Header Ads

အိမ်​​ထောင်​သည်နဲ့ FB


အိမ်​​ထောင်​သည်​ တယောက်​ အ​နေနဲ့ ​ခေတ်​နဲ့ အညီ အများနည်းတူ FB သုံးမယ်​ ဆိုရင်​ ...

FB လိုင်းသုံး​နေချိန်​ လင်နဲ့​မယား အကြား လျှို့ဝှက်​စရာ မလိုပဲ သိက္ခာ ရှိရှိ အသန့်​ရှင်းဆုံး အသုံးပြုနိုင်​ရင်​ အ​ကောင်းဆုံးပါ ...

ခေတ်​ရဲ့ သားပျိုသမီးပျို ရှိတဲ့ သူ​တွေအ​နေနဲ့ ကိုယ့်ရင်​​သွေး​လေး​တွေ Online​ ပေါ်မှာ လမ်းမှား မ​လိုက်​မိ​အောင်​ လမ်းပြ​ပေးဖို့ ကာကွယ်​​ပေးဖို့ ကိုယ်​က FB ကို ရင်းနှီး ကျွမ်းဝင်​ ထားသင့်တယ် ​လို့ မြင်​မိပါတယ် ...

FB ရဲ့ ​ကျေးဇူး​ကြောင့် ကွဲကွာသွားတဲ့ ​ဆွေမျိုး​တွေ ​ကျောင်း​နေဖက်​ ငယ်​သူငယ်​ချင်း ​တွေနဲ့ ​ အဆက်​အသွယ်​​တွေ ပြန်​ရကြတယ် ။ ​နေရာ​ဒေသ မတူညီကြတဲ့ မိဘ ​မောင်​ဘွား သားချင်း​ ဆွေမျိုး​တွေနဲ့ ​သတိရတိုင်း မြင်​​တွေ့ခွင့် စကား​ပြောခွင့်​တွေ ရ​နေကြပြီး အလွမ်း​ပြေ​စေပါတယ် ...

နောက်​ပြီး FB ဆိုတာကလည်း လူကို စွဲလမ်း​စေတတ်​တဲ့ အရာတစ်​ခု ဖြစ်​တယ်​ (တန်​​ဆေး လွန်​​ဘေး​ပေါ့ ) ...

FB​ ကြောင့် ကိုယ့်အိမ်​​ထောင်​​ရေး အလုပ်​ စတဲ့ လူတယောက်​ မဖြစ်​မ​နေ ထမ်း​ဆောင်​ရမယ့် တာဝန် ​ဝတ်​တရားတွေကို မထိခိုက်​​ရအောင်​ စိတ်​ကို ထိန်းချုပ်​ပြီး သုံးစွဲတတ်​ဖို့ လိုအပ်​မှာပါ ...

အိမ်​​ထောင်​ရှိသူ အ​နေနဲ့ FB သုံးရာမှာ ဗဟုသုတ ရ​စေတဲ့ အကျိုးပြု စာ​ပေများ၊ သတင်းဦး သတင်းထူးများ၊ ပညာ​ပေး Video ၊ ဘဝအ​မော ​ပြေ​စေတဲ့ ဟာသ Video၊ စိတ်​သ​ဘောထားချင်း ကိုက်​ညီတဲ့ Friend​ တွေနဲ့ အသိဥာဏ်​ ပညာခြင်း ဖလှယ်​တာ၊ သာ​ကြောင်း မာ​ကြောင်း​ စကား စမြည်​​ပြောဆိုဖို့၊ ကိုယ့်​လုပ်​ငန်းနဲ့ သက်​ဆိုင်​တဲ့ သတင်း အချက်​ အလက်​တွေ မှတ်​သား​လေ့လာဖို့ စတဲ့ ကိစ္စ​တွေ ​အတွက်​​လောက်​ပဲ အသုံးပြု သင့်​တယ်​လို့ မြင်​မိပါတယ်​. .

