ၾကာသာပေတး သားသမီးမ်ားအတြက္ ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္
(For Zawgyi)
ဒီရက္ပိုင္းေတြမွာ သင္ ထင္မွတ္ မထားတဲ့ လုပ္ငန္း ေဆာင္တာေတြ ေအာင္ျမင္တာကုိ ႀကဳံရကိန္း ရွိေနပါတယ္။ သတင္းေကာင္းေတြ ၾကားရတတ္တဲ့ အခ်ိန္အခါပါ။ ထူးထူးျခားျခား ဝမ္းသာစရာေတြ ႀကံဳရတတ္သလုိ ျပည္တြင္း ျပည္ပ ခရီးစဥ္ေကာင္းေတြ သြားရတတ္ပါတယ္။
ဒီတပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရး အတြက္ တနလၤာ သားသမီးေတြကုိ တုိင္ပင္တာ သင့္အတြက္ အေကာင္းဆုံးပါဘဲ။ အိမ္ၿခံေျမ အက်ဳိးေဆာင္ လုပ္ငန္းေတြ စပ္တူလုပ္ငန္းေတြ လူမ်ိဳးျခားနဲ႔ လုပ္မယ္ လုပ္ငန္းေတြ ဒီကာလမွာ အခက္အခဲ ရွိတတ္လုိ႔ ခဏေစာင့္ပါဦး။
ကား၊ လွ်ပ္စစ္ ပစၥည္း အထည္အလိပ္ လုပ္ငန္းေတြ ေကာင္းေနတတ္ပါတယ္။ ရပ္ေ၀း မိတ္ေဆြထံကေန မထင္မွတ္ဘဲ အကူအညီ ရတတ္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီး လက္ေအာက္ငယ္သားေၾကာင့္ စိတ္ဒုကၡ ေရာက္ရကိန္း ရွိပါတယ္။
မိသားစု အတြင္း ၀မ္းသာစရာ သတင္း စကားေတြ ၾကားရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေရာဂါေဟာင္းေတြ ျပန္ျဖစ္တတ္လုိ႔ မေပါ့ပါနဲ႔။ ျဖစ္တတ္လုိ႔ သတိထားဖုိ႔ လုိပါတယ္။
ပညာေရးကေတာ့ ႀကိဳးစားမွ ေအာင္ျမင္မယ့္ အေနအထားပါ။ အိမ္ေထာင္ရွင္ေတြ ခဏတာ ေ၀းေနရကိန္း ရွိပါတယ္။ ခ်စ္သူေတြ အတြက္ကေတာ့ အေျပာင္းအလဲေတြ ျဖစ္ေပၚတတ္ပါတယ္။
ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခု တစ္ပတ္အတြင္း ကံပြင့္ေစရန္ ကံေကာ္ပန္း ၉ ပြင့္ႏွင့္ ေငြပန္း ၉ ပြင့္ကုိ ေန႔တုိင္း ကပ္လွဴ ပူေဇာ္ပါ။
ျပည္ပ ထြက္ခြာလုိသူမ်ား ။ ။ တနလၤာနံ အမည္ပါ ေစတီတြင္ နံနက္ ကုိးနာရီတိတိမွာ ပန္း၊ ဆီမီးတုိ႔ျဖင့္ ကုိယ္တတ္ႏုိင္သေလာက္ ပူေဇာ္ေပးပါ။
အလုပ္ ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ ေလွ်ာက္ထားသည့္ အလုပ္အမည္ကုိ စာရြက္သန္႔သန္႔ တစ္ခုေပၚ ေရးခ်ကာ အက်ၤီအိတ္ထဲ ထည့္၍ ညအိပ္တုိင္း ေမတၱာသုတ္ ရြတ္ဆုိပူေဇာ္ၿပီးမွ အိပ္ပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ စုတ္ေနတဲ့ ဓာတ္ပုံ အေဟာင္းေတြ၊ အိပ္ခန္းအတြင္း ကပ္ထားတဲ့ ပုံအေဟာင္းေတြ ရွိရင္ ခြာၿပီး ေနအိမ္ တံစပ္ၿမိတ္ ျပင္ပေရာက္ေအာင္ လႊင့္ပစ္ပါ။
လူမႈေရး အတုိက္အခံ မ်ားသူမ်ား ။ ။ သမၺဳေဒၶ ဂါထာကုိ နံနက္ အိပ္ယာထႏွင့္ အိပ္ယာ၀င္ သည့္အခါ ရြတ္ဆုိပူေဇာ္ေပးပါ။
က်န္းမာေရး မေကာင္းသူမ်ား ။ ။ ေစ်းထဲသြားရင္း လမ္းသြားရင္း ေရသတၱ၀ါ အရွင္မ်ား ေတြ႕ပါက ၀ယ္၍လႊတ္ေပးပါ။
