Header Ads

ဖူးစာရှင် အစစ်အမှန်ဆိုတာ


လူမှန်း သူမှန်း မသိအောင် အရက်တွေ မူး ရူး ကွဲပြဲပြီး လစ်နေတဲ့ အချိန် ...
ဖုန်းတွေခေါ် မက်ဆေ့ခ်ျတွေ လှမ်းပို့ ...
သတိရတယ် လွမ်းတယ် ချစ်တယ် ဘာညာ ပြောလာတဲ့ သူကို တန်ဖိုး ထားပါ ...

အဲ့ဒါကမှ ခင်ဗျားကို တကယ်ချစ်တဲ့ သူပဲ ...
Limit တကယ် ကျော်သွားတဲ့ အခါ သူတို့ကိုယ် သူတို့တောင် အနိုင်နိုင် ...
လောကကြီးနဲ့ Connection ပြတ်မသွားအောင် မနည်းအားယူ ရုန်းကန် ရပ်တည်နေရ တာလေ ...

မူးလာရင် Memory တွေ ဟမ်းကုန်တယ် ...
ဦးနှောက်က ဆဲလ်တွေက ကောင်းကောင်း အလုပ် မလုပ်တော့ဘူး ...
ဒီလောက် ဘာကိုမှ မမှတ်မိ မသဲကွဲ လည်ထွက် ဂါနေတာ တောင်မှ
ခင်ဗျားရဲ့ ဖုန်းနံပါတ် Contact list ဆီ အတိအကျ သွား ဖုန်းခေါ်ပြီး ...
မမူးချင်ယောင် ဆောင် စကားပြောဖို့ ဆိုတာ လွယ်လို့လား  ...?

Bagan Keyboard ဘာညာ နဲ့ Myanmar ဖောင့် သေချာ မှန်အောင်ရိုက်
I miss u , I love u , လုပ်ဖို့ လွယ်လို့လား ... ?
သူ မင်းကို တကယ်ချစ်မှ လုပ်လို့ ရမှာ ...
သူ့စိတ်ထဲ မင်းက Every time and Everywhere ရှိနေမှ ရမှာလေ ...

အရက် မတရားမူးပြီး ကိုယ့်ဆီ ဖုန်းခေါ် စာပို့ သတိတရ လုပ်နေပြီဆို ဘာမှ လုပ်မနေနဲ့ ...
အဲ့ဒါ ကိုယ့်ကို တကယ် ချစ်တဲ့သူပဲ ...
အနှစ်နှစ် အလလ ခင်ဗျား လိုက်ရှာနေတဲ့
အနာဂတ် သတို့သား ၊ သတို့သမီးလောင်း ဖူးစာရှင် အစစ်အမှန် ဧကန် ဆိုတာမှတ် ... ။

Credit

No comments

Powered by Blogger.