မိန်းခလေးတယောက် ချစ်ဖို့ကောင်းမကောင်း သိချင်ရင်
ကောင်မလေး တယောက် Original လှတာ ဟုတ် ၊ မဟုတ် သိချင်ရင် သူမရဲ့ မျက်ခုံးမွှေးကိုသာ အရင် ရှိုးပါ ။
မျက်ခုံးမွှေးကို အပြောင် ရိတ်ထားပြီး Eyeliner နဲ့ ကနုတ်ပန်း Style ခြယ်သထားတာ ၊ မှော်ကားထဲက ကဝေမ လိုလို ပြင်ထားတာ ၊ Avatar ကားထဲက မင်းသမီးလို ဒုံးတိ လုပ်ထားတာ ၊ ဓားနဲ့ ခြစ်ထားသလို စတန့် ထွင်ပုံ ဖော်ထားတာ အဲ့လိုပြု ပြင်ပြီးမှ ရတဲ့ အလှကို Or မသတ်မှတ် ပါဘူး ။
သူမ Eyebrow လေးက ရိုးရိုး ယဉ်ယဉ်လေးနဲ့ ပြေပြေ ပစ်ပစ် Cute နေမယ် ၊ မဲနက်ပြီး လခြမ်းပုံစံ ပန်းချီဆွဲထားသလို လှနေမယ် ၊ စူးရှတဲ့ အကြည့်တချက်ကို Version ထပ်မြှင့်ပေးမယ့် မျက်ခုံး နှစ်ခုကြားက အမွှေးနု ရေးရေးလေး ရှိနေမယ် ။ အဲဒီ အချက်အလက် တွေ ရှိနေပြီဆို သေချာတယ် ။ သူမ တကယ် လှလို့ပဲ ။
-----------------------------------
မိန်းခလေး တယောက် အသဲ ခဏခဏ ကွဲဖူးလား သိချင်ရင် သူမရဲ့ ဆံပင်ကို အရင် ကြည့်ပါ ။
သူမရဲ့ ဆံပင်လေးကို ကျစ်ဆံမြီးလေး ကျစ်ပြီး နေတတ်တာ ၊ ဆံပင်ရှည်လေး ကို စွဲစွဲ မြဲမြဲ ထားတတ်တာ ၊ ဘယ်သွားသွား ဆံပင်လေးကို စုစည်းထား တတ်တာ ၊ ဆံပင်ကို ဒုတိယ အသက်လို တန်ဖိုးထား တတ်တာ ၊ ဒီအချက်တွေ မြင်နေရပြီဆို သူမ အချစ်စစ်နဲ့ တွေ့နေရလို့ ( သို့မဟုတ် ) အသဲ သေချာ မကွဲဖူးသေးတဲ့ Brand New စစ်စစ် ဖြစ်နေလို့ပဲ ။
ကောင်မလေး တယောက်ဟာ သူ့ရဲ့ ဆံပင်လေးကို ဖြောင့်လိုက် ကောက်လိုက် ကဒီး ကဒီး လုပ်မယ် ၊ ကျောလယ်ထိ ကျလာရင် မထားဘူး ၊ ညှပ်မယ် Highlight ဖောက်မယ် ၊ Colour ပြန်ချိန်းမယ် တပတ် နှစ်ခါထက် ပို ခေါင်းလျှော်မယ် ဆံပင်ကေကို ပုံသေမထားဘဲ အားနေ ပြောင်းမယ် ။ စိတ်ထဲဝင် Scan ဖတ်နေစရာ မလိုဘူး ။ သူမ ရည်းစားနဲ့ ဘယ်တော့မှ မမြဲတတ်တာ သေချာပြီလေ ။
-----------------------------------
မိန်းခလေး တယောက် ချစ်စရာကောင်း ၊ မကောင်း သေချာ သိချင်ရင် သူမ အိပ်မောကျနေချိန် ဖုန်းခေါ်ကြည့်ပါ ။
အဲ့ဒီအခါ သင့်ကို အသံပြဲကြီးနဲ့ ပြန်ကော လွှတ်မယ် ၊ ဒေါသ ထွက်ပြီး ရှုးရှုး ရှားရှား အသံနဲ့ ပြန်ပြောမယ် ၊ သွားပြီ အဲ့ဒါဆို ချစ်ဖို့ မကောင်းတော့ဘူး ။
ဖုန်းကို ချက်ချင်း မကိုင်ဘဲ ခဏ ခဏ ချပစ်မယ် ၊ ကိုင်တော့လည်း ဘာမှ မပြောဘဲ အိပ်ပျော်နေမယ် ၊ ပြန်ပြောတော့လည်း အသံက မထွက် ဖြစ်နေမယ် ၊ သူမ အိပ်ချင်မူးတူးနဲ့ ပစ်ချွဲပြီး ပြောတဲ့ " Hello " ဆိုတဲ့ အသံလေးရယ် " အင်း " " ပြော " ဆိုတဲ့ အသံလေးရယ် မျက်လုံးကဖြင့် မဖွင့်ဘဲ ပြန်ဖြေနေခဲ့ပြီဆို သူမ ချစ်ဖို့ကောင်းတာ သိပ် သေချာနေပြီလေ ။ ။
SM
Post a Comment