Header Ads

ဆရာဧကရာဇ်မင်းရဲ့ ခုနှစ်ရက် သားသမီး ဟောစာတမ်း (29.07.2018) မှ (04.08.2018) ထိ


(တနင်္ဂနွေ) သားသမီးများအတွက် အဟော…

ဘာကြောင့်ပဲ ဖြစ်ဖြစ် စိတ်မညစ်ပါနှင့် ဆက်လုပ်ပါ ။ ရည်ရွယ်ချက် အောင်မြင်ပါလိမ့်မည် ။ မနာလိုသူ အတိုက်အခံများကြောင့် ယခင်က ဆုံးရှုံးထားရပါက ယခုတွင် ပြန်လည် ရရှိမည် ။

မိတ်ဆွေယောင် ဆောင်တတ်သူများကို သတိထားပါ ။ ငါ ဘာဖြစ်နေလဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးယူရလောက်အောင် ပျင်းရိနေတတ်သည် ။ နေအိမ် ၊ နေရာဒေသ အခက်အခဲတွေ့နေသူများ အခက်အခဲမှ လွတ်မြောက်သွားမည် ။

ငယ်ရွယ်သူများ သူတကာတွေ ဝါကျွတ်သော်လည်း ကိုယ်မကျွတ် ၊ အချစ်ကြောင့် အဝေးတစ်နေရာ သွားနေရတတ်သည် ။ အိမ်ထောင်ရှင်များ သစ္စာရှိမှု ရဲဘော်ရဲဘက် ပီသမှုကို ရရှိမည် ။ သားသမီး အတွက် နှစ်ယောက်လုံး ပင်ပန်းမည် ။

ယတြာ ။ ။ ဘုရားရောင်တော် ဖွင့်ခြင်း ဝေယျာဝစ္စ ကုသိုလ်များ ပြုလုပ်ပြီး ဆုတောင်းပါ ။

(တနလာင်္) သားသမီးများအတွက် အဟော…

အတွင်းပစ္စည်းများ ထုခွဲရောင်းချ ရတတ်ပါသည် ။ လုပ်ငန်းကိစ္စ ၊ စီးပွားရေး ကိစ္စများအတွက် စကားပြော အဆင်မပြေ ဖြစ်ရတတ်သည် ။ ဝန်းထမ်းဖြစ်ပါက အလုပ်တွင် မျက်နှာငယ် ရတတ်သည် ။ ရည်ရွယ်ချက် ၊ ရည်မှန်းချက်များ ကသိကအောက်ဖြစ်ပြီး ဘဝက နောက်ပြန်သွား ရတတ်သည် ။

မီးနှင့် ဆက်စပ် လုပ်ကိုင်ရသူများ အားလုံး အပူလောင်းခြင်း ၊ အချွန်အတက် လက်နက်တစ်ခုခု စူးရှခြင်း ၊ ဓာတ်လိုက်ခြင်း စတဲ့ ဥပဒ်တစ်ခုခု ကျရောက်တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေး စိတ်တိုင်း မကျတာတွေ ကြုံမည် ။

စကားများ ရှုပ်ထွေးပြီး ဖြေရှင်းနေရမည် ။ အိမ်ထောင်ရှင်များ ကောင်းလိုက် မကောင်းလိုက်နှင့် နားလည်မှုရှိအောင် ညှိနေရမည် ။ ရံခါ ငြိမ်သက်နေရာမှ ရုတ်တရက် ထပေါက်ကွဲ ရန်ဖြစ်ရတတ်သည် ။

ယတြာ ။ ။ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ ခြေသုတ်ဖုံ ၊ ခြေသုတ်ပုဆိုး တစ်ခုခု လှူဒါန်း လိုက်ပါ ။

(အင်္ဂါ) သားသမီးများအတွက် အဟော…

သူများနှင့် ပေါင်းဖက် လုပ်ကိုင်တဲ့ အလုပ်က မမျှော်လင့်ဘဲ ရပ်တန့်သွား ရတတ်သည် ။ ရိုးရိုးသားသား ပြောရရင် ဆွေမျိုးဆိုတဲ့ သူများနှင့် ပူပေါင်း လုပ်ဆောင်းခြင်း မပြုစေချင်ပါ ။

လုပ်ငန်းတွင် အကြီးအကဲများကို အကြောင်းပြု၍ စိတ်ပင်ပန်းမှုများ တွေ့ကြုံရတတ်သည် ။ မိတ်ဆွေတစ်ဦးနှင့် ဆုံပြီး အကူအညီကောင်းရမည် ။ သတင်းထူး တစ်ခုကြားရမည် ။ (နိုင်ငံခြားခရီး ဆောင်ရွက်နေသူများ အဆင်ပြေမည်။)

