ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (29.7.2018 မှ 4.8.2018 ထိ)
တနင်္ဂနွေသားသမီးများ အတွက်
ကံ အသင့်အတင့် ကောင်းနေပါသည်၊ သို့သော် အလုပ်တာဝန် များပြားလာခြင်း ပူပန်ကြောင့်ကြ ရခြင်းများ တိုးပွါး လာလိမ့်မည်။ စီးပွားကံ အထိုက်အလျောက် အဆင်ပြေနေသော်လဲ ငွေကြေး မစုဆောင်းမိပဲ အသုံးအဆွဲများ ရတတ်ပါသည်။
စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်းများ၊ ပညာရေးဆိုင်ရာ လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများ ၌ စိတ်ချမ်းသာရာရလိမ့်မည်။ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက်သော ကိစ္စများတွင် စိတ်ညစ်ရ တတ်ပါသည်။ နေထိုင် မကောင်းဖြစ်လျှင် ဆရာကောင်း တွေ့ခြင်း၊ ဆေးလိုက်ခြင်းများ ဖြစ်ပါမည်။
အရေပြားရောဂါ၊ အကြော အရုံကြော အားနဲရောဂါ ဆိုလျှင်တော့ ပိုဂရုစိုက်ရမည့် ကာလဖြစ်ပါသည်။ ပညာရေး ကံ၊ ပညာရေး အခွင့်အလမ်းများ ဖြစ်ပေါ် တိုးတက်လာလိမ့်မည်။ မိတ်ကောင်း ဆွေကောင်းများလည်း တိုးပွါးလာလိမ့်ဦးမည်။
ရေနှင့် ပတ်သက်သော ကိစ္စများ၊ သားသမီးနှင့် ပတ်သက်သော ကိစ္စများတွင်တော့ အညံ့ရှိသည်၊ အစစ ဂရုပြုပါ။ ငယ်ရွယ်သူများ အချစ်ရေးတွင် စန်းပွင့် အဆင်ပြေပါမည်၊ အိမ်ထောင်ရေးတွင်လည်း အိမ်ထောင်ဖက်၏ အကျိုးကျေးဇူးကို ခံစားရကိန်း ရှိပါသည်။
သို့သော် အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲသို့ ၀င်နေသော တနင်္ဂနွေ သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ မရှိဆင်းရဲသား များကို ထန်းလျက်နှင့် အလှူငွေ စွန့်ကြဲပါ။
တနလာင်္ သားသမီးများအတွက်
အိမ်ထောင်ရေးမှအပ မိမိကံ ယခု ရက်သတ္တပတ်တွင် အထူး တိုးတက်ကောင်းမွန် လာသည်ကို တွေ့ကြုံခံစားရလိမ့်မည်။ အလုပ်အကိုင် အစီးအပွါးများ တိုးတက်ဖြစ်ထွန်းမည်။
ခရီးသွား, စကားပြန်, စက်ပြင်, ဆေးကု, ဆန်စပါး, ရေနှင့် သက်ဆိုင်သော လုပ်ငန်းများတွင်တော့ အနဲငယ် စိတ်ညစ်ရ တတ်ပါသည်။ ပညာရေး အသိပညာ အတတ်ပညာများ အသုံးချရာတွင်ဖြစ်စေ လေ့လာရာတွင် ဖြစ်စေ အဆင်ပြေ ကံကောင်းပါမည်။
မိတ်ဆွေများ၏ အကူအညီကိုတော့ ထိရောက်စွာမရပဲ ဖြစ်နေတတ်ပါသည်။ အချစ်ရေးတွင် အထူးစန်းပွင့်ကာ ပျော်ရွှင်အောင်မြင်မှု ရကိန်းရှိပါသည်။ ခင်ပွန်းဖြစ်သူ နာမကျန်းဖြစ်ခြင်း ကြုံရတတ်သည်၊ ဇနီးဖြစ်သူက စိတ်ညစ်၍ မိမိကို ပြဿနာလုပ်ခြင်း ခံရတတ်ပါသည်၊ သည်းခံ စိတ်ရှည်ပါ။
