Header Ads

True Love (အချစ်စစ်)


ကောင်လေး
" ငါတို့ လမ်းခွဲကြရအောင် "

ကောင်မလေး
" ကောင်းပြီလေ "

ကောင်လေး
" နင်နဲ့ ငါ ကျောခိုင်းပြီး ခြေလှမ်း တရာထိ ပြည့်အောင် လျှောက်ကြမယ်
နောက်ပြန် မလှည့်ကြည့် ကြေး
ပြီးရင် နင့်လမ်း နင်သွား ငါ့လမ်း ငါသွားမယ်
တကယ်လို့ နောင်ပြန်တွေ့ ဖြစ်ကြရင်လည်း သူငယ်ချင်းတွေ အဖြစ်နဲ့ပေါ့ "

ကောင်မလေး
" ကောင်းပြီလေ "

နှစ်ယောက်သား ကျောခိုင်းလိုက် ကြတယ် ။

ပြီးတော့ ကိုယ်စီ ကိုယ်စီ ရှေ့တည့်တည့်ကို ခြေလှမ်းတွေ ရေတွက်ရင်း သွားကြတယ် ။

ကောင်လေးက ခြေလှမ်း ကိုးဆယ့် ကိုးလှမ်း အရောက်မှာ ရပ်တန့် သွားတယ် ။

ပြီးတော့ သူ စက္ကန့် ပိုင်းလောက် တွေဝေ သွားတယ် ။

ရှေ့ကို ထပ် မလှမ်းသေး ဘူး ။

ခြေလှမ်း နှစ်ရာ အကွာဝေး ဆိုရင်တော့ ကောင်မလေးနဲ့သူ တော်တော်လေး ဝေးနေလောက်ပြီလို့ ထင်မိတယ် ။

ပြီးတော့မှ မနေနိုင်ပဲ နောက်ပြန်လှည့်ပြီး ကောင်မလေးကို လှည့်ကြည့် မိတယ် ။

ကောင်လေး တော်တော် အံ့သြ သွားတယ် ။

ကောင်မလေးက သူ့နောက်မှာ လက်နှစ်ဖက် နောက်ပစ်ထားပြီး ရပ်နေတယ် ။

ကောင်လေး မျက်ရည် ဝဲသွားတယ် ။

ပြီး ကောင်မလေးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး ဖက်လိုက်တယ် ။

ဖက်လို့လည်း ပြီးရော ...

ကောင်မလေး         
" ငါဘာလို့ နင့်နောက်ကို ထပ်ကြပ် မကွာ လိုက်နေတယ် ဆိုတာ နင်သိလား ? "

ကောင်လေး           
" မသိဘူး "

ကောင်မလေး         
" အေး နင် ခြေလှမ်းတရာ ပြည့်လို့မှ ငါ့ကို လှည့်မကြည့်ဘူး ဆိုရင်
နင့်ခေါင်းကို အုတ်နီခဲ နဲ့ ထုမလို့ဟေ့ "

ဆိုပြီး နောက်ကို ပြစ်ထားတဲ့ လက်ကို ရှေ့ကို ထုတ်ပြ လိုက်တယ် ။

ကောင်မလေးရဲ့ လက်ထဲမှာတော့ အုတ်ခဲကျိုး တခု ကိုင်ထားတယ် ။

ထိုစဉ် နှစ်ယောက်သား အပြုံးကိုယ်စီ ပိုက်ပြီး အချစ်စစ် တခု ဖန်တီး နိုင်လေတော့သည် ။

Kurneair Ziom ( Kz:) )

No comments

Powered by Blogger.