Header Ads

တနလၤာ သားသမီးမ်ား ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (July 30 မွ Aug 5 ထိ)


(For Zawgyi)

ဒီရက္ပုိင္း အတြင္း အၿပိဳင္အဆုိင္ေတြ မ်ားလုိ႔ ၊အခက္အခဲေတြ မ်ားလုိ႔ သင္စိတ္ ရႈပ္ခဲ့ရတဲ့ ကာလေတြၿပီး ဆုံးတဲ့ ကာလေရာက္ပါၿပီ။ ဆုံးၿပီလုိ႔ ထင္တဲ့ ေငြနဲ႔ ပစၥည္းေဟာင္းေတြ ျပန္ရတတ္ ပါတယ္။

ယခု တစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ ပညာေရး ေအာင္ျမင္လုိေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တုိင္ပင္ ေဆာင္ရြက္သင့္ ပါတယ္။ အေ၀းေရာက္ သူမ်ား၊ ျပည္ပႏွင့္ ပတ္သက္တဲ့ သူမ်ားဆီကေန ၀မ္းသာစရာမ်ား ႀကံဳရတတ္ပါ သည္။

လုပ္ငန္း အတြက္ လမ္းစသစ္၊ အလုပ္အကုိင္ အတြက္ အခြင့္အေရး သစ္မ်ား ေပၚေပါက္လာ တတ္ပါသည္။ ေငြရႊင္ ေနတတ္ေပမယ့္ လုပ္ငန္းထဲေငြျပန္ ၀င္ေနတတ္တဲ့ ကာလမုိ႔ ရင္းႏီွးျမဳပ္ႏွံသူေတြ သတိထားရင္းႏွီးသင့္ပါတယ္။

စပ္တူ လုပ္သူေတြ၊ လူမ်ဳိးျခားနဲ႔ လုပ္ကုိင္သူေတြ ဒီကာလမွာ သတိထားသင့္ သလုိ လုပ္ငန္းထဲမွာ လူရင္းတပည့္ ရင္းေတြက သင့္အခက္ေတြ ႔ေအာင္ လုပ္ကိန္းရွိေနပါတယ္။

ပညာေရးကိစၥမွာလည္း ဒီရက္ပုိင္းမွာ ခက္ခဲေန တတ္ပါတယ္။ ေမွ်ာ္မွန္းထားသလုိ မျဖစ္ဘဲ ေနတတ္ပါတယ္။ က်န္းမာေရး ကေတာ့ ၀မ္း၊ ဦးေခါင္း စတဲ့ ေရာဂါျဖစ္ တတ္ပါတယ္။

အိမ္ေထာင္သည္ေတြ စကား အေခ်အတင္ မ်ားကိန္းရွိသလုိ ခ်စ္သူေတြအတြက္ ေဘးစကားေၾကာင့္ စိတ္၀မ္းကြဲစရာေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား စေနနံ ပန္းမ်ား လွဴကာ ဒိ၀ါတပတိဂါထာကုိ နံနက္ ၉ နာရီမထုိးမီ ၉ ေခါက္တိတိ ယုံယုံၾကည္ၾကည္ ရြတ္ဆုိ ပူေဇာ္ပါ။ အက်ဳိးထူး ပါမည္။

ျပည္ပ ထြက္ခြာ လုိသူမ်ား။ ။ သင့္အိမ္ႏွင့္ အနီးဆုံး ေစတီရွိ စေနေထာင့္အရပ္ တြင္ အဓိ႒ာန္ျဖင့္ ပုတီးစိပ္ၿပီး ပန္းလွဴကာ ဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား။ ။ ေလွ်ာက္ထားသည့္ အလုပ္ နာမည္အား ေခါင္းအုံးေအာက္ ထား အိပ္ပါ။

အိမ္ေထာင္ေရး ၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္တြင္ အိမ္ေထာက္ဘက္ (သုိ႔မဟုတ္) ရည္ရြယ္သူႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကုိ ပန္းအုိး တစ္အုိးျဖင့္ သက္သက္ထုိးကာ ဘုရားပူေဇာ္ပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား။ ။ဘုရားအား ေရသပၸါယ္ျခင္း ၊ေစတီရင္ျပင္ မ်ားတြင္ အမႈိက္ေကာက္ျခင္းမ်ားအား ယခု တစ္ပတ္အတြင္း ျပဳလုပ္ေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ား ရွင္းေပးျခင္း ျပဳလုပ္ ေပးပါ။

