Header Ads

ပါရမီဖြည့်ဘက်ဆိုတာ ...


တနေ့ အင်တာဗျူး တခုမှာပေါ့ သတင်းထောက်က မေးလိုက်တယ် ...

" ဂျက်မားက ရုပ်ဆိုးတယ်နော် ... ဘာလို့ သူ့ကို ရွေးချယ်ခဲ့တာလဲ... သူ မအောင်မြင်ခင် ကျောင်းဆရာ ဘ၀ထဲက သူ့ကို ရွေးချယ်ခဲ့တယ် ဆိုတော့ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး ... ဘာကြောင့်လဲ ကျမတို့ သိပါရစေရှင့် "

သူမ ရိုးရိုးရှင်းရှင်းလေးပဲ ဖြေလိုက်တယ်..

" ဂျက်မားက ရုပ်ဆိုးပါတယ် ဒါပေမယ့် အလုပ် ကြိုးစားတယ် လုပ်ရည် ကိုင်ရည် ရှိတယ်.. အောင်မြင်ဖို့ အတွက် အမြဲ ကြိုးစားနေတာ ဘဝ အာမခံချက် တခု ရှိတယ်.. အဲ့ဒီ ဘဝကို ကျမ ပုံဖော်ပေးချင် လို့ပါ " တဲ့ ...

အခုခေတ်မှာ လူငယ်တွေ အချစ် ဆိုတာကြီးကို အထင်မြင် လွဲလာ ကြတယ်

တပတ်ကို သုံးကြိမ်လောက်  ရုပ်ရှင်ကြည့် ဟိုဆိုင် သွားစား ဒီဆိုင် သွားစားတာကို ကြွေးနိုင်မှ အချစ်လို့ ထင်လာ ကြတယ် ။ လူအများကြားမှာ အနမ်းတွေပေး ဖက်ပြနေမှ အချစ်လို့ ထင်လာ ကြတယ် ။ အရုပ်လေး ဝယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ အချစ်လို့ ထင်လာ ကြတယ် ။ Sex ကို ပျော်စရာအဖြစ် သတ်မှတ်လာ ကြတယ် ။

သူတို့ဆီမှာ အနာဂတ်ကို မတွေးတော တစ်ဘဝစာထက် တခဏတာ ကြားမှာ ပျော်မြူးလာ ကြတယ် ။
အရည်အချင်းထက် ရုပ်ရည် ကို ဦးစားပေးလာ ကြတယ် ။

တကယ်တော့ အချစ် ဆိုတာ မိသားစု တခုလိုပါပဲ ။ ဒုက္ခနဲ့ သုတ ၊ မျက်ရည် နဲ့ ရယ်သံ ၊ ကျရှုံးမူနဲ့ အောင်မြင်မှုကြား ကိုယ့်ဘက်က အမြဲ ရပ်တည် ရှိနေပေးတတ် ကြသူတွေပါ ။


အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေ ရှိတယ် ။ ထက်မြတ်တဲ့ မိန်းမတွေ ဘေးမှာလည်း အောင်မြင်တဲ့ ယောက်ျားတွေ ရှိကြတယ် ။ ဘဝ အာမခံချက် ဆိုတာ ကိုယ်တိုင် ဖန်တီးရတဲ့ အရာပါ ။

ဘယ်အာမခံ company မှ ခုံဖိနပ် တရံကို ဒေါ်လာ သန်းချီ မပေးနိုင် သလို ၊ ထီ မထိုးပဲ ထီပေါက်ချင် ၊ အပင် မစိုက်ပဲ အသီးစားချင် ၊ ပါရမီ မဖြည့်ပဲ အောင်မြင်တဲ့ ယောက်ျားတွေကို မမျှော်လင့်ချင်ပါနဲ့ ။ Ready made တွေက ဘယ်အရာမှ မကောင်းဘူး ။

ဘဝမှာ ဟင်းကောင်းကောင်း စားရုံ ၊ အလှပြင်ယုံ သက်သက် လူဖြစ်လာတဲ့ သာမာန် မိန်းမတွေဟာ အောင်မြင်ပြီးသား ယောက်ျားတွေကို ရှာပြီး သူတို့ ဘ၀ကို တည်ဆောက်ချင် ကြတယ် ။

ထက်မြတ်တဲ့ မိန်းမတွေ ကတော့ သူတို့ တကယ် ချစ်တဲ့သူ နဲ့သာ ဘဝကို ရုန်းကန် လှုပ်ရှား ဖေးမ ကူညီရင်း အောင်မြင်တဲ့ ယောက်ျားတွေရဲ့ အရေး ပါတဲ့ မိန်းမတွေ ဖြစ်ချင် ကြတယ် ။

ပိုက်ဆံ တထောင်ကို တသောင်းဖြစ်အောင် ဘယ်လို လုပ်ပေးရမလဲ စဉ်းစားမယ့် အစား ဘယ်လို ဖြုန်းရမလဲ စဉ်းစားနေတဲ့ လက်တွဲဖော် ရှိရင် ခုထဲက လက်တွဲ ဖြုတ်လိုက်ပါ ။ သူဟာ သင့်ဘဝရဲ့ ပါရမီဖြည့်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့ ပါပဲ ။

Credit

No comments

Powered by Blogger.