Header Ads

အချစ်ဆိုတာ သူက ပေးမှ ကိုယ်ရတာမျိုးပါ..


အချစ် ဆိုတာ.. သူကပေးမှ ကိုယ်က ရတာမျိုးပါ...

ကိုယ်က လိုချင်ပေမဲ့... မရနိုင်တဲ့ အခါ... အချစ်ဆိုတာ စိတ်ကျဆေးလို ပါပဲ... နာကျင် ဝမ်းနည်းမှု တွေကို အတိုင်းအဆမဲ့ ပေးတတ်ပါတယ်

ဒါကြောင့် အချစ်ကို ကြုံလာတဲ့အခါ ကိုယ့်အတွက် မဟုတ်တဲ့ သူ မှန်းသိရင်... ရောက်ရာနေရာ က ရပ်လိုက်ပါ... ဝေဒနာတွေ ပိုဆိုး မလာခင်ပေါ့...

မသေချာတဲ့ အိပ်မက် ကို ဆက်မက်ချင်တာ ဟာ ဘဝ နဲ့ ရင်းပြီး သင့်ကို နာကျင် ခက်ခဲစေနိုင်လို့ပါ..

ကိုယ့်ကို တကယ် ချစ်တဲ့ သူနဲ့သာဆို... ကိုယ်က အချစ်ကို တကူးတက တောင်းခံနေစရာ မလိုပါဘူး..

ချစ်တဲ့သူက အလိုလို သင့်ကိုချစ်ပြီးသားပါ... သင့်ကို ချစ်တဲ့ သူ အတွက် သင်က အလိုလို ပြည့်စုံပြီးသားပါ..

ဒါကြောင့် အချစ်ကို ရွေးချယ်တဲ့အခါ သင်နဲ့ မသင့်တော် မအပ်စပ်ဘူး ထင်ရင် ရှေ့မတိုးပါနဲ့... အချစ် နဲ့ပက်သက်တဲ့ အနာတရတွေ ပိုဆိုးမလာခင် သင်ရပ်သင့်ပါတယ်..

သင့်ကို တကယ် ချစ်တဲ့သူ ကိုသာ ... အကောင်းဆုံး ~~~ ပြန်ချစ်နိုင်အောင် ကြိုးစားပါ... ဘဝမှာ အနာတရ အနည်းဆုံး နဲ့ အေးချမ်း ပျော်ရွှင်အောင် ကြိုးစား နေထိုင်နိုင်ပါစေ...

အချစ်မှာ ပြည့်စုံလာတဲ့ အခါ အချစ်ထက် အရေးကြီးတဲ့ အရာတွေ ကို စိတ်အေး ချမ်းသာစွာနဲ့ ဖန်တီးပုံဖော်နိုင်ပါစေ...

credit မူရင်းရေးသူ

No comments

Powered by Blogger.