Header Ads

တနလၤာ သားသမီးမ်ားအတြက္ ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္ (ဲJuly 23 မွ 29 ထိ)


(For Zawgyi)

ဒီရက္ပိုင္း အတြင္း ဗုဒၵဟူး သားသမီးေတြက သင့္ရဲ႕ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ တုိင္ပင္သင့္တဲ့ သူေတြပါ။ ယခုရက္ပိုင္း ေနအိမ္တြင္း စက္ပစၥည္းေတြ ပ်က္တတ္၊ ပ်က္စီးတာေတြ ျဖစ္တတ္သလုိ အဖိုးတန္ စက္ပစၥည္းေတြ၊ ပရိေဘာဂ ပစၥည္းေတြလည္း ဝင္တတ္ပါတယ္။

ယခုကာလမွာ မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခား၊ လူမ်ိဳးျခား အဆက္အသြယ္ အကူအညီေကာင္းေတြ ရတတ္ပါတယ္။ ဒီကာလမွာ အေဆာက္အဦး ေရာင္း၀ယ္ ေဆာက္လုပ္တဲ့သူေတြ၊ ဆန္နဲ႔ လယ္ယာ ထြက္ကုန္ လုပ္ကုိင္သူေတြ၊ ဆိုင္သစ္၊ အိမ္သစ္၊ အလုပ္အကိုင္အသစ္ ကိစၥေတြ ေအာင္ျမင္တတ္ပါတယ္။

စပ္တူ ကိစၥေတြ၊ စာခ်ဳပ္စာတမ္း ကိစၥေတြ၊ အေမြကိစၥ ႀကဳံေနရတဲ့သူေတြ ေအာင္ျမင္တတ္တဲ့ အခ်ိန္ကာလပါ။ ခရီးထြက္ဖုိ႔ ကံ သိပ္မပါတဲ့အတြက္ ဒီကာလမွာ ခရီးထြက္ဖုိ႔ စီစဥ္ထားရင္ လြဲေခ်ာ္တတ္ပါတယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္မွာ ရွိေပမယ့္ ေဆးထုိးမွားကိန္း ရွိလို႔ ဆရာဝန္ မညႊန္ဘဲ ကိုယ္သေဘာနဲ႔ကိုယ္ ဘာေဆးမွ မေသာက္ပါနဲ႔။

ပညာသင္ေနတဲ့ သူေတြ ပညာေရးကေတာ့ အသင့္အတင့္ပါ။ လုပ္ငန္းခြင္စာေမးပြဲ၊ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စံုပါမယ္။ အိမ္ေထာင္ရွင္မ်ား အဆင္ေျပေနသေလာက္ ငယ္ရြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏ စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခု တစ္ပတ္လံုး ပန္းကိုးမ်ိဳး၊ သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ကပ္လွဴ ပူေဇာ္ပါ။

ျပည္ပ ထြက္ခြာလိုသူမ်ား ။ ။ နီးစပ္ရာ ဘုန္းႀကီးေက်ာင္းမွ စာသင္ သံဃာေတာ္အား လြယ္အိတ္ လွဴေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ ဗုဒၶဟူးေထာင့္ အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခု တစ္ပတ္လံုး နံနက္ဘက္သြားကာ ရြတ္ဖတ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလံုးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္ ရည္ရြယ္သူကို တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပို႔ပါ။ ဓာတ္ဗူး အသစ္ထဲ ႏွစ္ဦးစလံုးပံု ထည့္ကာ တစ္ပတ္တိတိ ထားေပးပါ။

လူမႈေရး အတိုက္အခံ မ်ားသူမ်ား ။ ။ နံနက္ႏွင့္ ညအိပ္ရာဝင္တိုင္း သက္ေစ့ေမတၱာသုတ္ ရြတ္ဆိုေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ဘုရားေအာင္ေျမတြင္ ကိုယ္တိုင္ (သို႔မဟုတ္) ကိုယ္စားျဖင့္ သက္ေစ့ေဗာဇၨင္သုတ္ ရြတ္ဖတ္ေပးပါ ။

