Header Ads

ၾကာသပေတး သားသမီးမ်ား ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (July 26 မွ Aug 1 ထိ)


(For Zawgyi)

ဒီတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရး ေအာင္ျမင္လုိေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တုိင္ပင္ ေဆာင္ရြက္ပါ။ ယခု ရက္ပုိင္းအတြင္း အလုပ္အကုိင္ေတြ တုိးခ်ဲ႕ႏုိင္ေလာက္ေအာင္ အဘက္ဘက္ကကံေတြ ပြင့္လန္းေနတတ္ပါတယ္

ေငြကံေကာင္း ေနတတ္သလုိ ရပ္ေ၀းက ေဆာင္မကူညီ သူေတြလည္း ေပၚလာတတ္ပါ တယ္။ ဒါေပမယ့္ ကုိယ္ရဲ႕ေအာင္ျမင္မႈကုိ မလုိလားသူေတြရဲ႕ အပုပ္ခ်မႈ၊ မိတ္ရင္း ေဆြရင္း ဆရာရင္းေတြရဲ႕ အထင္ အျမင္လြဲမႈေတြ ရွိတတ္ပါတယ္။

မိသားစုအတြင္း အလွဴအတန္း လုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။ စပ္တူရွယ္ယာ အလုပ္မ်ား အက်ဳိးမေပး ေသးပါဘူး။ ေခတၱဆုိင္းငံ ထားပါဦး။ ျပည္တြင္းျပည္ပ ခရီးေတြ အဆင္မေျပ ျဖစ္တတ္ပါ တယ္။

ဒီရက္ပုိင္း ၀မ္း ၊ဆီး၊ အာရုံေၾကာ ေရာဂါေတြ ျဖစ္တတ္လုိ႔ ဂရုစုိက္ သင့္ပါတယ္။ ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲေျဖဆုိထားသူမ်ားရည္မွန္းခ်က္ ျပည္စုံပါမယ္။

အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာနဲ႕ ငယ္ရြယ္သူမ်ား အထင္လြဲစကားမ်ားစရာ ႀကဳံရပါလိမ့္မယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။နံနက္ေနမထြက္မီ ေနထြက္ရာဘက္ ဦးတည္ကာ ဒိ၀ါတပတိ ဂါထာကုိ ကုိးေခါက္တိတိ ယုံယုံ ၾကည္ၾကည္ ယခုတစ္ပတ္ လုံး ရြတ္ဆုိပါ။

ျပည္ပထြက္ခြာ လုိသူမ်ား။ ။ ရပ္ထဲရြာထဲ နံနက္ေစာေစာ ေစ်းေရာင္း(သုိ႔မဟုတ္) လမ္းေလွ်ာက္တတ္သည့္ သက္ႀကီးရြယ္အုိမ်ားကုိ ဖိနပ္လွဴေပးပါ။

အလုပ္ ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား။ ။ ေရႊတိဂုံဘုရား ေအာင္ေျမတြင္ ေအာင္သေျပ ၉ ညႊန္ ကပ္လွဴကာ အဓိ႒ာန္ျပဳ၍ လုိရာဆုေတာင္းပါ။

အိမ္ေထာင္ေရး ၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္းမ်ား ရွိပါက လႊင့္ပစ္ပါ။ ခ်စ္သူႏွင့္ ေတြ႔ရန္ သြားသည့္ အခါတုိင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား။ ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္ရြတ္ဆုိ၍ သန္႔ရွင္းေရး လုပ္ၿပီးေနာက္ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ နံနက္ ေစာေစာထကာ အိမ္ေရွ႕လမ္းကုိ သန္႔ရွင္းေရးလုပ္ ကာ ခုိ၊ စာကေလးမ်ားအား ယခု တစ္ပတ္လုံး အစာေကၽြးပါ။

ထီကံေကာင္း လုိသူမ်ား။ ။ တနလၤာနံ နာမည္ျဖင့္ စေသာ ထီဆုိင္တြင္ ၂/၅ ဂဏန္း မ်ားမ်ားပါသည့္ ထီလက္မွတ္ကုိ ေရြးထုိးပါ။

(For Unicode)

ဒီတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင် ဆောင်ရွက်ပါ။ ယခု ရက်ပိုင်းအတွင်း အလုပ်အကိုင်တွေ တိုးချဲ့နိုင်လောက်အောင် အဘက်ဘက်ကကံတွေ ပွင့်လန်းနေတတ်ပါတယ်

ငွေကံကောင်း နေတတ်သလို ရပ်ဝေးက ဆောင်မကူညီ သူတွေလည်း ပေါ်လာတတ်ပါ တယ်။ ဒါပေမယ့် ကိုယ်ရဲ့အောင်မြင်မှုကို မလိုလားသူတွေရဲ့ အပုပ်ချမှု၊ မိတ်ရင်း ဆွေရင်း ဆရာရင်းတွေရဲ့ အထင် အမြင်လွဲမှုတွေ ရှိတတ်ပါတယ်။

မိသားစုအတွင်း အလှူအတန်း လုပ်ရတာတွေ ကြုံရတတ်ပါတယ်။ စပ်တူရှယ်ယာ အလုပ်များ အကျိုးမပေး သေးပါဘူး။ ခေတ္တဆိုင်းငံ ထားပါဦး။ ပြည်တွင်းပြည်ပ ခရီးတွေ အဆင်မပြေ ဖြစ်တတ်ပါ တယ်။

ဒီရက်ပိုင်း ဝမ်း ၊ဆီး၊ အာရုံကြော ရောဂါတွေ ဖြစ်တတ်လို့ ဂရုစိုက် သင့်ပါတယ်။ ပညာသင်ရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည်စုံပါမယ်။

အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာနဲ့ ငယ်ရွယ်သူများ အထင်လွဲစကားများစရာ ကြုံရပါလိမ့်မယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။နံနက်နေမထွက်မီ နေထွက်ရာဘက် ဦးတည်ကာ ဒိဝါတပတိ ဂါထာကို ကိုးခေါက်တိတိ ယုံယုံ ကြည်ကြည် ယခုတစ်ပတ် လုံး ရွတ်ဆိုပါ။

ပြည်ပထွက်ခွာ လိုသူများ။ ။ ရပ်ထဲရွာထဲ နံနက်စောစော ဈေးရောင်း(သို့မဟုတ်) လမ်းလျှောက်တတ်သည့် သက်ကြီးရွယ်အိုများကို ဖိနပ်လှူပေးပါ။

အလုပ် ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။ ရွှေတိဂုံဘုရား အောင်မြေတွင် အောင်သပြေ ၉ ညွှန် ကပ်လှူကာ အဓိဋ္ဌာန်ပြု၍ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်တွင် ကြည့်မှန် အဟောင်းများ ရှိပါက လွှင့်ပစ်ပါ။ ချစ်သူနှင့် တွေ့ရန် သွားသည့် အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေး အတိုက်အခံ များသူများ။ ။စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေး လုပ်ပြီးနောက် ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ နံနက် စောစောထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းရေးလုပ် ကာ ခို၊ စာကလေးများအား ယခု တစ်ပတ်လုံး အစာကျွေးပါ။

ထီကံကောင်း လိုသူများ။ ။ တနင်္လာနံ နာမည်ဖြင့် စသော ထီဆိုင်တွင် ၂/၅ ဂဏန်း များများပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။

OpinionLeadersMedia

No comments

Powered by Blogger.