အဂၤါ သားသမီးမ်ား ဒီတပတ္ ေဆာင္ရန္ ေရွာင္ရန္ (July 24 မွ 30 ထိ)
(For Zawgyi)
သင့္အတြက္ ဒီအပတ္ကေတာ့ အဖက္ဖက္က အခြင့္အလမ္းေကာင္း ရွိေနတဲ့အတြက္ အခြင့္အေရးကို မိမိရရ ဆုပ္ကိုင္ရမွာ ျဖစ္ပါတယ္။ ေငြ၀င္ေကာင္းေနသလုိ ေရႊမရွား ေငြမရွားဆုိတာ ယခုအခ်ိန္ ကာလပါ။
ကံက ကိုယ့္ဘက္မွာ ရွိေနတဲ့အတြက္ သင္စိတ္ထဲ လုပ္ခ်င္ေနတဲ့ လုပ္ငန္း တိုးခ်ဲ႕တာေတြ၊ ဆုိင္သစ္၊ လုပ္ငန္းသစ္ လုပ္ခ်င္တာေတြ စလုပ္သင့္တဲ့ အခ်ိန္အခါပါ။
အႏုပညာသမားေတြ၊ စက္မႈပညာရွင္ေတြ လုပ္ငန္းေကာင္းမယ့္ ကာလျဖစ္ၿပီး စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အေမြ၊ အိမ္၊ ၿခံေျမ စတဲ့ အလုပ္ေတြကေတာ့ သတိထား လုပ္သင့္ပါတယ္။
ဒီတပတ္ အတြင္း ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆံုးပါဘဲ။ စပ္တူ ကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။ တိုးတက္ ေအာင္ျမင္မႈနဲ႔အတူ သူတပါးက ကိုယ့္အေပၚ မနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။
ခရီးထြက္ဖို႔ ကိစၥေတြကေတာ့ ဒီတစ္ပတ္အတြင္း ေအာင္ျမင္ဖို႔ နည္းပါတယ္။ အလုပ္ထဲမွာ အတိုက္အခံ ေပၚေနေပမယ့္ လက္ေအာက္ငယ္သားေၾကာင့္ ဂုဏ္တက္ပါမယ္။ အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးေပၚရင္ မျငင္းပါနဲ႔။
က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းဘက္ပါ။ အိမ္ေထာင္ရွင္မ်ား စကားမ်ား စိတ္ဝမ္းကြဲ တတ္ေပမယ့္ ခ်စ္သူေတြအတြက္ သတင္းေကာင္း ၾကားရတတ္တဲ့ အခ်ိန္ အခါပါ။
ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခု ရက္သတၱပတ္လုံး မာလကာသီး၊ ပန္းသီးတို႔ျဖင့္ ကပ္လွဴပူေဇာ္ပါ။
ျပည္ပ ထြက္ခြာလိုသူမ်ား ။ ။ မိမိသြားလိုသည့္ အရပ္သို႔ စိတ္ကေမတၱာပို႔ကာ နံနက္ဖက္တြင္ က်ီး၊ စာကေလး စသည့္ သတၱဝါမ်ားကို အစာေကြၽးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားတြင္ ႀကံပန္းခိုင္ ကပ္လွဴၿပီး ဓမၼစၾကာ ရြတ္ဖတ္ပူေဇာ္ပါ။
အိမ္ေထာင္ေရး၊ ႏွလံုးသားေရး အဆင္မေျပသူမ်ား ။ ။ အလွျပင္ပစၥည္း အေဟာင္းစုတ္မ်ား၊ အဂၤါနံ ပစၥည္း အေဟာင္းမ်ား ရွိေနပါက ေနအိမ္ၿခံ၀င္း ျပင္ပေရာက္ေအာင္ လႊင့္ပစ္ေပးပါ။
လူမႈေရး အတိုက္အခံ မ်ားသူမ်ား ။ ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံ ဘုရားမ်ားကို ေရသပၸါယ္ပါ။ ပန္းအိုးမွ ပန္းေျခာက္မ်ား သန္႔ရွင္းေပးပါ။
က်န္းမာေရး မေကာင္းသူမ်ား ။ ။ ဘုရားေစတီသို႔ သြားကာ တံခြန္ကုကၠား လွဴဒါန္းေပးပါ။
ထီကံေကာင္း လိုသူမ်ား ။ ။ ၾကာသပေတး နာမည္ပါ ထီဆိုင္တြင္ ၃/ ၅/ ဂဏန္းမ်ား ပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။