တချို့လူ​တွေက FB ကို ပညာရှာဖို့ ဗဟုသုတရ​ဖို့ အ​နေနဲ့ အသုံးမပြုပဲ ကြူဖို့ ​ကြောင်​ဖို့​ ယုတ်​မာဖို့ ​ကောက်​ကျစ်​ဖို့ သား​ကောင်​ရှာတဲ့ ​နေရာအဖြစ်​ အသုံးပြု သူ​တွေလည်း ရှိပါတယ်​. .

တချို့က Account​ တခုတည်း ကိုသာ ပျက်​စီး ဆုံးရှုံးမှာကို စိုးရိမ်​စိတ်​နဲ နှစ်​ရှည်​လများ ကြာရှည်​​အောင်​ တန်​ဖိုးထား သုံးစွဲတဲ့ လူ​တွေရှိသလို...

ကိုယ့် Account ကို တန်​ဖိုးမထား ​ ( ဟောတစ်​ခု ခဏ​နေ​ နောက်​တ​ခု ) နာမည်​ အမျိုးမျိုးနဲ့ ကြူဖို့​ကြောင်​ဖို့ ယုတ်​မာဖို့ တဏှာအရူးထဖို့​ အသဲစား ဘီလူးထီး ဘီလူးမ လုပ်​ဖို့ လောက်​ပဲ အဓိက အာရုံထား သုံးစွဲသူ​တွေလည်း များစွာ ရှိပါတယ်​ ...

လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေ လူ့​ဘောင်​​ လောကမို့ အိမ်​​ထောင်​သည်​ တယောက်​ အ​နေနဲ့ ကိုယ့် Account ထဲက Friend​ တွေကို ​စိစစ်​ရွေးချယ်​ ပေါင်းသင်းသင့်ပြီး ဝါသနာ မတူသူ​တွေကို Un သင့်​ရင်​ Un လိုက်​၊ Block သင့်သူကို Block ပစ်​လိုက်​ဖို့ လိုအပ်​ပါတယ်​ ...

အကျင့်မ​ကောင်းတဲ့ Friend​ တွေနဲ့ ဆက်​သွယ်​ ​ပေါင်းသင်း မြင်​ဖန်​ တွေ့ဖန်​​ ကြားဖန်​များလာ​တော့ မ​ကောင်းတဲ့ အမူအကျင့်​​တွေ ဓာတ်​ကူးလာနိုင်​ ပါတယ်​ ...

အ​ရေးကြီးဆုံး အချက်​က FB​ ကြောင့် ကိုယ့်မိသားစု မထိခိုက်​​စေဖို့ မပြိုကွဲ​စေဖို့ ကိုယ့်ဂုဏ်​သိက္ခာ မညှိုးနွမ်း​စေဖို့ ကိုယ့်ကျန်းမာ​ရေး ကိုယ့်အလုပ်​ ကိုယ်​စီးပွား​ရေး ကိုယ်​အသက် ​အန္တရာယ်​ တစုံတရာ မထိခိုက်​ မကြုံ​တွေ့ရ​အောင်​ FB ကို အသိဥာဏ်​နဲ့ ယှဉ်​ပြီး သုံးစွဲတတ်​ဖို့ လိုအပ်​ပါတယ် ...

လူတယောက်​ဟာ လက်​​တွေ့​လောကမှာ ဂုဏ်​သိက္ခာရှိဖို့ လိုအပ်​သလို FB လောကမှာလည်း အဆင့်အတန်းရှိဖို့ လိုအပ်​​ပါတယ်​ ...

FB ဆိုတာ တကယ့် လက်​​တွေ့ ဘဝ​လောက်​ အ​ရေးမပါဘူး ဆိုတာ သိထားပြီး လက်​ရှိဘဝ မိသားစုကို ပိုတန်​ဖိုးထား ဆက်​ဆံ​ပေး လိုက်​ပါ ...

ဘဝတူ FB ချစ်​သူတိုင်း FB ကို အကျိုးရှိ​စွာ အ​ကောင်းဘက် ​က​နေ အသုံးပြုနိုင်​ ကြပါ​စေ. .

Credit to Ma pui (ဇလပ်​​မြေ)

No comments

Powered by Blogger.