Header Ads

ဖေ့ဘုတ်မှချစ်သူ စွန့်ပစ်ခဲ့၍ ကျုံးတွင်းသို့ ခုန်ချရန် ကြံစည်ခဲ့သည့် မိန်းကလေး


၂၉ . ၇ . ၂၀၁၈ ရက်နေ့ ည ၉း ၅၈ အချိန်က မန္တလေး အောင်မြေသာစံမြို့နယ် ၆၆ လမ်း နန်းရှေ့ ကျုံးဘေး အိုးအိမ်ရှေ့တွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျုံးဘေး သံပန်းများကို ကျော်တက်၍ ကျုံးတွင်းသို့ ခုန်ချရန်အပြု လှဲ့ကင်း လင်းယုန် ရဲတပ်ဖွဲ့မှ တွေ့ရှိကာ အချိန်မှီ တားမြစ်နိုင်ခဲ့ပါသည်။


ကျွန်တော်တို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အဖွဲ့အား အကြောင်းကြား လာသဖြင့် ချက်ချင်း သွားရောက် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ၄င်းအမျိုးသမီးမှာ fb မှ သူ့ချစ်သူရှိရာ မန္တလေးသို့ လာခဲ့ကြောင်း အခု သူမအား ချိန်းဆိုကာ ဘုရားဖူးပြီး ထားခဲ့ကြောင်း...



သူမ၏ နေရပ်လိပ်စာများအား မေးမြန်းခဲ့ရာ ရန်ကုန် ၂၁ ရပ်ကွက် ဇေယသိဒ္ဓိလမ်းတွင် နေထိုင်ကြောင်း ပြောကြားသဖြင့် အသင်းသားများထံမှ ငွေစု၍ ယခုည ထွက်မည့် ၁၂း၃၀ မြမန္တလာထွန်း ကားလက်မှတ် ၁၃၀၀၀ ဖြင့် လက်မှတ်ဖြတ်ပေးကာ မုန့်ဘိုး အနည်းငယ်ပေး၍ ကားဖြင့် တင်ပေးခဲ့ပါသည်။ မိန်းကလေးများ ယခုလို online ပေါ်မှာ ကိစ္စကို အယုံမလွယ်ပဲ အသိဥာဏ်ဖြင့် ဆင်ခြင်ကြရန် တိုက်တွန်းလိုက်ရပါသည်။

TheinTunAung-Rescue

No comments

Powered by Blogger.