Header Ads

တနလၤာ သားသမီးမ်ား ယခုတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (Aug 6 မွ Aug 12ထိ)


(For Zawgyi)

ဒီတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လုိေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တုိင္ပင္ေဆာင္ရြက္ပါ။ ယခု ရက္ပုိင္းအတြင္း ျပႆနာေတြ တစ္ခုၿပီး တစ္ခု ရွင္းေနရသလုိသူမ်ား ျပႆနာေတြနဲ႔လည္း အလုပ္ရႈပ္ ေနတတ္ပါတယ္။

ေငြကံက သင့္ေနေပမယ့္ အသုံးအစြဲ မ်ားတတ္လုိ႔ ေငြက်ပ္ ေနတတ္ပါတယ္။ ဒါေပမယ့္ ရပ္ေ၀းမိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္ တို႔၏ အကူအညီ ရတတ္ပါတယ္။ ခရီးကံ ေကာင္းေနလုိ႔ မၾကာခဏ ခရီးထြက္ရကိန္း ရွိပါတယ္။

အိမ္ေျမ စတဲ့ ယခင္က စီစဥ္ထားတဲ့ ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအ၀ယ္ ျပန္ျဖစ္ တတ္ပါတယ္။ ဒီရက္ပုိင္း ဒူးနာခါးနာ စတဲ့ ေရာဂါေတြ ျဖစ္တတ္ၿပီး က်န္းမာေရးက သင့္ပါတယ္။

ပညာသင္ေနတဲ့ သူေတြကေတာ့ ပညာေရးကေတာ့ အသင့္အတင့္ပါ။ အိမ္ေထာင္ရွင္မ်ား သတင္းေကာင္း ၾကားရကိန္း ရွိၿပီး ငယ္ရြယ္သူမ်ားကေတာ့ ဒီအခ်ိန္မွာ ေ၀းေနရင္ ျပႆနာနည္းေလမုိ႔ ေ၀းေနတာ ေကာင္းပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး သစ္ေတာ္သီးကုိ ဆြမ္းကပ္လွဴပူေဇာ္ပါ။

ျပည္ပ ထြက္ခြာလုိသူမ်ား ။ ။ သံဃာမ်ားကုိ ထီးဖိနပ္ သကၤန္း ကပ္လွဴေပးပါ။ နံနက္တုိင္း မဂၤလသုတ္ကုိ ရြတ္ဆုိေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီ၏ ေသာၾကာေထာင့္တြင္ ပန္း ၅ မ်ဳိးျဖင့္ ပ႒ာန္းကုိ ရြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေမြးေန႔တြင္ မနက္ေစာေစာ အိမ္ေရွ႕သုိ႔ ေရာက္လာသည့္ ကေလးငယ္ကုိ ေကာက္ညွင္းျပန္ေပါင္း ေကၽြးပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား ။ ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေက်ာင္းအိမ္သာ သန္႔ရွင္းေရး လုပ္ေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ခရီးသြားရင္း ကားေပၚပါ သက္ႀကီးရြယ္အုိ ေတြ႕ပါက ကားခ လွဴေပးပါ။

ထီကံ ေကာင္းလုိသူမ်ား ။ ။ ကားႏွင့္ေရာင္းေသာ ထီဆုိင္တြင္ ၆ ဂဏန္း မ်ားမ်ားပါေအာင္ ထီထုိးေပးပါ။

(For Unicode)

ဒီတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခု ရက်ပိုင်းအတွင်း ပြဿနာတွေ တစ်ခုပြီး တစ်ခု ရှင်းနေရသလိုသူများ ပြဿနာတွေနဲ့လည်း အလုပ်ရှုပ် နေတတ်ပါတယ်။

ငွေကံက သင့်နေပေမယ့် အသုံးအစွဲ များတတ်လို့ ငွေကျပ် နေတတ်ပါတယ်။ ဒါပေမယ့် ရပ်ဝေးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက် တို့၏ အကူအညီ ရတတ်ပါတယ်။ ခရီးကံ ကောင်းနေလို့ မကြာခဏ ခရီးထွက်ရကိန်း ရှိပါတယ်။

အိမ်မြေ စတဲ့ ယခင်က စီစဉ်ထားတဲ့ ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ် ပြန်ဖြစ် တတ်ပါတယ်။ ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးက သင့်ပါတယ်။

ပညာသင်နေတဲ့ သူတွေကတော့ ပညာရေးကတော့ အသင့်အတင့်ပါ။ အိမ်ထောင်ရှင်များ သတင်းကောင်း ကြားရကိန်း ရှိပြီး ငယ်ရွယ်သူများကတော့ ဒီအချိန်မှာ ဝေးနေရင် ပြဿနာနည်းလေမို့ ဝေးနေတာ ကောင်းပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ခုနှစ်ရက်လုံး သစ်တော်သီးကို ဆွမ်းကပ်လှူပူဇော်ပါ။

ပြည်ပ ထွက်ခွာလိုသူများ ။ ။ သံဃာများကို ထီးဖိနပ် သင်္ကန်း ကပ်လှူပေးပါ။ နံနက်တိုင်း မင်္ဂလသုတ်ကို ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ ဘုရားစေတီ၏ သောကြာထောင့်တွင် ပန်း ၅ မျိုးဖြင့် ပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မွေးနေ့တွင် မနက်စောစော အိမ်ရှေ့သို့ ရောက်လာသည့် ကလေးငယ်ကို ကောက်ညှင်းပြန်ပေါင်း ကျွေးပါ။

လူမှုရေး အတိုက်အခံ များသူများ ။ ။ ဘုရား၊ ကျောင်း၊ စေတီများတွင် ကျောင်းအိမ်သာ သန့်ရှင်းရေး လုပ်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ ခရီးသွားရင်း ကားပေါ်ပါ သက်ကြီးရွယ်အို တွေ့ပါက ကားခ လှူပေးပါ။

ထီကံ ကောင်းလိုသူများ ။ ။ ကားနှင့်ရောင်းသော ထီဆိုင်တွင် ၆ ဂဏန်း များများပါအောင် ထီထိုးပေးပါ။

OLM

No comments

Powered by Blogger.