Header Ads

ယောက်ျာလေးတွေ မြတ်နိုးတဲ့ မိန်းကလေး...


ယောက်ျားတစ်​​ယောက်က​ ကလက်​တက်​တက်​ မိန်းက​လေးကို တပ်​မက်​ချင် ​တပ်​မက်​မယ်​။ ဒါပေမယ့် ... အိ​နြေ္ဒရှိတဲ့ မိန်းက​လေးကို​တော့ လက်​ထပ်ချင် ​ကြတယ်​။

ယောက်ျားတစ်​​ယောက်က​ သရုပ်​ပျက်​တဲ့ မိန်းက​လေးကို ငေးကြည့်​ချင် ​ကြည့်​မယ်​။ ဒါပေမယ့် ... အပုပ်​နံ့ မထွက်​တဲ့ မိန်းက​လေးကိုပဲ ​ရွေးချယ်​တယ်​။

ယောက်ျားတစ်​​ယောက်​က အလွယ်​ရတဲ့ မိန်းက​လေးကို အ​ချောင်​နှိုက်​ချင် ​နှိုက်​မယ်​။ ဒါပေမယ့်... ခက်​ခက်​ခဲခဲရတဲ့ မိန်း​က​လေးကို​တော့ တစ်​သက်​တာအတွက် ရည်​စူးတယ်​။

ယောက်ျားတစ်​​ယောက်က​ ဖလန်းဖလန်း ထ​နေတဲ့ မိန်းက​လေးကို တစ်​ခဏတာ အတွက် ​ကြည်​နူးချင် ​ကြည်​နူးမယ်​။ ဒါပေမယ့် ... အလန်းဇယား မရှိတဲ့ မိန်းက​လေးကို​တော့ တစ်​ဘဝစာ အတွက် ​ရည်​စူးတယ်​။

ယောက်ျားတစ်​​ယောက်က​ အဆင်းလှတဲ့ မိန်းက​လေးကို မသိစိတ်​က ​ငေးကြည့်​ချင်​ကြည့်​မယ်​။ ဒါပေမယ့် ... အချင်းလှတဲ့ မိန်းက​လေးကို​တော့ အသိစိတ်​က တမ်းတမ်းတ ​နေတတ်တယ်​။

ယောက်ျားတစ်​​ယောက်က​ အချစ်​ကြီးတဲ့ မိန်းက​လေးကို စိတ်​ထဲက သ​ဘောကျချင်​ ကျမယ်​။ ဒါပေမယ့် ... သစ္စာရှိတဲ့ မိန်းက​လေးကို​တော့ ရင်​ထဲက စွဲလန်း​နေတတ်​တယ်​။
           
Kurneair Ziom

No comments

Powered by Blogger.