Header Ads

ကိုယ့်ချစ်သူလေးကို ဘယ်လိုမျိုးလေး ချစ်မလဲ


1) ရည်းစား ထားမှာလား

သင် အပျော် ရည်းစားပဲ ထားတာ ဆိုရင်တော့ တချို့အရာတွေ မစမ်းသပ်သင့် တာက လွဲရင် ကျန်တာ ok ပါတယ် ။ တခုပဲ ရည်းစားများတာ ဖန်စီ ဆွဲကြိုးတွေ ပြောင်းဆွဲသလို မလန်းပါဘူး ။ ကြာရင် သိက္ခာ ကျပြီး နာမည် ပျက်နိုင်ပါတယ် ။

2) ချစ်သူ ထားမှာလား

သင်က ချစ်သူထားတာ ဆိုရင်တော့ သူ့ကို ချစ်တာနဲ့ သူချစ်တာကို ခံရဖို့ အချစ်တွေ ဖြူစင်ဖို့ လိုပါတယ် ။ လက်ရှိ အချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ဘာမှ မစွန်းထင်းဖို့ လိုပါတယ် ။

3) တစ်ဘဝလုံး ရည်ရွယ်ပြီး ထားမှာလား

တဘဝလုံး အတွက် ရည်ရွယ်ပြီ ဆိုရင်တော့ သူ့အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ရည်မှန်းချက်ကို သိဖို့ လိုပါပြီ ။ ကိုယ့် အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုလည်း သူ့ကိုပြောပြဖို့ လိုပါပြီ ။ ဒါဟာ ရိုးသားမှုတခုပါ ။ ဘာမှ မဟုတ်တဲ့ အသေးအဖွဲ့လေး ဆိုပေမဲ့ အရမ်း အရေးကြီး ပါတယ် ။ အဓိကက မိန်းခလေးတွေပါ ။ ကိုယ့်အိမ်ထောင်ဖက်ဟာ အနာဂတ် မျှော်လင့်ချက် ပန်းတိုင် ရှိနေတဲ့ သူမျိုးပဲ ဖြစ်သင့် ပါတယ် ။

4) ချစ်သူ ဖြစ်ပီဆို ဘာတွေ မဖြစ်မနေ စောင့်သိရမလဲ

တခြားသူနဲ့ မရှုပ်ရပါဘူး ။ တခြားသူက ကိုယ့်ချစ်သူ အကြောင်း မကောင်းပြောရင် နားမထောင်ရပါဘူး ။ မလိမ်ညာရပါဘူး ။ ချစ်သူနဲ့ ကိုယ်ဟာ တစ်ကိုယ်တည်းလို့ သဘောထားရ ပါမယ် ။ အချိန်အားတိုင်း သတိရနေဖို့ လိုပါတယ် ။ ဘယ်သူက မေးမေး ကိုယ့်ချစ်သူ နာမည်ကို အလွယ်တကူ ပြောနိုင်တဲ့သူ ဖြစ်ရပါမယ် ။ ချစ်သူ အပေါ် အရာရာ ရိုးသားရ ပါမယ် ။

5) ချစ်သူနဲ့ နေ့တိုင်း တွေ့နေဖို့ လိုအပ်သလား

ချစ်သူနဲ့ နေ့တိုင်း တွေ့ဖို့က မလိုအပ်ပါဘူး ။ online မှာ နေ့တိုင်း စကားပြောဖြစ်မယ် ဆိုရင်တောင် သူရောကိုယ်ရော အားမယ့် အချိန်နဲ့ အဆင်ပြေအောင် ကြာချိန်ကို ညှိမှဖြစ်မှာပါ ( ချစ်စ ကြင်စကိုတော့ မတားလိုပါဘူး တလလောက် ကြာရင်တော့ ညှိဖို့ လိုအပ်ပါပြီ )

6) ဖုန်းပြောမယ် ဆိုပါစို့

ပြည့်စုံသူတွေ ဆိုရင်တောင် သတိထားသင့် ပါတယ် ။ sometime ဆို ပြဿနာ မရှိပေမဲ့ everytime ဆို ပြဿနာ ရှိပါတယ် ။ ချစ်သူတွေပဲ ဖြစ်နိုင်ရင် တသက်လုံး တစက္ကန့် မလပ်ပဲ ခရာရေလွှတ် ပြောချင်တာပေါ့ ။ အချစ်ဟ တခါတခါ ဘဝရဲ့ ခြေထိုးမှုကို ခံရပါတယ် ။ ဥပမာ... ချစ်သူကို ဖုန်းပြောဖို့ အလုပ်တွေ ကြိုးစား ဘာမှ မစားပဲ ငတ်ခံနေ တာဟာ အမြဲတမ်း ဂုဏ်ယူစရာ မဟုတ်ပါဘူး ။ သူ့ဘက် ကိုယ့်ဘက် နားလည်ပေးဖို့ လိုပါတယ် ။

7) တွေ့တဲ့အခါ ဘာတွေပြောမလဲ

အချစ် အကြောင်း ပြောပါ ။ အနမ်းတွေ ပေးပါ ။ ကျနော့်ကို အကြံ တခုလောက် ပေးပါ ဆိုရင်တော့ မိန်းခလေးတွေကို ပြောချင်ပါတယ် ။ တခါတွေ့တိုင်း ရာဇဝင် (သို့မဟုတ်) စိတ်ဝင်စားဖွယ် ပုံပြင်နဲ့ ဟာသဖြစ်စေ တခုခု အမြဲပြောခိုင်းပါ ။ ချစ်သူကို ပြောပြဖို့ အတွက် သူ စာဖတ်တာဟာ သူနဲ့ ကိုယ့် အနာဂတ်ကောင်း တခုကိုဖန်တီးဖို့ သူစိတ် အဟာရတွေ ဖြည့်နေ သလို ကိုယ်လည်း ဗဟုသုတ ရစေတာမို့ အလွန်ကောင်းတဲ့ ကိစ္စပါ ။

