Header Ads

အကျင့်


တခါက ရွာတရွာမှာ လင်မယား နှစ်ယောက် ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တခု ရှိတယ် ။ အဲဒါကတော့

သူ့ကို ဘာပြောပြော " ဟုတ်လား ... ကျမ အစကတည်းက ထင်တော့ ထင်သားဘဲ " ဆိုပြီး အမြဲ ပြောတတ်လေ့ ရှိတယ် ။

နေ့တိုင်း ကြားနေရတော့လည်း ယောက်ျားဖြစ်တဲ့သူဟာ သူ့မိန်းမကို သောက်မြင် ကပ်လာတယ် ။

.....

ဒါနဲ့ တနေ့မှာ ယောက်ျား လုပ်တဲ့သူဟာ လယ်တောကို သွားပြီး ... အချိန်မတန်မီ နွားနှင်တံ ( နွားမောင်းရာတွင် နွားကို ရိုက်ရန် သုံးသောတုတ်) ကို ကိုင်ပြီး သူတယောက်ထဲ ပြန်လာတယ် ။

ဒါကို မိန်းမက မြင်တော့

" ဟော ... ရှင်ဘာဖြစ်လို့ အိမ်ကို အစောကြီး ပြန်လာရတာလဲ
ဒါနဲ့ လှည်းတွေ နွားတွေရော "

" အေးကွာ ... မပြောကို မပြောချင်ပါဘူး
ငါတော ရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့
နွားနှစ်ကောင်ဟာ တောင်ပံတွေ ပေါက်ပြီး မိုးပေါ် ပျံကုန် ကြတယ်ကွာ "

ဒီတော့ သူ့မိန်းမကလည်း သူ့ဝစီအတိုင်း
" ဟုတ်လား ... ကျမ အစကတည်းက ထင်တော့ ထင်သားဘဲ
ဒီနွားနှစ်ကောင် ဒီမနက် မြင်ရတာ ထူးဆန်းနေ သလားလို့ " လို့ ပြောလိုက်ရော

ယောက်ျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားနှင်တံနဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး
ပါးစပ်ကလဲ

" ထင်ဦးကွာ ... ထင်ဦးကွာ မင်း ဒီသောက်ကျင့် က မပျောက်နိုင်ဘူး
နွားတွေ တောင်ပံ ပေါက်ပြီး ကောင်းကင် ပျံတယ်လို့ ပြောတာ
ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစားဘဲ သူပဲ ကြိုသိသလိုလို ဒီသောက်ကျင့်က မဖျောက်ဘူး "

ဒီလို လှိမ့်ပြီး အရိုက် ခံနေရတဲ့ ကြားက သူ့မိန်းမ ပြောတဲ့ စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ် ကျသွားတယ် ....

သူ့မိန်းမ ပြောလိုက်ပုံက ...

" ဒီလို ပြောရင် ဒီလို အရိုက်ခံရမယ် ဆိုတာ
ကျမ အစကတည်းက ထင်တော့ ထင်သားဘဲ " ..... တဲ့ဗျာ

Credit

No comments

Powered by Blogger.