အသက် 2, 3, 10,11, 18, 19, 26, 27, 34, 35, 42, 43, 50, 51, 58, 59, 66, 67, 74, 75, 82, 83, 90, 91, 98, 99, 106, 107 နှစ်ထဲ ၀င်နေသော တနလာင်္သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ လိုအပ်သူများကို ဆေးဝါးပစ္စည်း ထောက်ပံ့ခြင်း၊ ရေဘေးကိစ္စများ ကူညီခြင်း ပြုပါ။
အင်္ဂါ သားသမီးများအတွက်
မိမိမှာ စိတ် အခန့်မသင့်စရာ လေးများ ဖြစ်ပေါ်တတ်စေကာမူ ကံကောင်း အောင်မြင်မှုများ ကြုံတွေ့ခံစား ရပေမည်။ မိတ်ဆွေတို့က သူတို့အလုပ်နှင့် သူတို့ ရှုပ်နေသဖြင့် မိမိကို ပြည့်ဝစွာ မကူညီနိုင်စေကာမူ အထိုက်အလျောက် အားပေး ကူညီနိုင်ကြလိမ့်မည်။
မိမိထံသို့ နတ်ဆိုးများ မအပ်စပ်သော ပရလောကသားများ ချဉ်းကပ် လာတတ်သည်၊ သတ္တဝါများကို မေတ္တာပို့ပါ။ အလုပ်၌ ငွေမြှပ်နေခြင်း၊ အလှူအတန်းစသော ဣဋ္ဌကိစ္စကို အကြောင်းပြု၍ ငွေကုန်ကြေးကျ များခြင်းတို့ ဖြစ်နေမည်။
အလုပ် တာဝန် စိတ်ဖိစီးလောက်အောင် များပြားလာမည်၊ သို့သော် မိမိက အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ ပညာရေးတွင် အကောင်းထဲတွင် ရပ်တည်နေသော်လဲ ပညာပြလွန်းက အရှက် ရတတ်ပါသည်။ မိမိ၏ မိဘ သားသမီး နေထိုင်မကောင်း ဖြစ်တတ်ပါသည်။
အပူအစပ်၊ လက်ဖက်၊ နို့ လျော့၍ စားသောက်သင့်ပါသည်။ မသန့်သော ရေသောက်မိရာမှ ဗိုက်နာ ဥပါဒ်ရောက်ရတတ်သည်။ အချစ်ရေးတွင် သဘောထား ကွဲလွဲမှုများ ရှိနေစေကာမူ ပျော်ရွှင်ရကိန်း ရှိပါသည်။
အိမ်ထောင်ရေးတွင် ဇနီးဖြစ်သူက သူ့အလုပ်နှင့်သူ ရှုပ်နေခြင်း၊ ဘာသာရေး စိတ်ပါဝင်စား နေခြင်းများ ကြုံရကိန်းရှိသည်၊ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိတ်ချမ်းသာရကိန်း ရှိပါသည်။
ယတြာ။ ။ လမ်းခင်း နေပူခံကျောက်ပြား အလှူငွေ ထည့်ဝင်ခြင်း၊ အဆောက်အဦး ပြုပြင်မွမ်းမံ လုပ်ငန်းများတွင် လှူခြင်း ပြုပါ
ဗုဒ္ဓဟူး သားသမီးများအတွက်
ယခုရက်သတ္တပတ်သည် မိမိကံ ညံ့သည်ဖြစ်ရာ အစစသတိထားမှ တော်ကာကျပေမည်။ လုပ်မှားကိုင်မှား ဖြစ်ခြင်း၊ ငွေကြေး ဆုံးရှုံးနစ်နာခြင်း ဖြစ်တတ်ပါသည်။ ပညာ သင်ယူရာတွင်လည်း အတော် ကြိုးစားလေ့လာ နေရပေမည်။
သို့သော် ဆရာသမားများ၏ အကူအညီကို ကောင်းစွာရရှိ၍ အခက်အခဲများ ကျော်လွှားနိုင်ပါလိမ့်မည်။ ယခုရက်သတ္တပတ်သည် သည်းခံ၍ အစစအရာရာ ဖြေရှင်း လုပ်ဆောင်ရမည့် ကာလဖြစ်ပါသည်။ သီလထိန်း ကုသိုလ်ပြု၍ နတ်မြတ်နတ်ကောင်းများကို တိုင်တည် အကူအညီ တောင်းခံပါ။
ပဲ, ပြောင်း, မြေ, ငွေချေး, ရေ ကိစ္စများ အညံ့ရှိမည်။ အချစ်ရေးတွင် မိမိထံ သူတပါးချစ်သူ ချဉ်းကပ်ခြင်း သို့မဟုတ် မိမိချစ်သူကို သူတပါး ချဉ်းကပ်ခြင်း ကြုံတွေ့ရကိန်းရှိပါသည်။