ထီ ကံေကာင္းလိုသူမ်ား ။ ။ ႀကံဳရာ ထီဆိုင္တြင္ ၂/ ၄ အပူးဂဏန္း ပါေအာင္ ထိုးပါ။

(For Unicode)

ဒီရက်ပိုင်း အတွင်း ဗုဒ္ဒဟူး သားသမီးတွေက သင့်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ တိုင်ပင်သင့်တဲ့ သူတွေပါ။ ယခုရက်ပိုင်း နေအိမ်တွင်း စက်ပစ္စည်းတွေ ပျက်တတ်၊ ပျက်စီးတာတွေ ဖြစ်တတ်သလို အဖိုးတန် စက်ပစ္စည်းတွေ၊ ပရိဘောဂ ပစ္စည်းတွေလည်း ဝင်တတ်ပါတယ်။

ယခုကာလမှာ မထင်မှတ်ဘဲ နိုင်ငံရပ်ခြား၊ လူမျိုးခြား အဆက်အသွယ် အကူအညီကောင်းတွေ ရတတ်ပါတယ်။ ဒီကာလမှာ အဆောက်အဦး ရောင်းဝယ် ဆောက်လုပ်တဲ့သူတွေ၊ ဆန်နဲ့ လယ်ယာ ထွက်ကုန် လုပ်ကိုင်သူတွေ၊ ဆိုင်သစ်၊ အိမ်သစ်၊ အလုပ်အကိုင်အသစ် ကိစ္စတွေ အောင်မြင်တတ်ပါတယ်။

စပ်တူ ကိစ္စတွေ၊ စာချုပ်စာတမ်း ကိစ္စတွေ၊ အမွေကိစ္စ ကြုံနေရတဲ့သူတွေ အောင်မြင်တတ်တဲ့ အချိန်ကာလပါ။ ခရီးထွက်ဖို့ ကံ သိပ်မပါတဲ့အတွက် ဒီကာလမှာ ခရီးထွက်ဖို့ စီစဉ်ထားရင် လွဲချော်တတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်မှာ ရှိပေမယ့် ဆေးထိုးမှားကိန်း ရှိလို့ ဆရာဝန် မညွှန်ဘဲ ကိုယ်သဘောနဲ့ကိုယ် ဘာဆေးမှ မသောက်ပါနဲ့။

ပညာသင်နေတဲ့ သူတွေ ပညာရေးကတော့ အသင့်အတင့်ပါ။ လုပ်ငန်းခွင်စာမေးပွဲ၊ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များ အဆင်ပြေနေသလောက် ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခု တစ်ပတ်လုံး ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ကပ်လှူ ပူဇော်ပါ။

ပြည်ပ ထွက်ခွာလိုသူများ ။ ။ နီးစပ်ရာ ဘုန်းကြီးကျောင်းမှ စာသင် သံဃာတော်အား လွယ်အိတ် လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ ဗုဒ္ဓဟူးထောင့် အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခု တစ်ပတ်လုံး နံနက်ဘက်သွားကာ ရွတ်ဖတ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက် ရည်ရွယ်သူကို တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။ ဓာတ်ဗူး အသစ်ထဲ နှစ်ဦးစလုံးပုံ ထည့်ကာ တစ်ပတ်တိတိ ထားပေးပါ။

လူမှုရေး အတိုက်အခံ များသူများ ။ ။ နံနက်နှင့် ညအိပ်ရာဝင်တိုင်း သက်စေ့မေတ္တာသုတ် ရွတ်ဆိုပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ ဘုရားအောင်မြေတွင် ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားဖြင့် သက်စေ့ဗောဇ္ဇင်သုတ် ရွတ်ဖတ်ပေးပါ ။

ထီ ကံကောင်းလိုသူများ ။ ။ ကြုံရာ ထီဆိုင်တွင် ၂/ ၄ အပူးဂဏန်း ပါအောင် ထိုးပါ။

OpinionLeadersMedia

No comments

Powered by Blogger.