Header Ads

အောက်တန်းကျတယ် ဆိုတာ ...


" ယောက်ဖ
ငါ မင်းကို သတိပေးစရာ ရှိတယ် "

" အေး ... ပြောလေ ယောက်ဖ "

" မင်းအခု တွဲနေတဲ့ စော် က ငါဘော်ဒါ တယောက်နဲ ငြိဖူးတယ်
ငါ့ကို အဲ့ကောင်ကိုယ်တိုင် သူနဲ့အတူ အိပ်ခဲ့တဲ့ Photo တွေကို ပြတာ
ငါ တင် မဟုတ်ဘူး
ဘော်ဒါတွေ အားလုံးကို ပြတာ
ကိတ်တာ တော့ အတော် ကိတ်တယ် "

" ... "

" ငြိဖူးတယ် ဆိုတာ ကလည်း
သာမာန် ချစ်သူရည်းစား အနေအထား မဟုတ်ဘူး
ရက်ပေါင်းများစွာ အဲ့ကောင်နဲ့ အတူ အိပ်ခဲ့ ဖူးတာ
အောက်တန်း ကျပါတယ်ကွာ
အဲ့ ကောင်မထက် fine တဲ့ တခြားဆော်တွေ ကိုသာ ရှာ တွဲစမ်းပါ "

" ဟား ......
အခုလို သတိလာပေးလို ကျေးဇူးတင်ပါတယ် ကွာ "

" But
ငါသူ့ကို ချစ်တာ အတိတ်မှာတင် ရပ်တန်နေဖို့ မဟုတ်ဘူး
လှပတဲ့ အနာဂတ်ကို ငါလက်နဲ့ ထုဆစ်ပြီး သူမ ကိုပါ ခေါ်သွားမှာ "

" နေစမ်းပါအုံး
မိန်းမ တယောက်က ယောက်ျား တယောက်နဲ့ အိပ်ဖူးတိုင်း အောက်တန်း ကျတယ် တဲ့လား "

" အေးလေကွာ မဟုတ်ဘူးလား "

" No ! No ...
မဆိုင်ဘူး
အောက်တန်း ကျတယ် ဆိုတာ
မင်းခုနက ပြောတဲ့ မင်းဘော်ဒါမျိုး ကို ခေါ်တာ "

" ဘာလိုတုန်း ဟ "

" မင်းစဉ်းစား ကြည့်လေ
ကိုယ်အားရ ပါးရ နင်းချေ နမ်းရှိက်လို့ ဝပြီးမှ
လွှင့်ပစ် လိုက်တဲ့ ပန်း ကို ငါက တော်ကောက်ပြီး မိဖုရား မြှောက်ချိန်မှ
သူနဲ့ အိပ်ခဲ့တဲ့ ပုံတွေကို လူတကာ လိုက်ပြ
လူတကာကို အဲ့မိန်းမ မကောင်းကြောင်းကို လိုက်ဖွနေတဲ့
အဲ့ကောင်ရဲ့ လုပ်ရပ်ကိုမှ အောက်တန်း ကျတယ်လို့ ခေါ်တယ် ...
အဲ့လို ကောင်တွေက ဘာနဲတူလဲ ဆိုတော့
ဟော ... ဟိုမှာ တွေ့လား
အဲ့လိုကောင်က ဟို အမှိုက်ပုံဘေးက ဝဲစားနေတဲ့ နံပိန် ခွေး
အဲ့ ခွေး လောက်တောင် စောက်ဆင့် မရှိဘူး
အဲခွေးနဲ့ နှိုင်းတာတောင် ခွေးက သိက္ခာ တော်တော်ကျနေပြီ ... "

" ဟျောင့်ရေ
တလက်စနဲ့ တခါထဲ ပြောလိုက်မယ် "

" မိန်းမ တယောက်က ယောက်ျား တယောက်နဲ့ အိပ်ခဲ့တာတင် မဟုတ်ဘူး
နောက်ဆုံး ကုန်ကုန် ပြောမယ်
ပြည့်တန်ဆာမ ကြီးပဲ ဖြစ်နေပါစေ
အောက်တန်း ကျတယ်လို မင်း ဘယ်တော့မှ မဆိုမိ ပါစေနဲ့ "

" ပြည့်တန်ဆာတိုင်း ကိုတောင် အောက်တန်း ကျတယ်လို မသမုတ် ပါနဲ့
ပြည့်တန်ဆာ လုပ်စားတဲ့ မိန်းမတွေက ဘဝ လိုအပ်ချက် အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်ကို ရင်းနှီးပြီး ရီုးသားစွာ စီးပွား ရှာကျတာ "

" တကယ်တော့ ရမ္မက်ကို အသုံးချသူတိုင်းက ပြည့်တန်ဆာပဲ
မင်းလည်း ပြည်တန်ဆာ
ငါလည်း ပြည်တန်ဆာ "

" ဘာလို့ဆို
ရမ္မက် တခုနဲ တပါးသူရဲ့ ကိုယ်ချင်းစာ တရားတွေကို မင်းရော ငါရော တကြိမ်မက မျိုစို့ခဲ့ကျ ဖူးလိုပဲ "

" ခေါင်းစဉ်ကွဲ လိုသာ ရမ္မက်ဂုဏ် ပျောက်ပြီး
စကားလုံး လှလှတွေ သုံးနေကျတာ "

" ထားလိုက်ပါတော့ ....
မင်းကောင်ကို ပြန်ပြောလိုက် "

" အောက်တန်း ကျတာ ငါဆော်လား သူလား ဆိုတာ
ကိုယ့်ဘာ့သာကိုယ် ပြန်စဉ်းစား ... လို့ "

" ဘာဖြစ်လည်း ကွာ
တကယ်လို့
အဲကောင်နဲ့ ကိုယ်ဝန် ရလာရင်တောင်
သူနဲ့ရလာတဲ့ ကလေးက
ငါ့ရင်သွေးပဲ ပေါ့ "

" အပျိုရည် ပျက်နေတဲ့ မိန်းမတိုင်းမှာ
လှပတဲ့ အနာဂတ်ကို ဖန်တီးပေးမယ် လက်အစုံက
အမြဲ စောင့်ကြိုနေ ပါတယ် "

" နောက်ဆုံးကွာ
သူ အရင်က ပြည့်တန်ဆာ လုပ်ခဲ့ရင်တောင်
ငါက ယူမှာက ယူမှာပါ
ဘာလို့လဲဆိုတော့
ငါဆော်က ငါယူမယ့် မိန်းမ ဖြစ်နေလို ပဲ "

" ငါ့ စကားကုန်ပြီ
Good Bye ယောက်ဖ "

Credit

No comments

Powered by Blogger.