Header Ads

ထက်မြက်တဲ့ မိန်းခလေးတွေကို မကြိုက်တဲ့ ယောက်ျား (3) မျိုး


ကောင်လေး တချို့ဟာ သူတို့ လှည့်ချင်တိုင်း လှည့်လို့ ရတဲ့ မိန်းခလေး ကိုသာ သဘော ကျတယ် ။  ငြင်းခုန်ကြတဲ့ အခါ အတွေး အခေါ် အယူအဆ မှန်မှန်နဲ့ ချက်ကျ လက်ကျ ပြောတတ် တဲ့ မိန်းခလေး တွေကို သူတို့တွေ သဘော မကျ ကြဘူး ။

အဲဒီအခါမှာ မိန်းခလေးတွေရဲ့ ဥာဏ်ရည် ထက်မြက်မှုက အချစ်ရေးမှာ ပြဿနာကြီး တခု ဖြစ်နေတတ်ပါတယ် ။

တကယ်တော့ အဲဒါဟာ မှားယွင်းနေတာ မိန်းခလေးတွေ မဟုတ်ပါဘူး ။ မှားချင်းမှား လူရွေး မှားတာသာ ဖြစ်ပါ လိမ့်မယ် ။ ထက်မြက်တဲ့ မိန်းခလေးတွေကို မကြိုက်တဲ့ ယောက်ျား ၃ မျိုး ရှိပါတယ် ။

1) ခေတ်နောက်ကျတဲ့ အတွေးအခေါ်ရှိသူ

ဘာပဲဖြစ်ဖြစ် ယောက်ျားကသာ ဦးဆောင် ရမယ်လို့ တွေးကြတယ် ။ မိန်းမတွေကို နေရာ မပေးချင်ဘူး။ မိန်းမတွေရဲ့ အတွေးအမြင်ကို အလေး မထားဘူး။ အဲဒီ အတွေးအခေါ်က အဓိပ္ပာယ် မရှိသလို စိတ်ပျက်ဖို့လည်း ကောင်းပါတယ် ။

2) ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသူ

ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသူတွေက အရာရာကို ထိန်းချုပ် နိုင်တဲ့ အခြေအနေ ကိုပဲ လိုချင်တယ် ။ ပြောရ ဆိုရ ကျပ်တဲ့ ထက်မြက်တဲ့ မိန်းမတွေနဲ့ အတူ မရှိချင်ကြဘူး ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ ယောက်ျားတွေက စိန်ခေါ်မှုကို ကြောက်မှာ မဟုတ်တဲ့ အပြင် သဘောတောင် ကျပါသေးတယ် ။

3) ခန္ဓာကိုယ်ပဲ လိုချင်သူ

တယောက်နဲ့ တယောက် အချစ်ဆုံး သူငယ်ချင်းတွေလို ဖြစ်နေမှ အခိုင်မာဆုံး အချစ်ရေး ၊ အိမ်ထောင်ရေးဆိုတာကို ရတာပါ ။ အကြံဥာဏ် ပေးနိုင်၊ နားလည် ပေးနိုင်၊ အခက်အခဲကို အတူ ဖြေရှင်းဖို့ ဆိုတာ ထက်မြက်မှု မရှိပဲ မလုပ်နိုင် ပါဘူး ။ အဲဒီလို ဆက်ဆံရေးမျိုးကို တန်ဖိုး မထားတတ်တဲ့ ယောက်ျားတွေက ထက်မြက်တဲ့ မိန်းခလေးကို မလိုချင်ကြဘူး။ သူတို့ လိုချင်တာ သူတို့ အထီးကျန်ချိန်မှာ အဖော်ပြု ပေးမယ့်သူ တယောက်ပါ ။

The Bolde

No comments

Powered by Blogger.