Header Ads

သင် single ဖြစ်နေတာ ဒီ (5) ချက်ကြောင့်ပါ


တယောက်ထဲ သမားတွေဟာ ဖိုမ ကိစ္စတွေကို သူတို့ တတ်နိုင်သမျှ ဆန့်ကျင် ဝေဖန်လေ့ ရှိကြပါတယ် ။ သူတို့ ပြုမူပြောဆိုပုံ တွေဟာ မူမမှန်လို့ single ဖြစ်နေတာကို သူတို့လေးတွေ မသိရှာ ပါဘူး ။ သူတို့ကို ဘယ်သူမှ မကြိုက်လို့ မဟုတ်ပါဘူး ။

သူတို့ဟာ ကိုယ့်ရဲ့ အရည်အချင်းတွေကို ဘယ်လို အသုံးချ ရမယ် ၊ ကိုယ့်ပျော့ကွက် အားနည်းချက်တွေကို ဘယ်လို လက်ခံ ယုံကြည်ထားရမယ် ဆိုတာ သဘောပေါက် သွားတဲ့ အချိန်မှာ တစုံတယောက် နဲ့ ရိုမန်းတစ် ဆန်ဆန် အချစ်ရေး ဆက်ဆံမှု ရှိလာ ပါလိမ့်မယ် ။

Single ဘဝလေးက ကျွတ်ဖို့ သင်လုပ်ရမယ့် အချက်က သင့်ရဲ့ အမူအကျင့်လေးတွေကို ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ် ။

ဟုတ်ပါတယ် ။ အခုချိန်အထိ single ဖြစ်စေတဲ့ အကျင့်စရိုက်တွေ ပြောင်းလဲပစ် ရပါမယ် ။ မပြောင်းတော့ ဘာဖြစ်လဲ မေးစရာ ရှိနိုင်ပါတယ် ။

ဟုတ်ကဲ့ ။ မပြောင်းဘူး ဆိုရင် လက်တွဲဖော် ရဖို့ ဝေးနေဦးမှာပဲ ဖြစ်ပါတယ် ။

Single ဘဝကနေ ဂွင်းလုံးကျွတ်ဖို့ ဆိုရင် ဒီအချက်လေးတွေကို ပြင်ရမယ်နော် ။

1) တယောက်ထဲ သီးသန့် နေတတ်ခြင်း

တကယ်လို့ သင်ဟာ သီးသန့် နေတတ်သူ ဖြစ်ပြီး လူတွေနဲ့ ဆက်ဆံ ပြောဆိုရမှာ ဝန်လေး ပါက ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ရ ပါလိမ့်မယ် ။ အခု ချက်ချင်း အပြင် ထွက်ပြီး လူတွေနဲ့ စကားပြောဆို ဆက်ဆံလိုက်ပါ ။

2) အပြင် သိပ်မထွက်ခြင်း

အိမ်အပြင် မထွက်ဘဲ တနေကုန် အိမ်တွင်း အောင်းသူ တွေဟာ လူတွေနဲ့ ထိတွေ့ ဆက်ဆံမှု လုပ်နိုင်ခြေ ပိုနည်း ပါတယ် ။ လူသစ်တွေနဲ့ ရံဖန်ရံခါ တွေ့ဆုံမှု မရှိပါက သင်နဲ့ လိုက်ဖက်မယ့်သူ နဲ့ ဘယ်လိုလုပ် တွေ့ရမလဲ ။ ဒါ့ကြောင့် အပြင်လေး ဘာလေး ထွက်လိုက်ပါဦး ။

3) ကိုယ့်ကိုယ်ကို မချစ်တတ်ခြင်း

သင် အချစ် ခံချင်ရင် အရင်ဦးဆုံး လုပ်ရမှာ တခုက ကိုယ့်ကိုယ်ကို အရင်ချစ်ဖို့ ဆိုတာ သတိရဖို့ အရေးကြီး ပါတယ် ။

4) မက်ဆေ့ခ်ျ မပြန်ခြင်း

ကိုယ့်ရဲ့ အချိန်တွေ အလဟသ ဖြစ်တယ် ဆိုပြီး မက်ဆေ့ခ်ျ ပြန်မပို့တတ်တဲ့ အကျင့် ရှိသူတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် သင့် crush က သင့်ကို မက်ဆေ့ခ်ျ ပို့နေရင် သူနဲ့ အဆက်အသွယ် ရှိအောင် ဖန်တီးဖို့ အမြန်ဆုံး စာ ပြန်ပို့ဖို့ သင့်တာဝန် ဖြစ်ပါတယ် ။

5) ပျင်းရိခြင်း

သောက်ပျင်းကြီးခြင်းက ချစ်သူ ဖြစ်လာမယ့် အခွင့် အရေးနဲ့ ဝေးကွာ သွားစေ ပါတယ် ။ သင် လုပ်ရမှာက အဲဒီ ပျင်းရိမှု ကို ဖယ်ရှားလိုက်ပါ ။ Single ဘဝနဲ့လည်း ဝေးကွာ သွားတာ တွေ့ရပါ လိမ့်မယ် ။

Youngisthan

No comments

Powered by Blogger.