အိမ်ထောင်ရေးတွင်တော့ ကံသင့်ပါသည်။ အထူးသဖြင့် ခင်ပွန်းဖြစ်သူ နှင့် ဘာသာရေး ကျင့်ဝတ်များ လုပ်ဆောင်ခြင်းဖြင့် ပိုမို အဆင်ပြေကံပွင့်လာမည်။
အထူးသဖြင့် အသက် 5, 13, 21, 29, 37, 45, 53, 61, 69, 77, 85, 93, 101, 109 နှစ်ထဲ ၀င်နေသော ဗုဒ္ဓဟူးသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာသတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဆင်းရဲ ဒုက္ခရောက်သူများ လှူဒါန်းစွန့်ကြဲခြင်း၊ ရေဘေး ဒုက္ခသည်များကို ထောက်ပံ့ခြင်းပြုပါ။ ပိုက်ဆံတတ်နိုင်လျှင် သီလရှင်ကို ထီးလှူပါ။
ရာဟု သားသမီးများအတွက်
စိတ်မငြိမ်မသက် ဖြစ်နေတတ်ပါသည်။ ဘာသာရေး ကျင့်ဝတ် စရဏများ ပြုခြင်းဖြင့် ပိုမို ကံကောင်းလာသည်ကို တွေ့ရမည်။ ငွေကြေးအကုန်အကျများခြင်း၊ ဆုံးရှုံးနစ်နာခြင်း၊ ခိုးခံရခြင်း ဖြစ်တတ်ရာ သတိပြုပါ။
စိတ်ဖိစီးမှုများရသော်လဲ လုပ်ငန်း တိုးတက်လာလိမ့်မည်။ မိတ်ဆွေကောင်းများ တိုးပွားသလို မိတ်ဆွေများ၏ အကူအညီကိုလဲ ထိရောက်စွာ ရရှိနိုင်ပါသည်။ ပညာရေးတွင် အသိပညာ အတတ်ပညာသင်ယူရာတွင် အယူအဆနားလည်မှု မှားယွင်းတတ်ပါသည်။
အခက်အခဲ ဘေးဒုက္ခ ရင်ဆိုင်ရလျှင် သီလထိန်း ကုသိုလ်ပြု၍ နတ်မြတ်နတ်ကောင်းများကို တိုင်တည်သစ္စာပြုပါ။ အချစ်ရေးတွင် အဆင်မပြေမှုများ ဖြစ်ပေါ်တတ်ပြီး နားလည်မှုလွဲ၍ ပြတ်စဲသည်အထိ ဖြစ်သွားတတ်ပေသည်။ အိမ်ထောင်ရေးတွင် ညှိနှိုင်းနားလည်မှုယူမှ စိတ်ချမ်းသာရာရလိမ့်မည်။
အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲ ၀င်နေသော ရာဟု သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဒုက္ခိတ လူမမမာ များအား အလှူငွေ ထောက်ပံ့ပါ။ ရဟန်းသံဃာ သီလရှင်ကို နို့ဆီ လှူပါ။
ကြာသပတေး သားသမီးများအတွက်
မိမိ လုပ်ဆောင်မှုများ အောင်မြင်စေရန် စိတ်ရှည် သည်းခံကြိုးစားမှု လိုပါသည်။ သူတပါး အလုပ်တာဝန်များ ကူညီလုပ်ဆောင်ပေးနေရ တတ်ပြန်သေးသည်။ ငွေကြေး အကျိုးအမြတ်ရခြင်း ဖြစ်ပေါ်ကိန်းရှိသည်။
ပညာရေးတွင် မေ့လျော့လွယ်နေ၍ ကြိုးစားလုပ်ဆောင် နေရပါမည်။ ခရီးစဉ်ကောင်းများ ပေါ်ပေါက်လာတတ်ပ်သည်။ ဝက်သား၊ လက်ဖက် လျော့စားပါ။ မိမိ မိသားစု ပတ်ဝန်းကျင်တွင် ကုသိုလ်မင်္ဂလာ အလှူပွဲများ ပေါ်ပေါက်လာပါက မိမိမကြာမီ ကံပွင့်လာမည့် နိမိတ် ဖြစ်ပေသည်။
သားသမီး ရှိက နေမကောင်း ဖြစ်တတ်ပါသည်။ အချစ်ရေး ကိစ္စများ တိုးတက် အဆင်ပြေ ပျော်ရွှင်ရပါမည်။ အိမ်ထောင်ရေးတွင်လည်း ကံအခြေအနေမှာ အကောင်းထဲသို့ ရောက်လာလိမ့်မည်။
