Header Ads

နားလည်မှု


နားလည်မှု ဆိုတဲ့ စကားလုံးက အရမ်း လေးနက်လွန်းတယ် ။ ဘာလို့လဲ ဆိုတော့ နားလည်မှု ဆိုတာ ဆုံးရှုံး သွားနိုင်တဲ့ အရာ တချို့ကိုတောင် ကယ်တင်နိုင် သလို ၊ ကိုယ့်အပေါ် စိတ်မဝင်စားတဲ့ လူ ကိုတောင် ကိုယ့်ဆီ ရောက်အောင် လမ်းပြပေးနိုင်တယ်။

အချစ်ဆိုတဲ့ အရာကို နားလည်မှု မထည့်ပေးရင် အချိန်မရွေး ပြိုကျသွားစေ တတ်သလို အချစ် မပါလည်း အပြန်အလှန် နားလည်မှု ရှိရင် ခိုင်မာတဲ့ သံယောဇဉ်ကြိုးကို မွေးထုတ်ပေး နိုင်တယ် ။

လူတချို့က လူတချို့ကို နားလည်မှုနဲ့ မတန်ဘူးလို့ ပြောကြတယ် ။ ဟုတ်​ပါတယ်​ ။ ဒါပေမယ့် နားလည်မှုနဲ့ တန်သည် ဖြစ်စေ မတန်သည် ဖြစ်စေ ကိုယ့်ဘက်က နားလည်ပေးရ မှာက ကိုယ့်တာဝန်ပါ ။ တဖက်က တန်ဖိုးထားတယ် မထားဘူး ဆိုတာက သူ့ကိစ္စပါ ။

လောကမှာ ချစ်စရာ အကောင်းဆုံး လူက ရုပ်အချောဆုံးလူ မဟုတ်ပါဘူး ။ နားလည်မှု မြင့်မားတဲ့ လူသည်သာ လောကမှာ ချစ်စရာ အကောင်းဆုံးပါ ။ ဘာလို့လဲ ဆိုတော့ အကောင်းမြင် ဖြည့်တွေးပီး ခွင့်လွှတ်တတ်သူကို လူတိုင်းက ချစ်ခင် မြတ်နိုးကြတာ အမှန်တရားပါ ။

နားလည်မှု မြင့်တယ် ၊ နိမ့်တယ် ဆိုတာက အတွင်းစိတ် သဘောထားနဲ့ သက်ဆိုင်ပီး ခံစားမှု အတိမ်အနက် ၊ အတွေး အခေါ်နဲ့ ဘဝအတွေ့အကြုံတွေက အားဖြည့်ပေး ပါတယ် ။

အတ္တကြီးတဲ့ လူတိုင်းက နားလည်မှု  ပျောက်ဆုံးနေတတ် သလို ကိုယ်ချင်းစာစိတ် မရှိရင်လည်း အခြားသူဘက်က ဖြည့်တွေးပေးမှာ မဟုတ်ပါဘူး ။

လူလူချင်း ၊ ချစ်သူချင်း ၊ အိမ်ထောင်သည်ချင်း ၊ မိတ်ဆွေတွေကြားမှာ အဓိက ပေါင်းကူးတံတားလေး ကတော့ " နားလည်မှု " ပါ ။ နားလည်မှု ရှိမှ အပြန်အလှန် အပေးအယူ မျှတ လာပီး တယောက်နဲ့ တယောက် အမှားအယွင်း ရှိခဲ့ရင်တောင် ထောက်ထား ညှာတာစရာ ဖြစ်လာ ပါလိမ့်မယ် ။

တခါတလေမှာ " နားလည်မှု ဆိုတာက ငှက်တကောင် လိုပဲ တဖက်က ဘယ်လောက်ပဲ နားလည် ပေး ပေး တဖက်က အတောင် ကျိုးနေရင် လိုရာခရီး ရောက်မှာ မဟုတ်ပါဘူး "

လောကမှာ ပြတ်တောက် သွားတဲ့ သံ​ယောဇဉ်​ ကြိုးတိုင်း လိုလိုက နားလည်မှု ပြိုကွဲခြင်းကြောင့် ကျောခိုင်းသွားကြတာက များပါတယ် ။

ဒါ့ကြောင့် " နား ... လည် ... မှု " ဆိုတဲ့ စကားလုံး သုံးလုံးကို အထူး သတိထားကြပါ လို့ အကြံပြု ပါရစေနော် ။

လေးစားစွာဖြင့်
Zenith ( မကွေး )

No comments

Powered by Blogger.