တန်ရာ တန်ကြေး
ကိုယ်က အကြီးကြီး ချစ်ပြရင် ... စိတ်ချ ကိုယ့်ကို အကြီးကြီး စော်ကား ခံရလိမ့်မယ် ... ။
အကောင်းဆုံးတွေ ကူညီပေးခဲ့ရင် ... စိတ်ချ ကောင်းကောင်းကြီး စော်ကား ခံရလိမ့်မယ် ... ။
တအား တန်ဖိုး ထားပြီး လိုက်ထိန်းသိမ်းရင် သေသေ ချာချာကို နောက်ကျော ဓါးနဲ့ ထိုးသွားလိမ့်မယ် ... ။
အရမ်းနှမျောပြီး သဝန်တို ပြရင် ကောင်းကောင်းကြီးကို ကန်ထုတ် ခံရလိမ့်မယ် ... ။
အကောင်းဆုံး သစ္စာတရားကို ကိုးကွယ်ပြီး သံယောဇဉ် ထားကြည့်လေ လှလှ ပပလေးကို မုန်းတီး နာကျင်မှုတွေ ပေးသွားလိမ့်မယ် ... ။
နည်းနည်းလောက်ပဲ ကူညီခဲ့ရင် စော်ကား ခံရတာ ပိုသက်သာ လိမ့်မယ် ... ။
ကျေးဇူးရှိသူသာ ကျေးဇူး ကန်းပြီး စော်ကားတတ်တာလေ ။
အချစ်ကြီး သူတွေသာ နောက်ဆုံး နာကျင်ရတာ သဘာဝ ။
ဒါကြောင့် ဘယ်လောက်ပဲ ချစ်ချစ် အလိုက်အထိုက်လေးပဲ ကောင်းပါတယ် ။
ဘယ်လောက်ပဲ သံယောဇဉ် ရှိရှိ ဥပက္ခာတရားကို ဆုပ်ကိုင် ထားတာပဲ ကောင်းပါတယ် ။
ဘယ်လိုပဲ ခင်တွယ်မိပါစေ လိုတာထက် ပိုမပေးမိ တာပဲ သင့်တော်ပါတယ် ။
" တန်ဖိုးရှိတဲ့ အရာ ဆိုတာ တန်ဖိုးထားသူ လက်ထဲမှာပဲ သင့်တော်တယ် " ဆိုတဲ့ စကားလိုပဲ ရှင်ဘုရင်ရဲ့ နန်းတော်ဟာ သူတောင်းစား အတွက် ငရဲခန်းလို ခံစားနေရမှာပဲ ။
ဇရပ် ဆိုတဲ့ နေရာ ကသာ သူ ပျော်တဲ့နေရာ သူနဲ့ တန်ရာ တန်ရာမို့ ဘယ်လောက်ကြီး ချစ်ပါစေ ထိုက်တန် သလောက် ပေးလိုက်ပြီး တန်ရာတန်ကြေး ပြန်ယူလိုက်တာက ကိုယ့် စိတ်ဒဏ်ရာတွေ သက်သာစေ မှာပါ ... ။
MayNoe
Post a Comment