အသက် 1, 8, 16, 24, 32, 40, 48, 56, 64, 72, 80, 88, 96, 104, 112 နှစ်ထဲ ရောက်နေကြသော ကြာသပတေး သားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ သီလရှင်အား အချိုရည် လှူဒါန်းပါ။ ရေဘေး ဒုက္ခသည်များအား လှူဒါန်းထောက်ပံ့ပါ။
သောကြာ သားသမီးများအတွက်
အခက်အခဲ အထစ်အငေါ့ ကလေးများ ရှိနေမည်၊ ဘာသာရေး ကျင့်ဝတ်များက မိမိကို သိသာစွာ ကံပွင့်စေသည်ကို တွေ့ရမည်။ ရန်သဘောဆောင် ဗျာပါရများကြုံတွေ့ရလေလေ စီးပွား ဖြစ်ထွန်းလေလေ ဖြစ်မည်။
အလုပ်အကိုင် အစီးပွားများ တိုးတက်ပါမည်။ သားသမီးငယ်များ နေထိုင်မကောင်း ဖြစ်တတ်ပါသည်။ စက်ပစ္စည်း၊ စားသောက်ကုန်၊ ဆန် ဆီ ဆေး ဆား စသော အင်္ဂါနံ ပစ္စည်းများ အကျိုးပေးလိမ့်မည်။ ရေ, ရွှေ စသော ဗုဒ္ဓဟူးနံများကြောင့် စိတ်ညစ် ရတတ်သည်။
နတ်တင် နတ်ဆက် စသော ကိစ္စများ လုပ်လျှင်သတိထားပါ၊ အမှားအယွင်းပေါ်၍ အလုပ်အကိုင် ထိခိုက်တတ်ပါသည်။ ခရီးစဉ်ကောင်း ပေါ်တတ်သော်လဲ ခရီးဝေးသွားလျှင် မိမိကျန်းမာရေး ညံ့တတ်ပါသည်။
အချစ်ရေးတွင် စိတ်မငြိမ်စရာများ ကြုံတွေ့လာရတတ်ပါသည်၊ အိမ်ထောင်ဘက်နှင့် အတူနေလျှင် အိမ်ထောင်ဖက်ကြောင့် မိမိမှာ အဆင်ပြေ ရကိန်းရှိပါသည်။
ယတြာ။ ။ ပဋ္ဌာန်း အကျဉ်း ၆-ခါ ပူဇော်၍ သောကြာဂြိုလ်တိုင်ဘုရားတွင် ဇီးညွှန့် ၈-ခက် ပူဇော်ပါ။ ဒုက္ခသည်အား ငွေကြေးနှင့် လက်ဖက်လှူဒါန်း ထောက်ပံ့ပါ။
စနေ သားသမီးများအတွက်
ယခု ရက်သတ္တပတ်အတွင်း ခက်ခဲသော အခြေအနေများကို စိတ်ရှည်သည်းခံ ကျော်ဖြတ်ပါ။ အလုပ်အကိုင် အသစ်များ တိုးတက်ဖြစ်ထွန်းလာမည်။ သို့သော် မကုန်ကျသင့်ပဲ ကုန်ကျ မှုများ ကြုံရတတ်ပါသည်။
ကံကောင်းသည့်အချက်မှာ အသိပညာ အတတ်ပညာများ ကောင်းစွာတိုးပွား ရရှိပါလိမ့်မည်။ အချို လျော့စားပါ။ စကား, ခရီး, ရေ, ရွှေ ကိစ္စရပ်များ၌ နစ်နာခြင်း ဖြစ်တတ်ပါသည်။ ဇနီး, သားသမီး နေထိုင်မကောင်း ဖြစ်တတ်သည်။
အချစ်ရေးကို စိတ်ကုန်လာသလိုလို ခံစားရတတ်ပါသည်။ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိုးရိမ်သော ကလေးများ ရှိမည်။ သီလထိန်း၍ ကုသိုလ်တရားများ ပိုမို လုပ်ဆောင်ပါ။
အသက် 6, 14, 22, 30, 38, 46, 54, 62, 70, 78, 86, 94, 102, 110 နှစ်ထဲ ရောက်နေကြသော စနေသားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ သိမ်ကုဋီများသို့ သန့်ရှင်းရေး ပစ္စည်းများ လှူဒါန်းပါ။ ရေဘေးသင့် သူများအား ကူညီထောက်ပံ့ပါ။
ဉာဏ်စွမ်း ဝီရိယစွမ်းတို့ဖြင့် အခက်အခဲများ ကျော်လွှား အောင်မြင်ကြပါစေ
ဆရာကျော်ဆန်းလွင်
Post a Comment