8.2018) မှာ ရွှေထူးနဲ့ ရွှေမှုံနဲ့ တွဲနေကြပြီ ဆိုတဲ့ ဓာတ်ပုံသက်သေတွေဟာ Facebook မှာ ပလူပျံအောင် ထွက်ပေါ် လာခဲ့ပါတယ်။ ရွှေထူးက Candy ဆိုတဲ့ သီချင်းအသစ် လုပ်နေတာ ပရိသတ်တွေ သတိထားမိကြမယ် ထင်ပါတယ်။ ရွှေမှုံက သူမရဲ့ Facebook မှာ ချစ်သူကသူ့ကို အရမ်း ချစ်ကြောင်း Computer Wallpaper မှာတောင် သူ့ဓာတ်ပုံ တင်ထားကြောင်း Facebook မှာတင်ခဲ့ပီး အဲဒီ ဓာတ်ပုံထဲမှာ Desktop ပေါ်မှာ တင်ထားတဲ့ Candy Music ဆိုတဲ့ File က ပေါ်နေခဲ့တာပါ။
ဒါကို ထောက်ချင့်ပီးတော့ သူတို့နှစ်ဦး တွဲနေကြပြီ ဆိုတာကို သိနိင်သလို Bangkok ကို သွားတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ငြင်းမရတဲ့ ဓာတ်ပုံ သက်သေတွေက များပြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ်တွေ ကတော့ ခြောက်နှစ်ကျော် တွဲလာခဲ့ပီးမှ ပြတ်စဲသွားခဲ့ရတဲ့ ပန်ကိတ် ဒါဒါလေးကို ဝိုင်းသနားနေကြပီး ရွှေထူးက ရွှေမှုံနဲ့ တွဲချင်လို့ ပန်ကိတ်ကို အကြောင်းရှာပီး ဖြတ်တာ ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ တကယ် ဟုတ်မဟုတ်ကတော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။
ပြောချင်လွန်းလို့ ပရိသတ်တွေရော ခြောက်နှစ်ကျော် တွဲလာခဲ့တဲ့ ချစ်သူကို ရုတ်တရက် ဖြတ်ပစ်လိုက်ဖို့ ရွှေထူးကို ဘယ်အရာတွေက လှုံ့ဆော်မှု ပြုခဲ့တယ် ထင်လဲ။ ရွှေမှုံကရော .. သိပ်ချစ်ရတဲ့ မောင်နဲ့ အချစ်ရေးကဘယ်လိုဖြစ်သွားလို့ ရွှေထူးရဲ့ ရင်ခွင်ထဲ ရောက်လာတာလဲ..။ စဉ်းစားစရာတွေ ပါပဲ။
thenewstoday







Post a Comment