Header Ads

မချစ်နဲ့ ဆိုတာ တားမြစ်တာမျိုး မဟုတ်ပါဘူး


လူပဲလေ .... ။ နှလုံးသားတွေ ကိုယ်စီနဲ့ ချစ်မိတတ်ကြ မှာပါပဲ ။ အချစ်ကို အချစ်အတိုင်း ထားလိုက်ပါ ။ ဒါပေမယ့် စဉ်းစားပေါ့ ။ ကိုယ်ချစ်မိတာ ချစ်မိတာ သတ်သတ် ။ ဖြစ်သင့် မဖြစ်သင့် လေးတော့ စဉ်းစားပေါ့ ။

လောကကြီးထဲ ဖုန်းတွေ ပေါ်လာပြီး အင်တာနက် ခေတ်စားလာတဲ့ နောက် စိတ်ဖောက်ပြန်ခြင်းတွေ အင်မတန်မှ ပေါနေတယ် ။ အဲ့ဒီနောက် လူကိုယ်တိုင် ကိုယ်ကျ ဖောက်ပြန်ခြင်းတွေ ။ တဏှာ အလို လိုက်ပြီး တော့ပေါ့ ။

စဉ်းစားပေါ့လေ ။ ကိုယ့်သိက္ခာအတွက် ။ ကိုယ့်ကိုယ်ကျင့်တရား အတွက် အဲ့ဒီအတွက် မဟုတ်တောင် တစ်ဖက်သား အိမ်ထောင်ရေး အတွက်ပေါ့ ။ ကျနော်တို့ လူမှုဝန်းကျင်တွေနဲ့ နေနေကြတာပါ ။

ကျနော်ကတော့ အိမ်ထောင်သည် တယောက် ဖောက်ပြန်တာ မျိုးတွေ လုံးဝ မကြိုက်သလို ။ သူတစ်ပါး အိမ်ထောင်ရေးကို ကိုယ့်ကြောင့် ပျက်စီး သွားမှာမျိုးတွေလည်း လုံးဝ မကြိုက်ဘူး ။

လူတွေ လူတွေ  ..... လူတွေဟာ တဏှာအလို လိုက်နေကြတယ် ။

ကိုယ်တိုင်က လူလွတ် ၊ အိမ်ထောင် ကွဲပြီးသား တခုလတ် မုဆိုးမက တပါးသူကို ချစ်တာ အိမ်ထောင်ပြုတာ အပြစ် မဟုတ်ပါဘူး ။ တခုရှိတာက ကိုယ် အိမ်ထောင်ပြုမယ့်သူ ၊ ကိုယ်ချစ်မိတဲ့သူက မဆက်နွယ် သင့်တဲ့ သူမျိုး ၊ အိမ်ထောင်သည်မျိုး ကိုတော့ မဆက်နွယ်မိစေနဲ့ပေါ့ ။

အဲ့ဒါ တကယ် မဖြစ်သင့် ပါဘူး ။ ကိုယ့်ကြောင့် သူများ အိမ်ထောင်ရေး မပျက်ပြားစေပါနဲ့ ။ လုံးဝ မကောင်းသလို မဖြစ်သင့်တဲ့ အရာကြီးပါ ။

အိမ်ထောင်ရေးတွေ အဆင်မပြေ ကြဘူးလား ? ခင်ဗျားကို မိဘက ရိုက် ပေးစားထား တာလား ? ဒါမှမဟုတ် ကိုယ့်စိတ်ခံစားမှု နဲ့ကိုယ် ရွေးချယ်ခဲ့ တာလား ?

