မိန်းခလေးတွေ ငွေမက်တယ်ဆိုတာ..
~~~~~~~~~~~~
တစ်ချို့ ယောက်ျားသားတွေက ပြောကြတယ်။ မိန်းမတွေ ငွေမက်တယ် လို့။ တကယ်တော့ ငွေမက်တယ်လို့ တချက်လွတ် ပြောရင် အဲ့ဒီစကားက အကြွင်းမဲ့ မမှန်နိုင်ပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေပါ။
တကယ်က မိန်းမသားတွေ အများစု မက်မောတာ ငွေမဟုတ်ပါဘူး။ မိန်းမသား တစ်ယောက်ဟာ သူတို့ချစ်ရတဲ့ ယောက်ျားသား တစ်ယောက်ဆီက ကြင်နာ ယုယမှု၊ အားပေး နှစ်သိမ့်မှု တွေကိုသာ သူတို့ မက်မော အလိုချင်ဆုံး အရာပါ။
ဘာလို့ဆိုရင် မိန်းခလေး တစ်ယောက် ဘဝဖြစ်တည်မှု သဘာဝကိုက အားငယ်တတ်တယ်။ ဘယ်လောက်ပဲ ပြည့်စုံနေနေ အားငယ်စိတ်တွေ အမြဲ ရှိနေတတ်ကြတယ်။ ဒါကြောင့် အားပေးနှစ်သိမ့်မှုတွေ ကြင်နာယုယမှုတွေသာ သူတို့ချစ်ရတဲ့ ယောက်ျားလေး တစ်ယောက်ဆီက ရရှိနေခဲ့မယ် ဆိုရင် ငွေရှိမှ ရွှေရှိမှရယ် လို့ မဟုတ်ပါဘူး။
သူတို့ဘဝဟာ ပျော်ရွှင်ချမ်းမြေ နေသလို ခံစားရတတ်ပါတယ်။ သူတို့အတွက် ပြည့်စုံစိတ်ချမ်းသာ နေတတ်ပါတယ်။ ကြင်နာ ယုယတတ်သော ကောင်းမွန်သော ဆက်ဆံရေးတွေကိုသာ ပေးစွမ်းတတ်တဲ့ ယောက်ျားသား တစ်ယောက်ကို ဘယ်လောက်ပဲ ပင်ပမ်းပါစေ၊ ဘာတွေပဲ ပေးဆပ်ရပါစေ သူတို့ ပြန်ပေးဆပ်ဖို့ အထိ ဝန်မလေး တတ်တော့ပါဘူး။
နွေးထွေးကြင်နာ ယုယတတ်တဲ့ ယောက်ျားသား တစ်ယောက်ကို သူတို့ လုပ်ကိုင်ရှာဖွေ ကျွေးရမယ် ဆိုရင်တောင် ဝန်မလေး တတ်တော့ပါဘူး။ တကယ်တော့ မိန်းမသားတွေ လိုချင် အမက်မောဆုံး အရာဟာ သူတို့ ချစ်ရသူတွေဆီက ကြင်နာယုယမှု တွေကို ငွေထက်ပို မက်မောတာပါ။
ငွေမက်တယ် လို့ အတင်းကြပ် ဆိုချင်ရင်လည်း အဲ့ဒီငွေက ယုယကြင်နာမှုရဲ့ အနောက်နားက မွေးဖွားလာမယ့် သားသမီးတွေ အတွက်နဲ့ မိသားစု ဘဝနောင်ရေး အတွက်သာ ဖြစ်နိုင်ပါတယ်။
ချမ်းမြေ့ပျော်ရွှင်ပါစေ...။ လေးစားလျှက်...
Credit to ✏ KoKo
Post a Comment