ထီ ကံေကာင္းလုိသူမ်ား ။ ။ တနလၤာသားကုိ ေခၚကာ ေတြ႕သည့္ အနီးဆုံး ထီဆုိင္တြင္ ထီတစ္ေစာင္ ထုိးပါ။
(For Unicode)
ဒီရက်ပိုင်းတွေမှာ သင် ထင်မှတ် မထားတဲ့ လုပ်ငန်း ဆောင်တာတွေ အောင်မြင်တာကို ကြုံရကိန်း ရှိနေပါတယ်။ သတင်းကောင်းတွေ ကြားရတတ်တဲ့ အချိန်အခါပါ။ ထူးထူးခြားခြား ဝမ်းသာစရာတွေ ကြုံရတတ်သလို ပြည်တွင်း ပြည်ပ ခရီးစဉ်ကောင်းတွေ သွားရတတ်ပါတယ်။
ဒီတပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေး အတွက် တနင်္လာ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေ စပ်တူလုပ်ငန်းတွေ လူမျိုးခြားနဲ့ လုပ်မယ် လုပ်ငန်းတွေ ဒီကာလမှာ အခက်အခဲ ရှိတတ်လို့ ခဏစောင့်ပါဦး။
ကား၊ လျှပ်စစ် ပစ္စည်း အထည်အလိပ် လုပ်ငန်းတွေ ကောင်းနေတတ်ပါတယ်။ ရပ်ဝေး မိတ်ဆွေထံကနေ မထင်မှတ်ဘဲ အကူအညီ ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး လက်အောက်ငယ်သားကြောင့် စိတ်ဒုက္ခ ရောက်ရကိန်း ရှိပါတယ်။
မိသားစု အတွင်း ဝမ်းသာစရာ သတင်း စကားတွေ ကြားရတတ်ပါတယ်။ ကျန်းမာရေးကတော့ ရောဂါဟောင်းတွေ ပြန်ဖြစ်တတ်လို့ မပေါ့ပါနဲ့။ ဖြစ်တတ်လို့ သတိထားဖို့ လိုပါတယ်။
ပညာရေးကတော့ ကြိုးစားမှ အောင်မြင်မယ့် အနေအထားပါ။ အိမ်ထောင်ရှင်တွေ ခဏတာ ဝေးနေရကိန်း ရှိပါတယ်။ ချစ်သူတွေ အတွက်ကတော့ အပြောင်းအလဲတွေ ဖြစ်ပေါ်တတ်ပါတယ်။
ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခု တစ်ပတ်အတွင်း ကံပွင့်စေရန် ကံကော်ပန်း ၉ ပွင့်နှင့် ငွေပန်း ၉ ပွင့်ကို နေ့တိုင်း ကပ်လှူ ပူဇော်ပါ။
ပြည်ပ ထွက်ခွာလိုသူများ ။ ။ တနင်္လာနံ အမည်ပါ စေတီတွင် နံနက် ကိုးနာရီတိတိမှာ ပန်း၊ ဆီမီးတို့ဖြင့် ကိုယ်တတ်နိုင်သလောက် ပူဇော်ပေးပါ။
အလုပ် ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ လျှောက်ထားသည့် အလုပ်အမည်ကို စာရွက်သန့်သန့် တစ်ခုပေါ် ရေးချကာ အင်္ကျီအိတ်ထဲ ထည့်၍ ညအိပ်တိုင်း မေတ္တာသုတ် ရွတ်ဆိုပူဇော်ပြီးမှ အိပ်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ စုတ်နေတဲ့ ဓာတ်ပုံ အဟောင်းတွေ၊ အိပ်ခန်းအတွင်း ကပ်ထားတဲ့ ပုံအဟောင်းတွေ ရှိရင် ခွာပြီး နေအိမ် တံစပ်မြိတ် ပြင်ပရောက်အောင် လွှင့်ပစ်ပါ။
လူမှုရေး အတိုက်အခံ များသူများ ။ ။ သမ္ဗုဒ္ဓေ ဂါထာကို နံနက် အိပ်ယာထနှင့် အိပ်ယာဝင် သည့်အခါ ရွတ်ဆိုပူဇော်ပေးပါ။
ကျန်းမာရေး မကောင်းသူများ ။ ။ ဈေးထဲသွားရင်း လမ်းသွားရင်း ရေသတ္တဝါ အရှင်များ တွေ့ပါက ဝယ်၍လွှတ်ပေးပါ။
ထီ ကံကောင်းလိုသူများ ။ ။ တနင်္လာသားကို ခေါ်ကာ တွေ့သည့် အနီးဆုံး ထီဆိုင်တွင် ထီတစ်စောင် ထိုးပါ။
OpinionLeadersMedia

Post a Comment