Header Ads

AB သွေးလေးတွေရဲ့ အချစ်ရေး ၊ စီးပွားရေး ၊ လူမှုရေး


AB သွေးလေးတွေရဲ့ အချစ်ရေး

AB သွေးပိုင်ရှင် လေးတွေဟာ အချစ်ရေးနဲ့ ပတ်သတ်ရင် အရမ်း အချစ်ကြီးတယ် ။ နည်းနည်း အစွန်းရောက် ချင်တယ် ။ ဒါပေမဲ့ သူတို့လောက် ပြန်မချစ်ပြ ရင်နေ ၊ နည်းနည်းလေး ချစ်ပြရုံနဲ့ ကျေနပ်နေ တတ်တယ် ။ ဖြေသိပ်နိုင်တယ် ။ သစ္စာ ဖောက်ရင် သတ်ပစ်ဖို့ ဝန်မလေးဘူး ။

သူတို့က အချစ်ကို တန်ဖိုးထားတယ် ။ သူတို့ ပျော်ရွှင်ဖို့ အတွက် ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ်မပြောတတ်ကြဘူး ။ သူတို့ တကယ်ချစ်မိပြီ ဆိုလည်း သူတို့ကို အသုံးချနေမှန်း သိရက်နဲ့ ခွင့်လွတ်နေကြ ပြန်ရော ။

ကဗျာ ဆန်ဆန် တင်စားရရင် ဆရာလယ်တွင်းသား စောချစ်ရဲ့ " မျက်လုံးမှာအလွမ်း နုတ်ခမ်းမှာ မာန "  ဆိုတဲ့ ဝတ္ထုနာမည် တူကြတယ် ။ အမြဲ လွမ်းနေတတ်တယ်  ။ အဲဒီနောက်မှာ မာနက ကပ်ပါနေတယ် ။

သူတို့ကို မလိုတော့ဘူး ထင်တဲ့ တနေ့ တွယ်ကပ်နေမှာတော့ မဟုတ်ဘူး ။ သူတို့မာနကပဲ ဝမ်းနည်းလွယ်တဲ့ သဘောတရားကို ဖုံးကွယ် ထားတယ် ။ သူတို့ အချစ်က စွဲမက်ဖို့ ကောင်းသလို ကြောက်ဖို့လည်း ကောင်းတယ် ။

AB သွေးလေးတွေ ဘဝနေထိုင်မှု ပုံစံ

သူတို့တွေဟာ သဘာဝတရားကို အမြဲ လက်ခံထားတဲ့ သူတွေ ဖြစ်တဲ့အတွက် ဒေါင်ကျကျ ပြားကျကျ နေတယ် ။ ဝတ်တယ် ။ စားတယ် ။

အသစ်အဆန်းကို စိတ်မဝင်စားလို့တော့ မဟုတ်ဘူး ။ အဟောင်းလေးတွေအပေါ် သံယောဇဉ် တွယ်ပြီး မြတ်နိုးနေတဲ့ အတွက် အသစ်ပေါ်တိုင်း ဝယ်မသုံးကြဘူး ။ သူငယ်ချင်းတွေ မိသားစုဝင်တွေ အတင်းတိုက်တွန်းမှ ဝယ်ဖြစ်ကြတယ် ။

သူတို့ဟာ စုတ်တံ တဖတ် ဓားတဖတ်တွေ ဖြစ်တယ် ။ နုရွပြီဆိုလည်း သိပ်ကို အနုပညာ ဆန်ပြီး ကြမ်းတမ်းပြီးဆိုရင် ကျားနာတစ်ကောင်လို တရှူးရှူး တဒိုင်းဒိုင်းဘဲ ။

သူတို့ ပန်းချီ ဆွဲနေတာ စာရေးနေတာ ကဗျာစပ်နေတာ ပန်းအလှထိုးနေတာကို ကြည့်ပြီး စိတ်ရှည်တယ်လို့ ထင်ရပေမဲ့ တခါတခါ ဘာမဟုတ်တဲ့ အဆင်မပြေတာလေးနဲ့ စိတ်တိုနေပြန်ရော ။ ဒါပေမဲ့ အမှန်တရားကို နားလည်လွယ်သူတွေ ဖြစ်လို့ စိတ်တိုလည်း သိပ်မကြာပါဘူး ။

သူတို့ လုပ်ချင်ရင် မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်ကြဘူး ။ တဇွတ်ထိုးနိုင်တယ် ။ သူတို့ကို ဟိတ်ကြီး ဟန်ကြီးနဲ့ သွားမပြောနဲ့ လုံးဝနာခံမှာ မဟုတ်ဘူး ။ အရွဲ့ တိုက်ပြီး လုပ်ဖို့ဘဲ ရှိတယ် ။ လျှော့ပြောကြည့် ပါလား ။ ကြိုက်သလား မမေးနဲ့ ဘာပဲ လုပ်ရ လုပ်ရပဲ ။

AB သွေးလေးတွေရဲ့ လူမှုဆက်ဆံရေး

AB သွေးလေးတွေဟာ လူမှုဆက်ဆံရေးနဲ့ ပတ်သတ်ရင် ၊ သူငယ်ချင်းတွေနဲ့ ပတ်သတ်ရင် အားလုံးကို မျှတစွာ ဆက်ဆံတယ် ခွဲခြားဆက်ဆံတာမျိုး မရှိဘူး ။ အယုတ်ဆုံး ပြောရရင် ကျားမတောင် မခွဲခြား ကြဘူး ။ လူသားအားလုံး အပေါ် ကူညီတတ်တယ် ။