ငယ်ရွယ်သူများ ပျှော်ရွှင်ကြည်နူးစရာ ကောင်းနေမည် ။ ချစ်သူ မရှိသူသေးသူများ ချစ်သူ ရရှိ၍ ချစ်သူရှိပြီးသူများ စန်းပွင့်တတ်သည် ။ အိမ်ထောင်ရှင်များ သားသမီး၏ ကျန်းမာရေးကြောင့် စိတ်သောက ရောက်ရတတ်သည် ။ သားသမီးများကို ဆူဆူပူပူ မလုပ်ပါနှင့် အိမ်ကထွက်သွား တတ်သည် ။

ယတြာ ။ ။ ဆီယိုထုပ် (၈) ထုပ်ဝယ်ပြီး သုံးထုပ်ကို ဘုရားကပ် ၊ ကျန် (၅) ထုပ်ကို အပေါင်းအသင်း များအား ဝေငှလိုက်ပါ ။

(ဗုဒ္ဓဟူး) သားသမီးများအတွက် အဟော…

ရစရာရှိသည့် အကြွေးဟောင်းကို အာရုံပြု မနေပါနှင့် ။ လုပ်စရာရှိတဲ့ အလုပ်ကိုသာ လုပ်ပါ ။ မိမိလုပ်ငန်းတာဝန်ပိုင်၌ ပင်ပန်းမှု ယှဉ်တွဲ၍ ကံကောင်း အောင်မြင်မှုများ ဖန်တီးရယူနိုင်မည် ။

ခရီးဝေးသွားလိုစိတ် ပေါက်နေတတ်သည် ။ မသွားသင့်ပါ ။ စောင့်ဆိုင်နေရခြင်းကို မနှစ်သက်နိုင်တဲ့ မိမိဟာ ယခုတော့ စောင့်ဆိုင်းနေခဲ့ခြင်းရဲ့ အကျိုးရလဒ်ကြောင့် အထပ်ထပ် ဝမ်းသာနေရပေလိမ့်မည် ။ အလုပ်မရှိသေးသူများ အလုပ်ရမည်။

ငယ်ရွယ်သူများ ကြားလူ ၊ မနာလိုသူများ၏ ကုန်ချောစကားကြောင့် ချစ်သူ၏ အထင်လွဲမှားမှုကို ခံရတတ်သည် ။ လှေနံနှစ်ဖက် မနင်းပါနှင့် ။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်မှာ အခက်အခဲများ ရင်ဆိုင်နေရမည် ။ ပြင်ပမှ ပြဿနာများ အိမ်ထဲအထိ ပါလာလိမ့်မည် ။

ယတြာ ။ ။ ရေဘေးကြောင့် အခက်အခဲရှိသူတို့အား ဆေးဝါးနှင့် ဆန် ၊ ဆီများ လှူ၍ ဆုတောင်းပါ ။

(ကြာသပတေး)သားသမီးများအတွက် အဟော..

ဂုဏ်သိက္ခာ ၊ စည်းစိမ်ချမ်းသာများ ယုတ်လျော့ သွားတတ်သည် ။ ငွေကြေး အကျပ်အတည်း ပေါ်ပေါက်နိုင်သည် ။ လောင်းကစားမှုများ ၊ ဥပဒေနှင့် ငြိစွန်းသော လုပ်ငန်းများ တို့နှင့် ဆက်စပ်ကာ ငွေကုန်လူပန်း ဖြစ်ရတတ်သည် ။

သေချာရေရာမှု မရှိသော တွက်ဆရသည့် အလုပ်များကို ရှောင်းရှား ရွေ့ဆိုင်းထားသင့်သည် ။ မဆိုင်သော ကိစ္စတွင် ပါဝင်စွက်ဖက် မိသဖြင့် ၊ နိုင်ထက်စီးနင်း ပြောဆိုပြုမှုခြင်း ခံရတတ်သည် ။ မည်သည့်လုပ်ငန်းပဲ လုပ်လုပ် စုမိဆောင်းမိဖို့ရာ မလွယ်ကူသေးပါ ။ တမြည့်မြည့် ကုန်နေဦးမည် ။

ငယ်ရွယ်သူများ အချစ်ရေးတွင် ဆွေမျိုး မိဘများကြောင့် အဆင်မပြေ ဖြစ်ရတတ်သည် ။ ချစ်သူအပေါ် သည်းခံပေးလိုက်ပါ ။ အိမ်ထောင်ရှင်များ ငွေကြေးလိုအပ်ချက်နှင့် ပက်သက်၍ အိမ်ထောင်ဖက်နှင့် စကားပြော အဆင်မပြေ ဖြစ်တတ်သည် ။ စိတ်ရှည်သည်းခံပါ ၊ အသုံးနှင့် အဖြုန်းကို ခွဲခြားသိပါ ။

ယတြာ ။ ။ ကံကော်ညွန့် (၁၅) ညွန့်ကို အိုးတွင် ထည့်၍ ဘုရားတွင် ကပ်လှူ လိုရာဆုတောင်းပါ ။

(သောကြာ) သားသမီးများအတွက် အဟော..

