ဆရာဧကရာဇ်မင်းရဲ့ ခုနှစ်ရက် သားသမီး ဟောစာတမ်း (05.08.2018) မှ (11.08.2018) ထိ
(05. 08. 2018) မှ (11. 08. 2018) ခုနှစ်ရက် သားသမီး ဟောစာတမ်း....
(တနင်္ဂနွေ) သားသမီးများအတွက် အဟော
ရန်သူဆန်တဲ့ အတိုက်အခံကြောင့် ဂုဏ်သိက္ခာ ကျဆင်းရတတ်သည် ။ သိက္ခာကျမည် စိုး၍ တိုက်ခိုက်လေလေ သိက္ခာကျလေ ဖြစ်တတ်၍ မတိုက်ခိုက်ပါနှင့် မိမိအလုပ် မိမိလုပ်ပါ ။ အကြံပေးချင်တာက မိမိတွေးတောပူပန်မှုကို တစ်ဖက်သား မသိစေပါနှင့် ။
ငွေကြေးနှင့် ပက်သက်လာလျှင် စာရင်းအင်း လက်မှတ်ထိုးခြင်းများ အထူးသတိထား ဆောင်ရွက်ပါ ။ သူတစ်ပါး စွပ်စွဲခံရတတ်၍ ကိုယ်ကျင့်တရားကို ဆောက်တည်ပါ ။
ငယ်ရွယ်သူများ ချစ်ကြိုက် ၊ ကွဲပြဲ ၊ ဝေးဝေး ၊ ဆွေး ဆိုတဲ့ အချစ် သံသရာ လည်နေတတ်သည် ။ ချစ်သူနှင့် ဝေးမည် ။ နီးလျှင် ပြဿနာပေါ်မည် ။
အိမ်ထောင်ရှင်များ ဂရုစိုက်မှု လွန်ကဲခြင်းက နေရထိုင်ရ ခက်ခဲခြင်းကို ဖြစ်လိမ့်မည် ။ သူအကန့် ကိုယ့်အကန့် စည်းခြားနေမည် ။
ယတြာ ။ ။ လူသွားလမ်း သဲခင်း ၊ တံမြက်လှည်းပါ။
-----------------------------
(တနလာင်္) သားသမီးများအတွက် အဟော
စိတ်ကောင်းမွေး၍ သမ္မာအာဇီဝ လုပ်ငန်းများကို လုပ်ကိုင်ပါက လက်ဖျား ငွေသီးမည် ။ ဘဝအတွက် အဓိက လိုအပ်သော အပြောင်းအလဲကြီးများ ပြုလုပ်ရတတ်သည် ။ ရဲရဲလုပ်ပါ ။
လက်တွေ့ကျသော လုပ်ငန်းများသာ အာရုံစိုက်ပြီး လုပ်ကိုင်သင့်သည် ။ မရေမရာ တွေဝေငေးမောနေခြင်းကို ဆင်ခြင်ပါ ။ သူတစ်ပါး စကားယုံ၍ လုပ်သော လုပ်ငန်းများ အကျိုးမပေးပါ ။ သူတစ်ပါးအမှု အာမခံခြင်းမပြုသင့်ပါ ။ အမှုဆင် ၊ အကွက်ဆင် ၊ နာမည်ဖျက်တတ်သည် ။
ငယ်ရွယ်သူများ မိမိ ချစ်သူကို အရင်တုန်းကထက် ပိုမိုတဲ့ သံယောဇဉ် နှောင်ကြိုးများ ငြိတွယ်နေမည် ။ ချိုသာသော စကားများနှင့် ပြည့်လျှံနေမည် ။
အိမ်ထောင်ရှင်များ ဆွေမျိုးမိတ်ဆွေ များနှင့် ပက်သက်၍ ငွေကြေးကိစ္စများ ၊ မြေယာ အိမ်ကိစ္စများ ပေါ်မည် ။ လင်မယား ကွဲနိုင်သည်အထိ ဖြစ်ပေါ်နိုင်၍ သတိထားသင့်သည် ။
ယတြာ ။ ။ သာသနိက အဆောက်အအုံ၏ လှေကား သန့်ရှင်းရေး လုပ်ပါ ။ ဆေးသုတ်ပါ ။
-----------------------------
(အင်္ဂါ) သားသမီးများအတွက် အဟော
ဂုဏ်သိက္ခာနှင့် ရင်းထားရတဲ့ ငွေကြေးလေးတွေ လက်ထဲ စုမိဆောင်းမိ ရှိနေမည် ။ အတွေးအခေါ် ဥာဏ်အမြော်အမြင် အားကောင်းနေမည် ။ အမြတ်အစွန်းရ၍ ကောင်းမှန်းသိ ၊ သာ အိတစိုစိုဖြစ်ကာ ၊ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ပိုကောင်းနေမည် ။
