Header Ads

မိမိ သွေး အမျိုးအစားကနေ သိနိုင်တဲ့ ဘဝ နဲ့ အချစ်ရေး အကြောင်း


AB သွေး ပိုင်ရှင်များ

အရာရာကို မျှမျှ တတ ဝေဖန် ပိုင်းခြား ဆင်ခြင် တတ်ကြပြီး မိမိသဘော ဆန္ဒ သက်သက်ကို မကြည့်ပဲ အများရဲ့ ဆန္ဒ ကို ဆောင်ရွက် တတ်ကြသည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး စိတ်ကူးယဉ် အိပ်မက် မက်လွန်းသူများ ဖြစ်ကြသည် အခြေအနေ အမှန်နှင့် ကင်းကွာ တတ်ကြပါသည် ။ ဘဝပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင် အရ ကွာခြား တတ်သည်သာ ခြားနားပါသည် ။

B သွေး ပိုင်ရှင်များ

ကိုယ်နေတတ်သလို စိတ်ချမ်းသာ သလို နေထိုင် ပြုမူတတ်သည် ။ အချုပ် အချယ် မခံလိုပဲ လွတ်လပ်စွာ နေလိုစိတ် ပြင်းပြသူများ ဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန် ရံခါ အချစ်ကို ပေါ့ပေါ့ စစ သဘောထား တတ်ကြသလို ကိုယ့်ကိုယ်ကိုသာ ပိုမို ခင်တွယ် ဦးစားပေးတတ်၍ ချစ်သူရဲ့ ငြီးငွေ့ခြင်းကို ခံရတတ်သည် ။

A သွေး ပိုင်ရှင်များ

စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက် လွယ်သူများ ဖြစ်ကြပြီး ဝေဖန် ခံနိုင်ရည်လည်း အားနည်း ကြသည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး အချစ်ကြီးတတ် သူများ ဖြစ်ကြပါသည် ။ တဦးကို တဦး စွဲစွဲ လမ်းလမ်း ဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွာခဲ့ ရလျှင် အခြားသူများထက် ပို၍ ခံစားရ တတ်သည် ။

O သွေး ပိုင်ရှင်များ

လွန်စွာ ၊ ပြင်းထန်စွာ ၊ တိကျသော ၊ ပြတ်သားသော သူများ ဖြစ်ကြပြီး ရည်မှန်းချက် ကြီးမားကာ မဖြစ်မနေ  လုပ်ဆောင် တတ်ကြပြီး အားသွန် ခွန်စိုက် လုပ်ဆောင် တတ်သည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို အချစ်ကြီးသည် အစွဲလမ်း ကြီးသည် ဟု ထင်တတ်ကြ သော်လည်း အမှန်တကယ် အားဖြင့်မူ ထိုလောက် မဟုတ်ဘဲ ချစ်သူနှင့် ခွဲခွာရလျှင် မကြာခင် ပြေပျောက်သူများ ဖြစ်ကြသည် ။

LikeMyanmar

No comments

Powered by Blogger.