ထီ ကံေကာင္းလုိသူမ်ား။  ။ စေနနံ ထီဆုိင္တြင္ ၃/ ၈ ဂဏန္း မ်ားမ်ားပါေသာ ထီကုိ ထုိးပါ။ 

(For Unicode )

ဒီရက်ပိုင်း အတွင်း အပြိုင်အဆိုင်တွေ များလို့ ၊အခက်အခဲတွေ များလို့ သင်စိတ် ရှုပ်ခဲ့ရတဲ့ ကာလတွေပြီး ဆုံးတဲ့ ကာလရောက်ပါပြီ။ ဆုံးပြီလို့ ထင်တဲ့ ငွေနဲ့ ပစ္စည်းဟောင်းတွေ ပြန်ရတတ် ပါတယ်။

ယခု တစ်ပတ် လူမှုရေး ၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင် ဆောင်ရွက်သင့် ပါတယ်။ အဝေးရောက် သူများ၊ ပြည်ပနှင့် ပတ်သက်တဲ့ သူများဆီကနေ ဝမ်းသာစရာများ ကြုံရတတ်ပါ သည်။

လုပ်ငန်း အတွက် လမ်းစသစ်၊ အလုပ်အကိုင် အတွက် အခွင့်အရေး သစ်များ ပေါ်ပေါက်လာ တတ်ပါသည်။ ငွေရွှင် နေတတ်ပေမယ့် လုပ်ငန်းထဲငွေပြန် ဝင်နေတတ်တဲ့ ကာလမို့ ရင်းနှီးမြုပ်နှံသူတွေ သတိထားရင်းနှီးသင့်ပါတယ်။

စပ်တူ လုပ်သူတွေ၊ လူမျိုးခြားနဲ့ လုပ်ကိုင်သူတွေ ဒီကာလမှာ သတိထားသင့် သလို လုပ်ငန်းထဲမှာ လူရင်းတပည့် ရင်းတွေက သင့်အခက်တွေ့အောင် လုပ်ကိန်းရှိနေပါတယ်။

ပညာရေးကိစ္စမှာလည်း ဒီရက်ပိုင်းမှာ ခက်ခဲနေ တတ်ပါတယ်။ မျှော်မှန်းထားသလို မဖြစ်ဘဲ နေတတ်ပါတယ်။ ကျန်းမာရေး ကတော့ ဝမ်း၊ ဦးခေါင်း စတဲ့ ရောဂါဖြစ် တတ်ပါတယ်။

အိမ်ထောင်သည်တွေ စကား အချေအတင် များကိန်းရှိသလို ချစ်သူတွေအတွက် ဘေးစကားကြောင့် စိတ်ဝမ်းကွဲစရာတွေ ဖြစ်တတ်ပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား စနေနံ ပန်းများ လှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိ ယုံယုံကြည်ကြည် ရွတ်ဆို ပူဇော်ပါ။ အကျိုးထူး ပါမည်။

ပြည်ပ ထွက်ခွာ လိုသူများ။ ။ သင့်အိမ်နှင့် အနီးဆုံး စေတီရှိ စနေထောင့်အရပ် တွင် အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ပြီး ပန်းလှူကာ ဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။ လျှောက်ထားသည့် အလုပ် နာမည်အား ခေါင်းအုံးအောက် ထား အိပ်ပါ။

အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်တွင် အိမ်ထောက်ဘက် (သို့မဟုတ်) ရည်ရွယ်သူနှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုး တစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေး အတိုက်အခံ များသူများ။ ။ဘုရားအား ရေသပ္ပါယ်ခြင်း ၊စေတီရင်ပြင် များတွင် အမှိုက်ကောက်ခြင်းများအား ယခု တစ်ပတ်အတွင်း ပြုလုပ်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များ ရှင်းပေးခြင်း ပြုလုပ် ပေးပါ။

ထီ ကံကောင်းလိုသူများ။  ။ စနေနံ ထီဆိုင်တွင် ၃/ ၈ ဂဏန်း များများပါသော ထီကို ထိုးပါ။

OpinionLeadersMedia

No comments

Powered by Blogger.