မေတ္တာရပ်ခံစာတစ်စောင် ရေးသားခဲ့တဲ့ ပန်ကိတ်ဒါဒါ
လက်တလော အွန်လိုင်းပေါ်မှာ ပြန့်နှံ့ရေးသားနေတဲ့ သတင်းတွေအရ ပန်ကိတ် ဒါဒါကတော့ အခုလိုပဲ မီဒီယာတွေကို မေတ္တာရပ်ခံစာ တစ်စောင်ကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
" Media ဆိုပီး အမည်ခံထားတဲ့ တချို့ page တွေကို ဒါဒါ ဒီကပဲ မေတ္တာရပ်ခံ ချင်ပါတယ်... ဒါဒါရဲ့ personal profile ထဲက ဒါဒါ့ပုံတွေ ကို ယူပြီး သတင်းခေါင်းစဉ် အမျိုးမျိုး မမှန်တဲ့ အကြောင်းအရာ အမျိုးမျိုးနဲ့ မတင်ကြတော့ဖို့ပါ။ “ ဘယ် အကြောင်းအရာမဆို တန်ပြန် သက်ရောက်မှု ဆိုတာ ရှိတယ်” ဆိုပြီး လက်ခံထားတာမို့ ပြီးခဲ့တဲ့ relationship ကြောင့် ဒါဒါနဲ့ ပါတ်သက်ပြီး အနည်းနဲ့ အများ ပါလာတဲ့အပေါ် တခါမှ ဘာမှ မပြောခဲ့ဖူးပါဘူး။
မပြောခဲ့ဘူး ဆိုတာကလည်း သူလည်း သူ့လမ်းသူ ရွေးချယ်သွားသလို ဒါဒါလည်း ကိုယ့်ဘဝကိုယ် move on လုပ်ရမယ် ဆိုတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တာ ကြောင့်ပါ။ ဘေးကနေ supporting လုပ်တဲ့ မိဘ, အသိုင်းအဝိုင်း, သူငယ်ချင်း, ပြီးတော့ ဒါဒါကိုယ်တိုင် ရှိနေတဲ့အတွက် ခုချိန်မှာ အရာအားလုံးက ထင်ထားတာထက် အဆင်ပြေပြီး ဒါဒါ့ ဘဝလည်း stable ဖြစ်နေပါပြီ...
ခုပြောတယ် ဆိုတာကလည်း ဒါဒါ့မိဘတွေ အသိုင်းအဝိုင်းတွေက အနုပညာ နယ်ပါယ်က မဟုတ်တဲ့အတွက် ဒါဒါ့ပုံနဲ့သတင်းတွေ ခေါင်းစဉ် အမျိုးမျိုး တက်လာတဲ့အပေါ် သူတို့တွေ အနေနဲ့ ready မဖြစ်ပါဘူး။ အဲ့ဒီအပေါ် ဒါဒါကိုယ်တိုင်လည်း အားနာလှပါပြီ.. သူတို့ကို.. အဲ့ဒါကြောင့် အားလုံးက ကိုယ့်ဘဝကိုယ် ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ပြီး ရှင်သန်သွားကြရမှာ ဖြစ်တဲ့အတွက် ဖြစ်ခဲ့တာတွေအပေါ် ခုချိန်မှာ သူ့လမ်းသူ ရွေးချယ်သွားတာပဲ သတ်မှတ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း အပြင်လူ တစ်ယောက်အနေနဲ့ ကိုယ့်အသိုင်းအဝိုင်းဆိုတာ ရှိသလို ကိုယ့်ဂုဏ်သိက္ခာကို ကာကွယ်ဖို့အခွင့်အရေးရှိတယ် လို့ ခံယူထားတဲ့အတွက် ဒီတောင်းဆိုမှုကို လုပ်ရတာဖြစ်ပါတယ်။ စားကြွင်း။ ခုမှ ဘာလို့ရေးလဲ မေးကြလိမ့်မယ်.. ခုမှ ဘာထဖြစ်တာလဲ ပြောကြလိမ့်မယ်... တခါတည်း ပြောလိုက်ပါမယ်..
ဒီစာဟာ နောက်နောင် ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ဒီပြီးခဲ့တဲ့ relationship နဲ့ပါတ်သက်ပြီး ပန်ကိတ်ဒါဒါ စိုး ပုံတွေ နာမည်တွေသုံးပြီး သတင်းတွေ ထဲ ထပ်မပါချင် မမြင်ချင် မကြားချင်တော့တာမလို့ ကိုယ်ချင်းစာစိတ်နဲ့ ထပ်မထည့်တော့ဖို့ တောင်းဆိုတဲ့ post ပါ။ " ဆိုပီး ရင်ဖွင့်သွားခဲ့ပါတယ်။
Post a Comment