Header Ads

င်္FB ပေါ်က RS , Married , Couple ပုံတွေရဲ့ အကျိုးသက်ရောက်မှု


FB ပေါ် ၊ Online ပေါ်မှာ လက်မထပ်ရသေးဘဲ Couple ပုံ တင်ထားတာတွေ ၊ Rs ချိတ် Married တွေပြောင်းထား တာတွေက မိန်းခလေး တယောက် အတွက် သိပ် နစ်နာပါတယ် ။

ချစ်သူ ရည်းစားဘဝ ဆိုတာ ဖြတ်ကနဲ ပျောက်သွားတတ် ပါတယ် ။ တချက်ကလေး စိတ်သဘောထားခြင်း မတိုက်ဆိုင်တာနဲ့ လမ်းခွဲကြမယ် ပြတ်ကြ စဲကြမယ် ဖြစ်ရော ။

အဲ့တော့ ချိတ်ထားတဲ့ RS တွေ Married တွေက ဘာတွေဖြစ်ကုန်မလဲ  .... ။ လူသိတာပဲ အဖတ်တင်တယ်လေ ။ ယောက်ျားလေး တယောက် အတွက်က ဘာမှ မဖြစ်လောက် ပေမယ့် မိန်းခလေး တယောက် အတွက်ကတော့ အရမ်းကို နစ်နာပါတယ် ။

အသဲကွဲ တာက ငိုလိုက်ရင် ပျောက်တယ် ။ Public ချပြထားတဲ့ Relationship တခုကို Bff တွေ သိမယ် ပတ်ဝန်းကျင် သိမယ် Acc ထဲက Fri and Follower တွေ သိမယ် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ဆိုတာ သူတို့ရဲ့ လက်ထဲရောက်သွားပြီ ။ ကိုယ်သာ မသိတာ ကွယ်ရာမှာ ပြောချက်များ ရက်စက်တယ် ။

အချစ်လွန် အပျော်တွေ လွန်ပြီး Rs တွေ ချိတ် သက်သေ ပြစရာ မလိုပါဘူး ။
RS ချိတ်ထားပြီး တကယ် လက်ထပ် ဖြစ်သွားတယ် ဆိုရင်တော့ ကောင်းတာပေါ့ ။
ဒါပေမယ့် အဲ့တယောက်နဲ့ လက်တွဲဖေါ် မဖြစ်ခဲ့ဘူး ဆို သေပြီဘဲ ။ ပထမဆုံး နစ်နာမှာက မိန်းခလေးပါ ။

နောက်တယောက် အချစ်စစ် ဆိုတာကြီးနဲ့ တွေ့တဲ့ အခါလည်း ကျရော အတိတ်က အရိပ်က အလိုလိုခြောက်လှန့် လာရောလေ ။

ချစ်ပါ ... သေအောင်ချစ် လက်မထပ်ရသေးဘဲ Couple ပုံတွေ တင်ပြမှ အချစ်စစ် မဟုတ်ပါဘူး ။

လက်ထပ်ပြီးပြီလား ?
ဟန်းနီးမွန်း ခရီးထွက် ပျော်နေတဲ့ပုံတွေ တင်လိုက်ပါ ။ Wedding and Dinner ပုံ လှလှလေးတွေ တင်လိုက်ပါ ။ သားသား မီးမီးတွေနဲ့ ကြည်နူးနေတဲ့ ပုံလေး တင်လိုက်ပါ ။ ဘိုးဘိုး ဘွားဘွားတွေ ဖြစ်တဲ့ အထိ Selfie ရိုက် တင်လိုက်စမ်းပါ ။

ခဏလေး အယောင်ဆောင်ထားတဲ့ Couple ပုံတွေကို ဂုဏ်သိက္ခာ အပဲ့ခံ Public ချပြမလား ... အချစ်စစ်နဲ့ တည်ဆောက် ထားတဲ့ Couple ပုံလေးတွေကို တကမ္ဘာလုံး သိအောင် ချပြမလား စဉ်းစားပါလေ ...

U Bone

No comments

Powered by Blogger.