အလုပ်အကိုင် ရှာဖွေနေသူများ အလုပ်ရလိမ့်မည် ။ သို့သော် စိတ်တိုင်းကျတော့ မဖြစ်နိုင်ပါ ။ အလုပ်အကိုင် အကြံအစည်များ အစမသတ် ဖြစ်တတ်သည် ။

မှန်သူ မှား၍ မှားသူ မှန်ကာ မကောင်းသူက ကောင်းဂုဏ် တက်နေတဲ့ ဖြစ်စဉ်ကြောင့် မကျေမနပ် ဖြစ်နေရတတ်သည် ။ ယခင်က အတိုက်အခံ လုပ်နေတဲ့ ဆန့်ကျင်ဘက် ရန်သူများ သဘောထား ပျော့ပျောင်းစွာ ဆက်ဆံ လာလိမ့်မည် ။ ယာဉ် ကား အန္တရာယ် သတိထားပါ ။

ငယ်ရွယ်သူများ အချစ်ရေးတွင် ၊ ကွယ်လျှင်မေ့ တွေ့လျှင်သေအောင်လွမ်း တတ်သည့် ချစ်သူမျိုးနှင့် တွေ့ရတတ်သည် ။ အိမ်ထောင်ရှင်များ ဆွေမျိုးများ အလည်လာမည် ။ အမှုအခင်း ပြဿနာအတွက် ဖြစ်သည် ။ ငွေကုန် သိက္ခာကျ ရတတ်သည် ။

ယတြာ ။ ။ ဘုရားတွင် သပြေပန်းတွေ ဝေနေအောင် လှူပါ ၊ ရေသပ္ပာယ်ပါ ။

(စနေ) သားသမီးများအတွက် အဟော…

အတွေးအခေါ် ၊ အသိအမြင်တွေ ပြောင်းလဲမယ် ။ ဘဝအတွက် ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့ တိုးတက်မည် ။ အလုပ်ကိစ္စမှာ မိမိကြိုးစားမှုကြောင့် တိုးတက်မည် ။ ပါးနပ်လိမ္မာစွာဖြင့် မိမိ လိုအင်ဆန္ဒများကို ဖန်တီးခွင် ရရှိမည် ။

ကံကောင်းခြင်းတွေ ပြည့်နက်နေပေမယ့် မိသားစုနှင့် အစစအရာရာ သဘောထား ကွဲလွဲနေမည် ။ အိမ် ၊ ခြံ ၊ မြေ ကိစ္စများအတွက် အတိုက်အခံ ၊ အနှောင့်အယှက်ကြုံမည် ။ စကားကို ချိုသာပါ ။ ကျန်းမာရေးနှင့် ပက်သက်၍ မောပန်းလွယ်ခြင်း ၊ အာရုံကြောအားနည်းခြင်း ၊ အာရုံစူးစိုက်၍ မရခြင်း ၊ ခြေ လက် မသယ်ချင် ဖြစ်တတ်ခြင်းများ ရှိမည်။

ငယ်ရွယ်သူများ အချစ်ရေးတွင် လူမျိုးခြား ၊ ဘာသာကွဲ သူများနှင့် မေတ္တာမျှရတတ်သည် ။ အိမ်ထောင်ရှင်များ ပုံမှန်ထက် ပိုကောင်းနေမည် ၊ မမှားအောင် သတိပြုနေမိမည် ။ ချစ်လွန်း၍ အထင်သေးမှာ စိုးရိမ်နေမိမည် ။

ယတြာ ။ ။ အိမ်ရှေ့ရောက် အလှူခံများအား ခဲတံလှူ၍ ဆုတောင်းပါ ။

..........................
ပုထုဇဉ် ဖြစ်တဲ့ လူသားပီပီ ကိုယ်လျှောက်ရမယ့် ခရီးရှည်ကြီးဟာ ကြမ်းမလား ၊ လန်းမလား စဉ်းစားကြည့် ကြမှာပါ ၊ (အပျက်) ကိုမှု စဉ်းစားသူ မရှိသလောက် နည်းမည် ထင်ပါသည် ။ တကယ်မှာ မနက်ဖြန် ရွှေထုပ်ကြီး ရမည် ဟူသော (အဖြစ်) တရားထက်.... မနက်ဖြန် (ငွေ) ကျပျောက်မည် ဆိုသော (အပျက်) တရားက ပို၍ အရေးကြီးကြောင်း.....

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

သင်တို့၏ အကျိုးကို လိုလားသော...

🔯 ဆရာဧကရာဇ်မင်း 🔯 (တဲရော့ ၊ ဗေဒ ၊ လက္ခဏာ)

No comments

Powered by Blogger.