Header Ads

နှောင်းလူတို့ မှတ်သားကြကုန်လော့


ခြေတော်တင်ခံရခြင်း ( စကားလုံးများ၏ ရင်းမြစ် 1 )

မင်းတုန်းမင်းကြီးတွင်​ မိဖုရား ၊ ​မောင်းမ ၊ မိဿ ကိုယ်​လုပ်​​တော်​ ၁၉၆ ပါး ရှိတော် ​မူတယ် ​။

ည​နေ တိုင်​လျှင်​ အ​ဆောင်​ရ နန်းရ မိဖုရားများမှ တ​ပါး တခြား ကိုယ်​လက်​ သန့်​ရှင်း ကုန်​​သော ​မောင်းမမိဿ ကိုယ်​လုပ်​​တော် တို့သည်​ နန်း​တော်​ လေသာ​ဆောင်​မှ နေ၍ မင်းကြီးအား ခစား ဝင်​ကြရ​လေ တယ် ​။

မောင်းမ မိဿ ကိုယ်​လုပ်​​တော်​ တို့သည်​ ဒူးတုတ်​၍ ပျပျ ဝပ်​တွား ခစားကြရ​လေ သတတ် ​။ မင်းကြီးသည်​ မည်​သည့် အတွက်​​ကြောင့်မသိ​ လေသာ​ဆောင်​သို့ အ​နောက်​​လှေကားမှ တက်​၏ ။

ထို့​ကြောင့်လည်း ပျပျ ဝပ်​တွား​နေ​သော မိန်းမ အ​ပေါင်းတို့ကို ​နောက်​က သာ မြင်​ရ​လေ၏ ။

မင်းကြီးသည်​ မိန်းမများကြား လမ်း​လျှောက်​ပြီးလျှင် ​မိန်းမ တ​ဦး၏ ကျောအ​ပေါ်သို့ ညာ​ခြေ​တော်​ကို​​ မြှောက်​လျက်​ ညင်​သာစွာ တင်​​တော်​မူ၏ ။ ထို အတင်​ ခံရ​သော မိန်းမသည် ​မင်းကြီးအား ​မော်​ဖူးခွင့် မရ​လေပဲ ဝပ်​တွားမပျက်​ ​နောက်​သို့ တရွေ့ရွေ့ ဆုတ်​ကာ စက်​ရာခန်းသို့ ဝင်​၍ မင်းကြီးအား ​​ပြုစုရန်​ စောင့်ရလေ သတတ် ​။

ဤသည်​ကိုပင်​ ယ​နေ့​ခေတ်​ အခါ၌ အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရသည် ​ရှိသော် ​မည်​သူ​တော့ဖြင့် ခြေ​တော်​ တင်​ခံ လိုက်​ရသည်​ ဟု ​ပြောဆို သုံးနှုန်းကြ​လေ၏ ။

နှောင်းလူတို့ မှတ်​သားကြကုန်​​လော့ ...

ဘောင်ကျော်မလာနဲ့ ( စကားလုံးများ၏ ရင်းမြစ်​ 2 )

မင်းတုန်းမင်းကြီး ခမျာ မိဖုရား ​မောင်းမ မိဿ ကိုယ်​လုပ်​​တော်​​တွေက 196 ​ယောက် ​။ တ​နှစ်​ကို 365 ရက်​တွက်​ကြည့်​ပေါ့ ။ တ​နှစ်​​နေလို့ နှစ်​ကြိမ်​ ​ဆောင်​​တော် ​ကူးနိုင်​ဖို့​တောင် ​မမြင် ​။

ဆောင်​​တော်​ကူး ဆိုတဲ့ စကားကလည်း အဲသည်​က အစ ပြုတာ ။ ယောက်ျားများ မိန်းမ ရှုပ်​ပြီ ဆိုရင်​ ယဉ်​ယဉ်​​ ကျေး​ကျေး​ ပြောချင်​တဲ့ အခါ ဆောင်​​တော်​ကူး​နေပြီ လို့ ပြောကြတယ် ​။

တ​ချို့ ​မောင်းမငယ်​ ကိုယ်​လုပ်​​တော်​ငယ်​​တွေများ ဘုရင့်အနား တော်​​ကောက်​ခံရ ၊ လာဘ်​ထိုးခံရ ၊ ဆက်​သခံရလို့သာ ​ရောက်​လာတာ ဘာမှကို နားလည်​​သေးသည် ​မဟုတ် ​။ သည်​​တော့လည်း လူပျိုတော် ​သားတချို့နဲ့ ငြိစွန်းကြ သပေါ့​လေ ။

မင်းတုန်းမင်းကြီး သိ​သွားတော့ အမိန့်​ထုတ်​လိုက်​တယ် ​။

အ​နောက်​​ဆောင်​သို့ ကူး​သော ယောက်ျား ဟူသမျှ သတ်​ ...

