ချစ်သူက ညအချိန်မတော်ကြီး ဖုန်းဆက်တဲ့ အခါ
" ကလင် ကလင် ကလင် "
" ဟဲလို ... ဟဲလို ... ကိုကို "
" အွန်း ချစ်ရေ ပြော ....
ဒီအချိန်ကြီးထိ မအိပ်သေး ဘူးလား "
" ကိုကို ... ကိုကို "
" အွန်း "
" ကိုကို လို့ "
" ဘာလဲ ချစ်ရာ "
" ထ အုံး ကိုကိုရဲ့ "
" ဘာလုပ်မလို့လဲ အေးပါတယ် ဆို ချစ်ရာ "
" မသိဘူးကွာ ထကွာ ထ ထ
ချစ် ရှူးပေါက်သွား မလို့ ထလို့ဆို "
( ကျနော့်စိတ်ထဲ စိတ်ထဲ ထောင်းကနဲ တိုသွားတယ်.. သူ့ဖာသာ သေးပေါက်သွားမှာဗျာ.. လူကို ဖုန်းဆက် နိုးရတယ်လို့ အချိန်ကို ကြည့်တော့ ၄ နာရီ ပဲ ရှိသေးတယ် .... )
" အင် .... ချစ် ရှူးပေါက်တာနဲ့ ကိုကိုနဲ့ ဘာဆိုင်လို့လဲ ချစ်ရာ ကို့ဘာသာ သွားပါ့လား "
" ချစ်က မသွားရဲလို့ ကိုကို့ကို လှမ်းနိုးတာ "
" ငင့် အကျ ကိုကိုက ဘာလုပ်ပေးရ မှာလဲ
ဘာလဲ ကိုကိုက ဖုန်းထဲကနေ ချစ်ကို ရှူးတည် ပေးရမှာလား "
" အာ ..... ကိုကိုနော် မညစ်ပတ်နဲ့
ချစ်ကြောက်လို့မှ ကိုကို့ကို အားကိုးပြီး လှမ်းနိုးပါတယ် ဆိုမှ "
" အွန်းလေ အဲ့တော့ ကိုကို က ဖုန်းထဲကနေ ဘာလုပ်ပေးလို့ ရမှာလဲ "
" ကိုကိုက ချစ်မကြောက်အောင် ဖုန်းပြောပေးပေါ့ "
( ငိ သောက်ဆန်းကြီးပါလား ကိုယ်နဲ့ ဖုန်းပြောနေတာနဲ့ပဲ သူက မကြောက်တော့ဘူးတဲ့ )
" ကိုကိုက ဘယ်လို ပြောပေးရမှာလဲ ချစ်မကြောက်အောင် "
" ဘယ်လိုမှ ပြောစရာ မလိုပါဘူး
ကိုကို ပုံမှန်အတိုင်းပဲ ပြောပေးရင် ရပြီ "
" အဲ့လို ပြောပေးရင် ချစ်က မကြောက်တော့ ဘူးလား "
" အွန်း မကြောက်တော့ဘူး
ကိုကို့ အသံလေး ကြားရရင် ဘေးမှာ ကိုကို ရှိနေသလိုပဲ ခံစားရတယ် မကြောက်ဖူး "
" ဟုတ်ပါပြီဗျာ ဒါဆိုလည်း ပြောပေးပါ့မယ် "
အဲ့ဒီလိုပါပဲ...
မိန်းခလေးဆိုတာ ကိုယ့်ချစ်သူ ယောက်ကျားလေးပေါ် ယုံကြည် အားကိုးတတ်ကြ တာပါ ။ ကိုယ်က ဘေးမှာ မရှိရင်တောင် အသံလေးနဲ့ အားဖြည့်နိုင်တဲ့ သူတွေမို့ မိန်းခလေးတွေကို ဂရုစိုက် ပေးပါ ။
အထူးသဖြင့် အချိန်မတော်ကြီး ဖုန်းခေါ်ရင် ကိုင်ပေးကြပါ.. ကို့အတွက် ဘာမှ မဟုတ်တောင် သူတို့ဘက်မှာ အသံလေး ကြားယုံနဲ့ အားရှိသွားတတ်ကြ လို့ပါ
😍😍😍
Credit
Post a Comment