သွားလာရေး ခရီးသွားလုပ်ငန်း ၊ ပြည်တွင်းပြည်ပ သွားလာမှု လုပ်ငန်းများ အမှတ်မထင် လုပ်ကိုင်ရတတ်သည် ။ မှုလနေရာ ပြောင်း၍ နေရာသစ်တွင် ပိုးပြီး အကျိုးဖြစ်ထွန်းနေမည် ။
ငယ်ရွယ်သူများ ဟန်ဆောင် လိမ်ညာသော အချစ်ကို အချစ်ကို ရရှိမည် ။ အမိန့်ပေး ပူဆာတတ်သဖြင့် စိတ်ညစ်နေရမည် ။
အိမ်ထောင်ရှင်များ သားသမီးတို့၏ တာဝန်များ ၊ မိသားစုတာဝန်များကြောင့် အနားမရ ၊ အတူမအိပ်နိုင် ၊ ထမင်း လက်ဆုံမစားနိုင်ဖြစ်မည် ။
ယတြာ ။ ။ အသက်ကြီးသူ တို့အား ပျားရည်ဓာတ်စာ လှူ၍ ဆုတောင်းပါ ။
-----------------------------
(ဗုဒ္ဓဟူး) သားသမီးများအတွက် အဟော
ပေ မဟုတ်တော့ဘူး တူ ဖြစ်သွားပြီး ၊ စိတ်ကြိုက်သာ ထုပေတော့ ။ မျက်လှည့် ပြလိုက်သလို ဖျတ်ခနဲပြောင်းပြီး ဂွပ် ခနဲ့ ကောင်းစားချိန် ရောက်သွားတတ်သည် ။ အတိုက်အခံ ၊ အနှောင့်အယှက်တွေကို ကျော်လွှားနိုင်မည် ။
မိမိလုပ်ကိုင်လိုသည့် လုပ်ငန်းက တခြား လက်တွေ့ လုပ်ကိုင်နေရသည့် လုပ်ငန်းက တခြား ဖြစ်နေခြင်းမျိုးကို အတတ်နိုင်ဆုံး ရှောင်ပါ ။ တဇွတ်ထိုး လုပ်ကိုင်တတ်သော အကျင့်များကို အနည်းငယ် လျှော့လိုက်ခြင်းဖြင့် အဆင်ပြေ အောင်မြင်မှုများ ပိုမိုရရှိလာလိမ့်မည် ။
ငယ်ရွယ်သူများ အချစ်ဆိုရင် အသစ်ရှာဖို့ မစဉ်းစားပါနှင့် စဉ်းစားလျှင် နှလုံးသားတွင် နာကျင်စေလိမ့်မည်။
အိမ်ထောင်ရှင်များ မိသားစု ပျော်ရွှင်ချမ်းမြေ့နေမည် ။ ရပ်ဝေးရှိ သားသမီးများထံမှ သတင်းကောင်း ကြားရမည် ။
ယတြာ ။ ။ လူသွားလူလာ စည်ကားသောလမ်းတွင် ပံ့သကူစွန့်ပါ ။
-----------------------------
(ကြာသပတေး) သားသမီးများအတွက် အဟော
မိမိအလှည့် ရောက်ပြီး ၊ ဘာမှပူမနေနဲ့တော့ အလုပ်တွေကို အရှိန်မြင့်ပြီးတော့သာ လုပ်သွားပေတော့ ၊ မျှော်လင့်မထားတဲ့ တိုးတက်မှုတွေ ရရှိမှာ အမှန်ပါပဲ ။ စိတ်ပူပန်ရမယ့် ကိစ္စတွေလည်း သူ့အလိုလို ပြေးငြိမ်းပြီး စိတ်ရဲ့ ငြိမ်းချမ်းမှုတွေ ရရှိမည် ။
မိမိလုပ်ငန်းနှင့် ပက်သက် ဆက်နွယ်သော သင်တန်းတစ်ခု တက်ရောက် သင်ကြားခွင့် ရရှိမည် ။ မိသားစုတွင် နေရာသစ်တစ်ခု ထပ်မံတိုးတက်ခြင်းများ ပြုလုပ်ရတတ်သည် ။
ငယ်ရွယ်သူများ ချစ်လူမိုက် အဖြစ်မခံပါနှင့် ၊ မိဘများကြောင့် အချစ်ရေး အဆင်မပြေ ဖြစ်ရတတ်သည် ။
အိမ်ထောင်ရှင်များ သားသမီးကိစ္စနဲ့ ပက်သက်၍ လူကြီးများ အယူအဆ ကွဲလွဲသွားတတ်သည် ။ ငွေကုန်ကြေးကျများမည် ။