(For Unicode)
သင့်အတွက် ဒီအပတ်ကတော့ အဖက်ဖက်က အခွင့်အလမ်းကောင်း ရှိနေတဲ့အတွက် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ငွေဝင်ကောင်းနေသလို ရွှေမရှား ငွေမရှားဆိုတာ ယခုအချိန် ကာလပါ။
ကံက ကိုယ့်ဘက်မှာ ရှိနေတဲ့အတွက် သင်စိတ်ထဲ လုပ်ချင်နေတဲ့ လုပ်ငန်း တိုးချဲ့တာတွေ၊ ဆိုင်သစ်၊ လုပ်ငန်းသစ် လုပ်ချင်တာတွေ စလုပ်သင့်တဲ့ အချိန်အခါပါ။
အနုပညာသမားတွေ၊ စက်မှုပညာရှင်တွေ လုပ်ငန်းကောင်းမယ့် ကာလဖြစ်ပြီး စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အမွေ၊ အိမ်၊ ခြံမြေ စတဲ့ အလုပ်တွေကတော့ သတိထား လုပ်သင့်ပါတယ်။
ဒီတပတ် အတွင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ စပ်တူ ကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။ တိုးတက် အောင်မြင်မှုနဲ့အတူ သူတပါးက ကိုယ့်အပေါ် မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်ပါတယ်။
ခရီးထွက်ဖို့ ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့ နည်းပါတယ်။ အလုပ်ထဲမှာ အတိုက်အခံ ပေါ်နေပေမယ့် လက်အောက်ငယ်သားကြောင့် ဂုဏ်တက်ပါမယ်။ အလုပ်နဲ့ ပတ်သက်ပြီး ခရီးပေါ်ရင် မငြင်းပါနဲ့။
ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ပညာရေးကတော့ အကောင်းဘက်ပါ။ အိမ်ထောင်ရှင်များ စကားများ စိတ်ဝမ်းကွဲ တတ်ပေမယ့် ချစ်သူတွေအတွက် သတင်းကောင်း ကြားရတတ်တဲ့ အချိန် အခါပါ။
ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခု ရက်သတ္တပတ်လုံး မာလကာသီး၊ ပန်းသီးတို့ဖြင့် ကပ်လှူပူဇော်ပါ။
ပြည်ပ ထွက်ခွာလိုသူများ ။ ။ မိမိသွားလိုသည့် အရပ်သို့ စိတ်ကမေတ္တာပို့ကာ နံနက်ဖက်တွင် ကျီး၊ စာကလေး စသည့် သတ္တဝါများကို အစာကျွေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားတွင် ကြံပန်းခိုင် ကပ်လှူပြီး ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အလှပြင်ပစ္စည်း အဟောင်းစုတ်များ၊ အင်္ဂါနံ ပစ္စည်း အဟောင်းများ ရှိနေပါက နေအိမ်ခြံဝင်း ပြင်ပရောက်အောင် လွှင့်ပစ်ပေးပါ။
လူမှုရေး အတိုက်အခံ များသူများ ။ ။ ဘုရားစေတီများတွင် ဂြိုလ်နံ ဘုရားများကို ရေသပ္ပါယ်ပါ။ ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါ။
ကျန်းမာရေး မကောင်းသူများ ။ ။ ဘုရားစေတီသို့ သွားကာ တံခွန်ကုက္ကား လှူဒါန်းပေးပါ။
ထီကံကောင်း လိုသူများ ။ ။ ကြာသပတေး နာမည်ပါ ထီဆိုင်တွင် ၃/ ၅/ ဂဏန်းများ ပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။
OpinionLeadersMedia
Post a Comment