သား မွေးထားတဲ့ မိဘတွေ သိရှိထားဖို့
~~~~~~~~~~~~~~~~~
ယောင်္ကျားပဲ အရှုံးမရှိဘူး ဆိုတဲ့ စကားတော့ ဒီခေတ်မှာ မပြောလေနဲ့...
မိန်းမကောင်းနဲ့ တွေ့ရင်တော့ မရှုံးပါဘူး အနိုင်နဲ့ ပိုင်းပြစ်လို့ ရပေမဲ့.. မကောင်းတဲ့ မိန်းမနဲ့ တွေ့ရင်တော့ စုတ်ပြတ်သတ် သွားလောက်အောင်ထိ ဘ၀ ပျက်သွားတတ်တယ်
သားမွေးထားတာပဲ သားရှင်ပဲ ဆိုပြီး မာန်မတက်လေနဲ့... မကောင်းတဲ့ မိန်းမကို လက်တဲ့စမ်းမိလို့ မိဘက အိမ်တိုင်ပါချွတ်လျော်လိုက်ရတဲ့ အဖြစ်မျိုးး မြင်ဘူးတယ်
တကယ်တော့ သမီးမိန်းကလေး ပျက်စီးတာက သူ့ပစ္စည်းနဲ့သူ ပျက်စီးတာ မိဘပစ္စည်း မပါဘူး
သားယောက်ျားလေး ပျက်စီးပြီ ဆိုရင် ရှိစု မဲ့စု အထုတ်ပိုက်ပြီး ငွေနဲ့ လိုက်ရှင်းရတာမို့ တမိသားစုလုံး ဒုက္ခတွေ ရောက်တတ်တယ်
ဖိုးစွဲနေတဲ့ မြေးဒုက္ခတွေ မခံစားနိုင်လို့ အဆိပ်သောက် သေတဲ့ အဖွားရဲ့ အဖြစ်ဆိုးကိုလည်း မြင်ဘူးတယ်
သားမွေးထားရင် ရီးစား ထားချိန်ထားပါစေ.. အရမ်းကြီး ချူပ်ချယ် မထားပါနဲ့... ရီးစားက အိမ်အလည်လာချင်သပဆို ခွင့်ပြုပေးလိုက်ပါ.. မိန်းမကောင်းဖြစ်ရင် အဆင်ပြေ ဆင်းရဲချမ်းသာ အဆင့်အတန်း မခွဲပါနဲ့.. လွတ်လပ်ခွင့်ပေးတော့ ခိုးပြီး မလုပ်တော့ဘူးပေါ့
ဆေးခန်းက အသိပညာပေး လက်ကမ်း စာစောင်တွေ ကြုံတိုင်း အိမ်ယူလာပြီး မြင်သာတဲ့ စားပွဲပေါ်တင်ထားရတယ်... သမီးရည်းစား မတော်တဆ မှားရင် 72 hour ဆိုတာမျိုး ပိုစတာကြီးလည်း အိမ်မှာကပ်
မိန်းကလေးတွေ အလည်လာရင် ဖတ်လို့ရတော့ သင်စရာမလို မြင်တော့ အမှားဆိုတာ ကြိုမသိတဲ့အတွက် ဗဟုသုတ လည်းဖြစ်တယ်
သားကိုလည်း ဆုံးမထားရတယ်.. မတော်တရော် မလုပ်ရဘူး... သူ့မိဘ ကသဘောမတူလို့ လီဆည်တိုင်ရင် အမေပါ ဒုက္ခရောက် တတ်တယ်
မသိတဲ့ မိန်းကလေး အညှာလွယ်တာနဲ့ လွယ်တယ် ဆိုပြီး သွားမပါတ်သက်နဲ့... လွန်လွန်ကျူးကျူးဖြစ်ရင် လျော်ကြေး အတောင်းခံရတတ်တယ်
အမြဲမြင်တွေ့နေကြ မိန်းမမဟုတ်ပဲု ပိုက်ဆံရှိပြီး ပေးကမ်းကြိုက်လည်း မလိုက်နဲ့ ဘိန်းဖြူရောင်းတဲ့ မိန်းမတွေက အဖမ်းခံရင် မင်းကို ထိုးကြွေးလိမ့်မယ်
မိုးချူပ်တဲ့ အထိမနေနဲ့.. လမ်းကြို လမ်းကြားက မပြန်နဲ့.. မိန်းလမ်းမက ပြန်.. အိမ်အပြန် နောက်ကျရင် ရိုက်ပြီး ဆိုင်ကယ် အလုခံရတတ်တယ်
သူများ ရီးစားနဲ့လည်း သူငယ်ချင်းမလုပ်နဲ့.. အထင်လွဲပြီး ဓားနဲ့အထိုး ခံရတတ်တယ်
စိတ်ဆတ်တဲ့ သူငယ်ချင်းနဲ့ မပေါင်းနဲ့.. သူနဲ့ အဆင်မပြေတဲ့ လူက အုပ်စုဖွဲ့ရိုက်ရင် ကိုယ်ပါ အချောင်သေတတ်တယ်
မီးနီကိုလည်း ဖြတ်မမောင်းနဲ့ ယာဉ်စီးကမ်းကိုလည်း လိုက်နာရမယ်.. ၅ မိနစ် ၁၀ မိနစ် စိတ်စောမိလို့ ယာဉ်တိုက်မှု ဖြစ်ရင် သေသွားရင် အကြောင်းမဟုတ် ဒုက္ခိတဖြစ်ရင် တသက်လုံး လူဖြစ်ရှုံး တတ်တယ်။
ဘူရားတရားလည်း မမေ့နဲ့.သရဏဂုံ တည်ပြီးမှ အပြင်သွား အန္တရယ်မှန်သမျှ ကင်းပါတယ်
အရက်ကို လက်တည့် မစမ်းလေနဲ့.. ဆေးလိပ်ကိုလည်း မသောက်နဲ့.. မူးယစ်ဆေးဝါးအစ ဆေးလိပ်ကပါကွယ်
အမေမသိအောင် ခိုးသောက်ခဲ့ရင်လည်း ဆေးလိပ်ချင်း မီးမညှိ ခိုင်းမိစေနဲ့.. ဆေးလိပ်ချင်း လဲပြီး ဆေးစွဲအောင်လည်း လုပ်တတ်တယ်။
သားလေးတစ်ယောက် မွေးထားတော့ ပူရတယ် ပူရတယ်.. တော်တော့်ကို ပူရပါတယ်
Mya Nan Thida Nwe
Post a Comment