ယတြာ ။ ။ သူတစ်ပါးအား တတ်သိ နားလည်းအောင် ရှင်းပြပြီး စာအုပ်များ လှူဒါန်းပါ ။
-----------------------------
(သောကြာ) သားသမီးများအတွက် အဟော
လုပ်ငန်းများ တိုးချဲ့ရန် အရည်အချင်း ၇ှိသူများကို စုဖြစ်မည် ။ ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုရိုးအရ လုပ်ငန်း အကြံအစည်များတွင် အဖုအထစ် အနည်းငယ် တွေ့နိုင်သည် ။
ချစ်သူခင်သူ ပေါများသလို မနာလိုသူ ၊ အတိုက်အခံ ပြုလိုသူများ ရှိနေတတ်မှုကြောင့် တစ်ပါးသူအပေါ် ယုံကြည့်မှု လွန်ကဲတတ်ခြင်းများကို အထူး သတိပြုရန် လိုမည် ။ မကြာခဏ ငွေကြေး အရှုပ်အရှင်း ပြဿနာများ ပေါ်ပေါက်တတ်သည် ။ ဆီးစပ်က အောင့်သလိုလို ၊ အကြောပဲ ထုံကျဉ်နေသလိုလို ခံစားရတတ်သည် ။
ငယ်ရွယ်သူများ အချစ်ရေးမှာ အချစ်တောင်းခံ ထားသူဖြစ်ပါက ပျော်ရွှင်ရမည့် အဖြေစကားများ ကြားရနိုင်သည် ။
အိမ်ထောင်ရှင်များ ကိုယ်တိုင်နေတတ်လျှင် တစ်အိမ်လုံး စိတ်ချမ်းသာမည် ။ ကိုယ်တိုင်က အမြင်မကြည်လင်မှုများ ရှိနေမည် ။
ယတြာ ။ ။ ရွှေကို ရေစိမ်ထားပြီး ထိုရေဖြင့် အိမ်ရှိ ဘုရားကို မျက်နှာသစ်ပေးပါ ။
-----------------------------
(စနေ) သားသမီးများအတွက် အဟော
ဘဝနှင့် ယှဉ်ပြီး အပြောင်းအလဲ တစ်ခု ဖြစ်လာတတ်သည် ။ (ငရဲကလာ ပြာပူ မကြောက်) ဆိုသကဲ့သို့ မည့်သည့် ဒုက္ခမျိုးကိုမဆို ရင်ဆိုင်ဝံ့လျှင် အများနှင့်မတူတဲ့ အောင်မြင်မှုများ ရလာတတ်သည် ။ ဟိုဟိုသည်သည်တွေးပြီး ပူပန်နေမိတာမျိုးတွေကို ဖယ်လိုက်ပါ ။
ရည်ရွယ်ချက်များ အောင်မြင်ရန် ကိုယ်ကျင့်တရားကို မြှင့်တင်ပေးပါ ။ လူမှုရေး ၊ အပျော်အပါးကိစ္စများကြောင့် ရည်မှန်းချက်များ လွဲချော်တတ်သည် ။ မိမိ၏ လုပ်အားကို အသုံးချခံရတတ်သည် ။ ဥာဏ်ကို မှီ၍ ဖြေရှင်းနိုင်မည် ။
ငယ်ရွယ်သူများ အချစ်ရေးနှင့် ပညာရေး ရောထွေးယှက်နွယ်မှုများ ကြုံတွေ့ရတတ်သည် ။ အသိဥာဏ်ကို ဦးစားပေး၍ ဖြေရှင်းပေးပါ ။
အိမ်ထောင်ရှင်များ အိမ်ပြန် နောက်ကျ၍ အထင်လွဲ ရန်ဖြစ်ရတတ်သည် ။ အတွေးအခေါ် လွဲမှားနေ၍ စကားပြော ဆင်ခြင်ပါ ။
ယတြာ ။ ။ လူငယ်အများ သောက်သုံးနိုင်ရန် ရေများ လှူဒါန်းပြီး ဆုတောင်းပါ ။
-----------------------------
မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ။ မျှဝေပေးကြပါခင်ဗျာ ။
သင်တို့၏ အကျိုးကို လိုလားသော....
🔯 ဆရာဧကရာဇ်မင်း 🔯
(တဲရော့ ၊ ဗေဒ ၊ လက္ခဏာ)
Post a Comment