ဂရု မစိုက်ခြင်း အတတ်ပညာ
1) Facebook ဆိုတာ အကြောင်းအရာ တော်တော် များများ ရှိတဲ့နေရာဖြစ်တယ် ။ သင့်ဦးနှောက်က အမှိုက်ပုံး မဟုတ်လို့ အားလုံးကို လိုက်ပြီး ဂရုမစိုက်ပါနဲ့ ။
2) ခံစားချက် ဆိုတာ ဘဝအတွက် သိပ်အရေး မကြီးလို့ ဂရုမစိုက်ပါနဲ့ ။
3) အများနဲ့ မတူ ကွဲပြား ခြားနားတဲ့ အယူအဆ တွေကို လက်ခံလို့ ဝေဖန် ခံရကောင်း ဝေဖန် ခံရပါ လိမ့်မယ် ။ ဂရုမစိုက်ပါနဲ့ ။
4) အတားအဆီး တွေ့ရင် ဂရုမစိုက်ပါနဲ့ ။ သူ့ထက် အရေးကြီးတဲ့ အရာတွေကို ဂရုစိုက်ရဦး မှာမို့ပါ ။
5) ပတ်ဝန်းကျင်က သင့်မိသားစု စားစရာမရှိလို့ ဆိုပြီး သင်ဒုက္ခရောက်ချိန်မှာ အလကား တင်ကြွေးထားမယ့်သူ မရှိပါဘူး ။ ဒါကြောင့် ပတ်ဝန်းကျင် တခုလုံးကို ခေါင်းထဲ ထည့်ပြီး ဂရုစိုက် မနေပါနဲ့ ။
6) သင့်ရဲ့ မိတ်ဆွေရင်းတွေက တခါတရံ သင့်လုပ်ရပ်ကို လှောင်ပြောင်ကောင်း လှောင်ပြောင်လိမ့်မယ် ။ ဂရုမစိုက်ပါနဲ့ ။ တချို့သော မိတ်ဆွေရင်း တွေက သူစိမ်းထက် ကိုယ့်အပေါ် ပိုပြီး မနာလို ကြီးကြတယ် ။
7) ကိုယ့် မိသားစုဝင်တွေက သင့်လုပ်ရပ်ကို ကန့်ကွက်ချင် ကန့်ကွက် လိမ့်မယ် ။ သူတို့က သင့်အလုပ် အပေါ် သင်နားလည်သလောက် နားမလည်သေးဘူး ဆိုတာ သင်ကိုယ်တိုင် သိနေတာပဲ ။
8) လူတွေက အောင်မြင်လည်း ဝေဖန်မယ် ၊ မအောင်မြင်လည်း ဝေဖန်မယ် ဘာမှ မလုပ်လည်း ဝေဖန်မယ် ။ ဒါကြောင့် ဘယ်လို ထင်ထင် ဂရုမစိုက်ပဲ ကိုယ့်အလုပ်ကို ကိုယ် အကောင်းဆုံး လုပ်ပါ ။
9) လုံးဝ ဂရုမစိုက်ပါနဲ့ ။ တဖြေးဖြေးနဲ့ နားလည် လာအောင် နားချပါ ။ တခါတလေ ဂရုမစိုက်ခြင်းဟာ သင့်ကို ချည်နှောင်မှုက လွတ်မြောက်စေ လို့ ဂရုမစိုက်ခြင်း ဆိုတဲ့ အတတ်ပညာကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ ။
Credit
Post a Comment