ကျနော့် အနေနဲ့ ကတော့ ကိုယ်ချစ်လို့ ရွေးချယ်ခဲ့ပြီး ယူထားကြပြီးမှတော့ အဆင်ပြေအောင် နားလည်မှုတွေနဲ့ သစ္စာရှိရှိ ဘဝကိုဖြတ်သန်းပါ ။ ဒီလိုမှ မဟုတ်ရင်တော့ ဖောက်ပြန်ကျမယ့် အစား ကွဲကွာပစ် ကြပါ  ။

မကွဲကွာနိုင်ရင်လည်း ကိုယ့်လင် ကိုယ့်မယားအပေါ် သစ္စာရှိပါ ။ လူ့စည်း အတိုင်း စောင့်စည်းပါ ။ ဒီလိုမှ မဟုတ်ရင် လူမှုဝန်းကျင်မှာ မသင့်တော်ပါဘူး ။

အိမ်ထောင်သည် ကပဲ ဖောက်ပြန်ပြီး တပါးသူကို ချစ်ချစ် ၊ တစ်ပါးသူ ကပဲ အိမ်ထောင်သည်ကို ချစ်ချစ် ဖြစ်သင့် မဖြစ်သင့် ဖြစ်အပ် မဖြစ်အပ် စဉ်းစားကြပါ ။

ကိုယ့်ယောက်ျားအကြောင်း ကိုယ့်မိန်းမ အကြောင်း ကိုယ့်ချစ်သူ သမီးရည်းစားအကြောင်းမှ မသိရင် လူ လုပ်မနေပါနဲ့ ။

အိမ်ထောင်သည်တွေ အိမ်ထောင်ရေး အဆင်မပြေဘူးလား ? ကိုယ့်အိမ်သူ အိမ်သားနဲ့ သဘောထား မတိုက်ဆိုင်ဘူးလား ? အဲ့ဒါ ဆိုလဲ ကွဲပေါ့ ။ အဲ့လိုမှ မဟုတ်ပဲ ဖောက်ပြန်တဲ့ အလုပ်တော့ မလုပ်ပါနဲ့ ။

ခင်ဗျားတို့ ဘာသာ မိဘ သဘောထား မလွန်ဆန်နိုင်လို့ပဲ ယူယူ ၊ ခပ်ရိုင်းရိုင်းပြောရရင် တဏှာ လွန်ကဲပြီး ကမြင်းကြော ထပြီး ထားပြီး ယူယူ ကိုယ် အိမ်ထောင်သည် ဘဝ ရောက်နေပြီပဲ ။ အိမ်ထောင်သည် ဘဝ ရောက်ပြီးမှတော့ ကောင်းကောင်း ဆိုးဆိုး အတူ လက်တွဲကြပေါ့ ။

ဒီလိုမှမဟုတ်ပဲ သဘောထား မတိုက်ဆိုင်လို့ ၊ အဆင်မပြေလို့ ၊ လုံးဝပေါင်းလို့ မဖြစ်ဖူးဆိုလဲ တရားဝင် ကွဲကြပေါ့ ။ ဒီလိုကွဲကြတာ မဟုတ်ပဲ တပါးသူနဲ့ ဖောက်ပြန်တယ် ဆိုတာမျိုး ကတော့ အင်မတန်မှ ရွံ့စရာကောင်းပါတယ် ။

ရှိသေးတယ် ။ ဆင်ခြေဆင်လက်တွေ ပေးတတ်ကြသေးတာတွေ ။ ဘာဖြစ်လို့ ညာဖြစ်လို့ ။ သားသမီး မျက်နှာ ရှိလို့ ဘာညာ အပိုတွေ ။ တကယ်က တဏှာ လိုတာထက် ပိုခြင်းတွေ ။ ပိုတတ်သူတွေ။

အိမ်ထောင်သည် တယောက်က ကိုယ့်အိမ်သူ အိမ်သား မဟုတ်ပဲ တပါးသူကို ချစ်မိတာ အပြစ် မဟုတ်ပါဘူး ။ ဒါက နှလုံးသား ကဖြစ်ပေါ်တဲ့စိတ် ။ စိတ်က ဖြစ်ပေါ်တတ်တဲ့စိတ် ။ ဒါပေမယ့် ထိန်းလေ ကိုယ့်စိတ်ကို ။ မထိန်းနိုင်ပဲ ဖောက်ပြန်ရင်တော့ အဲ့ဒါ အပြစ် ။