8) ချစ်သူကို ရစ်ကြည့်မယ်

စိတ်ဆိုး စိတ်ကောက်တာ ချစ်စရာ ဓလေ့ပါ ။ အမြဲတမ်း မဟုတ်ဘူး ဆိုရင်ပေါ့ ။ ကိုယ်က အားနေလို့ ရစ်တယ်ဆိုပါစို့ ။ သူ့ဘက်က အရေးတကြီး လုပ်စရာ တခုခု ရှိနေတဲ့ အခါ  အမှိုက်က ပြဿဒ်ထိ လောင်သွားနိုင်ပါတယ် ။

9) ကိုယ်က ချစ်သူအတွက်လား

ကိုယ်က ချစ်သူ အတွက် မဟုတ်ပါဘူး ။ ကိုယ်က ကိုယ်ပါပဲ ။ ချစ်သူက ချစ်သူပါပဲ ။ ကမ္ဘာကျော် စုံတွဲတွေတောင် ပြတ်ဆဲကြ ပါတယ် ။ ကိုယ့်ရည်ရွယ်ချက်ကို အပျက် မခံပါနဲ့ ။ အမြဲတမ်း ဖြည်းဆည်း ပေးဖို့ ကြိုးစားရင်း ကိုယ်ဟာ လူညံ့ တယောက် မဖြစ်သွား စေပါနဲ့ ။

10) ချစ်သူက ကိုယ့်အတွက်လား

ဒါက လုံးဝ မှားပါတယ် ။ ဒါဟာ အတ္တပါ အချစ် မဟုတ်ပါဘူး ။ နားလည်မှု မပြည့်ဝလို့ ဖြစ်တာပါ ။  ဖြစ်နိုင်ရင် ချစ်သူ လိုအပ်ချိန်မှာ လိုတာ ဖြည့်ဆည်းပေး နိုင်အောင် ကိုယ်က အမြဲ တော်နေတဲ့ သူတယောက် ဖြစ်ဖို့ကြိုးစားဖို့ လိုပါတယ် ။

11) ပြောင်းလဲကြည့် မလား

လူတယောက်ရဲ့ ဇစ်မြစ်ဆိုတာ ပြောင်းလို့ မရပါဘူး ။ ချစ်သူကို ချစ်လို့ ပြောင်းလဲ ရင်တောင် 1 % လောက်ပဲ ဖြစ်နိုင်ခြေ ရှိတာပါ ။ အစကတည်းက စရိုက် ၊ဘဝ၊ ရည်မှန်းချက် မတူဘူးဆို သေချာ စဉ်းစားသင့် ပါတယ် ။

12) ချစ်သူဆိုတာ

ချစ်သူ ဆိုတာ အရမ်း အရေးပါ ပါတယ် ။ အချစ်က အရာရာ မဖန်ဆင်းနိုင်ပေမဲ့ အရာရာ ဖန်တီးနိုင်တဲ့ စိတ်ခွန်အား ပေးနိုင် ပါတယ် ။ မိုးထိ ဆွဲခေါ်သွားနိုင် သလို ငရဲထိ ဆွဲချသွားနိုင် ပါတယ် ။

-------------------

ချစ်သူ ထားတယ် ဆိုတာ ပေါ့သေးသေး ကိစ္စ တခုတော့ မဟုတ်ပါဘူး ။ ကိုယ့်ဘေးက ချစ်သူဟာ နောက်ထပ် နှစ် လေးဆယ်လောက် အတူတူ နေသွားရမဲ့ လူ အချိန်မရွေး ဖြစ်သွားနိုင် ပါတယ် ။ ဒါကြောင့် စိတ်ကစားရုံ သက်သက်နဲ့တော့ မထားပါနဲ့ ။

နောက်တခုက ကိုယ်က အပျော်ထားတာဆို အပျော်နေတဲ့ သူကိုပဲ ရွေးပါ ။ ဘဝအတွက် ကြိုးစားနေသူကို သွားမကစား ပါနဲ့ ။ ကိုယ့်အပျော်ဟာ တခြားသူ အနာဂတ် တခုလုံး ပျက်စီးသွားစေနိုင် ပါတယ် ။

ချစ်သူထားတာနဲ့ သူ့အတွက် အချိန်တွေ ထိုးပေးလိုက် ရတာ မလုပ်သင့်ပါဘူး ။ ချစ်သူကို တကယ် ချစ်မိတယ်ဆို ဘဝကို ပိုခိုင်မာအောင် တည်ဆောက်ဖို့ ပိုကြိုးစားသင့် တာပါ ။ ပိုချစ်လေ ပိုကြိုးစားလေ ပါပဲ ။ ချစ်သူနဲ့ တွေ့တဲ့ အခါ ချစ်တတ်ပါ ။ မတွေ့ရချိန် တွေမှာ သစ္စာရှိပါ သတိရပါ တွေ့ချိန်မှာ ချစ်ပြပါ . . . ။

ချစ်သူတိုင်း နားလည်မှုအပြည့်နဲ့ ဘဝခရီးဆက်နိုင် ပါစေ ... ။

Ulay Kyi ( ကိုလင်း )

No comments

Powered by Blogger.