REFLECTION ဇာတ်ကားမှာ အလန်းစားတွေ့ရမယ့် ၀တ်မှုန်ရွှေရည်
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရနေတဲ့ “REFLECTION” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်ငံကျော် စူပါမင်းသမီး (၄) ယောက်က အထူးပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဒီ ဇာတ်ကားထဲမှာတော့ ဒီတ်ဒိတ်ကြဲ မင်းသမီးတွေဖြစ်ကြတဲ့ ထွန်းအိဒ္ဒြာဗိုလ် ၊ အိန္ဒြာကျော်ဇင် ၊ ၀တ်မှုန်ရွှေရည် နဲ့ ပတ်ထရစ်ရှာ တို့ရဲ့ အမိုက်စားဖက်ရှင်တွေ ၊ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ မင်းသမီး (၄) ယောက်စလုံး အပြိုင် သရုပ်ဆောင်ရမှာပဲ ဖြစ်ပြီး အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ပရိသတ်တွေကို Reflection ရဲ့ဇာတ်အိမ်က ဘယ်လိုမျိုးလဲ ဆိုတာကို ပဟေဠိ ဖွတ်ထားကြပါတယ်။
ဒီဇာတ်ကားမှာတော့ ၀တ်မှုန်ရွှေရည်က “ကျွန်မက စစ်တုရင်ခုံပေါ်က နယ်ရုပ် ၊ တကယ်လုပ်ရင်တော့ ဘုရင်မကိုတောင် စားလို့ရတယ် ” ဆိုတဲ့ ကိုကိုး အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
Reflection ဇာတ်ကားမှာ မင်းသမီး (၄)ယောက်စလုံးကတော့ ဖက်ရှင်အလန်းစားတွေ နဲ့ တွေ့ရမှာ ဖြစ်လို့ ဘယ်လို ဇာတ်ကားမျိုး ဖြစ်မလဲ ဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။
source : Wutt Hmone ShweYi
Post a Comment