နောက် ရှိပါသေးတယ် ။ တခုလတ်တွေ မုဆိုးဖို မုဆိုးမတွေ အိမ်ထောင်ကွဲတွေ လူပျို အပျို လူလွတ်တွေ ။
သူတို့တွေ ဆိုတာက လွတ်လပ်သူတွေပါ ။

ကိုယ့်အနေနဲ့ ကိုယ့်ဘဝအတွက် လက်တွဲဖော် ရွေးချယ်ရမယ့်သူတွေ ပေါမှပေါ ။ ရိုက်သတ်လို့တောင် မကုန်ဘူး ။ ဒါတောင်မှ တပါးသူ အိမ်ထောင်သည်တွေကို မိမိစိတ် အရင်းတိုင်း သွားဖောက်ပြန် တာမျိုး ၊ ဆွဲဆောင်တာမျိုး ၊ ချစ်ကြိုက်နေတာမျိုး လုံးဝ မကောင်းပါဘူး ။ မဖြစ်သင့်ပါဘူး ။

ပြောချင်တာ ကတော့ ...
ကိုယ့်ကြောင့် သူတပါး အိမ်ထောင်ရေး မပြိုကွဲ ပါစေနဲ့ ။ သူတစ်ပါးကြောင့်လည်း ကိုယ့်အိမ်ထောင်ရေး မပြိုကွဲပါစေနဲ့ ။ ကိုယ်တိုင် အိမ်ထောင်ရေး အဆင်မပြေဘူး ၊ ကိုယ်လည်း ကိုယ့်အိမ်သူ အိမ်သားအပေါ် မချစ်ဘူး ဆိုလည်း ကွဲလိုက်ကြပါ ။

ဒီလိုသာ ပြောရတာ ။ လက်တွေ့မှာ တကယ် ကွဲခိုင်းကြည့်ကြ ။ အဲ့လို လူစားမျိုးတွေက တဏှာ အားကြီးဖို့လောက်ပဲ တတ်ပါတယ် ။ အဲ့ဒီလိုလူတွေက အလကားတွေပါ ။

တကယ့် အစစ်အမှန်က လောကကို ကိုယ်တိုင် ကိုယ်ကျ ရင်မဆိုင်ရဲ သူတွေ ။ သတ္တိမရှိသူတွေ ။ ကာမဆန္ဒ အားကြီးသူတွေ ။ သစ္စာ မရှိသူတွေ ။ အသိဥာဏ် ရှိသူတွေ ဖြစ်တောင် စည်းဘောင် မရှိသူတွေ ။ လူမှုဝန်းကျင်မှာ အထင်သေး ကဲ့ရဲ့ရှုံ့ချစရာ လူစားမျိုးတွေ ။

အိမ်ထောင်သည် တွေကို ပြောချင်တာက ...
ခင်ဗျား အမျိုးသား ၊ ခင်ဗျား အမျိုးသမီးကို ခင်ဗျား ချစ်လို့ပဲ ယူယူ ၊ အကြောင်း အမျိုးမျိုးကြောင့်ပဲ ယူယူ ၊ ယူပြီးမှ သဘောထား မတိုက်ဆိုင်ဘူးလား ? အကြောင်း အစစ်အမှန်တွေ သိရလို့ ကိုယ်နဲ့ ကီးမကိုက်ဘူးလား ၊ မကိုက်ရင် နှစ်ဦးသဘောတူ ကွဲလိုက်ကြ ပေါ့ဗျာ ။

ဒီလိုမှ မဟုတ်ပဲ ဖောက်ပြန်တာမျိုး ဆိုတာ ကတော့ အင်မတန်မှ ရုပ်ဆိုး အကျည်းတန်တယ် လို့ ပြောချင်ပါတယ် ... ။

AG

No comments

Powered by Blogger.