ဖော်ရွေပါတယ် ။ စကားပြောကောင်းပြီး လူကြီးလူကောင်း ဆန်တယ် ထင်ရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် တကယ့် ငပေါကြီး တယောက်လိုပဲ ၊ သူအကဲဆုံးပဲ ။ ဟာသ အမြဲ လုပ်တတ်တယ် ။

သူအကြောင်း မသိတဲ့ သူတွေဆို ရုပ်တည်ကြီးနေလို့ မာနကြီးတယ် ထင်ပြီး အမြင်ကတ်တယ် ။ တချို့က ပေါပေါ တောတောနေလို့ ကြည့်မရကြဘူး ။ ဒါပေမယ့် တဖတ်သား အားနည်းချက် ကိုတော့ ဟာသ မလုပ်ကြဘူး အမြဲရှောင်တယ် ။

သူတို့ကို တစ်ခါနှုတ်ဆက်ရင် ဒါမှမဟုတ် ပြုံးပြရင် သူတို့က ဆယ်ခါ နှုတ်ဆက်ဖို့ ပြုံးပြဖို့ ဝန်မလေးဘူး ။ သူတို့ကို လူရာ မသွင်းသလို ခံစားရရင် တယောက်ထဲ ဝမ်းနည်းနေရော ။

ဘယ်လောက်ပဲ သံယောဇဉ် ရှိခဲ့ရှိခဲ့ မကျေနပ်တော့ဘူး ဆိုရင် ဓာတ်လှေကား အတူ စီးနေတာတောင် မသိချင်ယောင် ဆောင်နေတတ်တယ် ။ အဲ ... အဲ့ဒီနေရာမှာ အဲဒီလူ တခုခု ဖြစ်ကြည့်ပါလား သနားပြီး ကူညီိတတ်ကြပြန်ရော ။

သူတို့ဟာ အတော်လေး နားလည်ရခတ်တယ် ။ အရမ်းအားနာ တတ်လို့ အကြွေးတွေ ဆုံးတာ များတယ် ။ ကိုယ့်ပစ္စည်းကိုတောင် ပြန်မတောင်းရက် ကြဘူး ။  အေး .... သူတို့ မသဒ္ဓါ ရင်တော့ ရေတောင် မတိုက်ချင်ဘူး ။

AB သွေးလေးတွေရဲ့ စီးပွားရေး

သူတို့လေးတွေဟာ စီးပွားရေး ပတ်သတ်ရင် အကွက်မြင်တယ် စနစ်တကျ စီမံခန့်ခွဲ နိုင်တယ် ။ သူတပါးအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်အလုပ် ကိုပဲ ပိုစိတ်ဝင်စား ကြတယ် ။

အရောင်းအဝယ်ကို ဝါသနာကြီးတယ် ။ ကိုယ့်အားကို ကိုးတယ် ဆိုတာထက် သူများအောက် မကျို့ချင်တဲ့စိတ်က ပိုအားကြီးတယ် ။ သူတို့ကစပြီး ပြိုင်ရတာကို သိပ်ဝါသနာ မပါဘူး ။

ဖြစ်သလို နေတတ်သလို အပျင်းလည်း ကြီးချင်တယ် ဒါပေမဲ့ သူတို့ကို သွားပြိုင်ရင်တော့ လုံးဝ အကြောမခံဘူး ။ အဲ့ဒါကတော့ နေရာ မရွေးဘူး ။ သူတို့ကို ခြေ တက်နင်းမိရင် ခေါင်းပြန်နင်းရမှ ကျေနပ်တယ် ။ ပြီးမှ ငါလွန်သွားသလား တွေးတယ် ။

AB သွေးလေးတွေ အကြောက်ဆုံးက

သူတို့ အကြောက်ဆုံးက ကိုယ်ကျင့်စာရိတ္တနဲ့ ပတ်သတ်ပြီး အထင်လွဲမှာ အကြောက်ဆုံးဘဲ အသက်ချင်းလည်းဖို့ ဝန်မလေးဘူး ။

ပြင်ဆင်သင့်သည့် အချက်များ

တအားကြီး တွေးပြီးမပူပါနဲ့ ။ အချိန်ကာလ အားလျှော်စွာ သူဟာနဲ့သူ အဆင်ပြေသွားမှာပါ ။

အရမ်းကြီး အားမနာပါနဲ့ ။ အကြွေးတွေ ဆုံးပေါင်း များနေပြီ ၊ အကြော ခံရပေါင်း များနေပြီ ၊ သူများက အ တယ်လို့ အထင်ခံရတဲ့ အထိပေါ့ ။

အာရုံမများပါနဲ့ ။ တစုံတခု ကိုဘဲ အရုံစိုက်ပြီး ပြီးပြတ်အောင် လုပ်ပါ ။ ဟိုမရောက် ဒီမရောက် ဖြစ်တာ ခနခနဘဲ ။

လူမူရေးနဲ့ စီးပွားရေး သက်သက်စီ ထားပါ ။ မိမိရဲ့ ခွင်လွတ်နိုင်မှု သီးခံနိုင်မှုတွေကြောင့် လူယုံအသက်ခံရတတ်တယ် ။ ဒီတခု နည်းနည်း စိတ်ချရပါတယ် မင်းတို့က ကွက်ကျော်မြင်တတ်ပြီး အကင်းပါး လို့ဘဲ ။

အရမ်းကြီး မခံစားပါနဲ့ ။ လူတိုင်းဟာ ကိုယ်လို မဟုတ်ဘူး တဖတ်လှည့်ပြီး ဖျောက်ပစ်ပါ မျက်ရည်ကျပေါင်း များနေပြီ။

ဖြစ်သလို မနေပါနဲ့ ။ ဖြစ်သလို နေရင် နောင်အခါ နေချင်သလို မဖြစ်တော့ဘူး ။

မူရင်း

No comments

Powered by Blogger.