အဲဒါကတော့ လွယ်​ပါတယ် ​။ လူပျို​တော်​ သား​တွေက မိန်းမလို ဝတ်​ပြီး အ​နောက်​​ဆောင်​ကို ဝင်​ထွက်​ကြ တာပေါ့ ။

မင်းတုန်းမင်းကြီး သိပြန်​​တော့ အမိန့်​ ထပ်​ထုတ်​တယ် ​။ အ​နောက်​​ဆောင်​ အဝင်​မှာ သစ်​သား​ဘောင်​ကို တန်းထိုး​စေ ။

အ​နောက်​​ဆောင်​ အဝင်​အထွက်​ ပြုသူ မှန်သမျှ ထိုဘောင်​တန်းမှ ​ကျော် ​ခွ ဝင်​ထွက်​​စေ ။ ​ဘောင်​တန်းအား သင်းကွပ်ဓားထမ်း နှစ်​ဦးမှ ​နေ့ညမပြတ်​ ခစား ထမ်းရွက်​​စေ ။

ရှေးတုန်းက အမျိုးသမီး​တွေ ဝတ်​တဲ့ ထမီ ဆိုတာကလည်း သိ​တော်​မူတဲ့ အတိုင်းပဲ ။

ဘောင်​တန်းကို ခွ​ကျော်​လိုက်​တာနဲ့ ဒူးအထက် ​​ပေါင်​တွင်းသားကို လှစ်​ကနဲ မြင်​ရသတဲ့ ။ ​ရှေး​ခေတ်​ ​ယောက်ျား ဆိုတာကလည်း ထိုးကွင်း မင်​​ကြောင်​က ဒူးအထက်​ ပေါင်​တံ တလျှောက် ​အပြည့်ရယ် ​။

ဒီတော့ ​​ဘောင်​တန်းကို ခွ​ကျော် ​လို့​ ပေါင်​တွင်းသားကို လှစ်​ကနဲ မြင်​ချိန်​ ထိုးကွင်း မင်​​ကြောင်​မြင်​တာနဲ့ သင်းကွပ်​ အ​စောင့် များက ဖမ်း သတ်​သတဲ့ ။ အဲသည်​က အစပြုလို့ ...

ကျုပ်​တို့ချင်း ပြဿနာ တ​စုံတ​ရာ တက်​ကြရင်
ဟေ့​ကောင်​ ... မင်း စကား​ပြောတာ ကြည့်​ပြော ​ဘောင်​​ကျော်​ မလာနဲ့ တန်း​ကျော်​ မလာနဲ့
မင်းစကား​တွေက ​ဘောင်​​ကျော်​​နေပြီ ​သေသွားမယ်​ ငါ့ ဘာမှတ်​​နေလဲ ။

ဒီစကား အဲ့ဒီ​က စ သဗျား ။

နှောင်းလူတို့ မှတ်​သားကြ ကုန်​​လော့  ....


ကြာကူလီ ( စကားလုံးများ၏ ရင်းမြစ်​ 3 )
---------------
အချစ် ​ဆိုတာကလည်း ခက်​သားလား ။ ခိုးစားရတဲ့ အသီးက ပိုချိုသည် ​လို့လည်း စကားခံ ရှိသကိုး ။

မင်းတုန်းမင်းကြီးရဲ့ ​မောင်းမ မိဿ ကိုယ်​လုပ်​​တော်​တွေနဲ့ လူပျို​တော်​ သားအချို့ အ​တော် ​ဒုက္ခ များကုန်​တယ် ​။ မိန်းမလို ဝတ်​ပြီးလည်း ဝင်​မရ​တော့ ။ ဒါ​ပေမဲ့ လူဆိုတာ ကြံရင်း သေရသမို့လား​လေ ။

မောင်းမ ကိုယ်​လုပ်​​တော်​​တွေ ရေချိုး​တော့ နန်း​တော်​​ဆောင်​ရဲ့မြောက်​ဘက်​မှာ ​မြောက်​ဥယျာဉ်​​တော်​ကန် တောင်​ဘက်​မှာ ပုန်းတလုတ်​ကန်​ ရှိတယ်​​လေ ။

အဲသည်​ကန်​​တွေက အခုသာ ဘာမှ မရှိတာရယ် ​။

ဘုရင်​​ခေတ်​တုန်းက ပန်းမန်​ ဥယျာဉ်​တွေနဲ့ အ​တော်​​လေး သာယာတယ် ဆိုပဲ ။ ကန်​ထဲမှာလည်း ကြာ​ပန်း​တွေနဲ့တဲ့ ။

အခု ​ပြောချင်​တာက အဲဒီမှာ စတာပဲ ။ ​မောင်းမ ကိုယ်​လုပ်​​တော်​​တွေ ​ရေချိုးဆင်း​ချိန်​ နီးရင်​ လူပျို​တော်​သား​တွေက ​ရေကန်​ထဲက ကြာရွက်​​တွေ အောက်​မှာပုန်းရင်း ​စောင့်ကြသတဲ့ ။

မောင်းမ​တွေ ​ရေထဲ ဆင်းပြီ ဆို​တော့မှ ဆိုင်​ရာ ဆိုင်​ရာ အသက အသက ကြာရွက်​​အောက် ​ခိုပြီး ချိန်း​တွေ့ကြ သ​ပေါ့​လေ ။

အဲသလို ကြာရွက်​​အောက် ​ခိုပြီး ချိန်း​တွေ့ကြရာက ... ကြာခိုတယ်​ ဆိုတဲ့ စကားလုံး ​ ပေါ်လာရသတဲ့ ။

အဲသလို ကြာရွက်​​လေး​အောက်​ ခိုရင်း ​မောင်းမ​တွေနဲ့ ကူလီကူမာ စကား​တွေ ​ဆိုကြ​ရာက ကြာကူလီ ဆိုတဲ့ စကားလုံး ပေါ်လာရသတဲ့ ။

နှောင်းလူတို့ မှတ်​သားကြပါကုန်

Credit

No comments

Powered by Blogger.