Header Ads

ယောက်ျားလေး နဲ့ မိန်းခလေး တို့ရဲ့ မာယာများ


ရှေးတုန်းက လူကြီးတွေ ပြောတာ ကြားဖူးပါတယ်...

မိန်းမ မာယာ သဲကိုးဖြာ ၊ ယောက်ျား မာယာ ... မန်ကျည်းကိုးပင် လှုပ်ထက်ပင် များသေးသည် ဟူသတတ် ။ ( မန်ကျည်းပင် ကိုးပင်ကို လှုပ်သော အခါ ကျလာသော မန်ကျည်းရွက် ထက်ပင် များလွန်း သည်ဟု ဆိုလိုသည် )

ဤမျှလောက် များပြား လှသော မာယာ များစွာကို ရေးသား လို့ပင် ကုန်နိုင်အုံးမည် မဟုတ်ပါ ။

အခု ပြောပြမှာ ကတော့ ယောက်ျားလေး နဲ့ မိန်းကလေးတို့ ရဲ့ အခြေခံ ကျတဲ့ မာယာ တချို့ပဲ ဖြစ်ပါတယ် ။

ယောက်ျားတို့၏ မာယာ (သို့မဟုတ်) အပြုအမူများ ...

1) ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း ။

2) အမျိုးဂုဏ်ကို ပြတတ်ခြင်း ။

3) ပညာဂုဏ်ကို ပြတတ်ခြင်း ။

4) ၀မ်းနည်း ၀မ်းသာ ပြုတတ်ခြင်း ။

5) အစဉ်မပြတ် နောက်ယောင်ခံငြင်း ။

6) အစား အသောက် လက်ဆောင်များ ပေးတတ်ခြင်း ။

7) မြှောက်ပင့် ချီးမွမ်း တတ်ခြင်း ။

8) အ၀တ်အစား ပြောင်းလဲ ၀တ်တတ်ခြင်း ။

9) ကိုယ်ကာယ တောင့်တင်း ကျန်းမာခြင်း ကို ပြတတ်ခြင်း ။

မိန်းမတို့၏ မာယာ (သို့မဟုတ်) အပြုအမူများ ...

1) ရှက်စနိုး ဟန် ပြခြင်း ။

2) မျက်စောင်း ထိုးခြင်း ။

3) ပြုံးစစ လုပ်ပြခြင်း ။

4) ခနိုးခနဲ့ ပြောခြင်း ။

5) ကြောက်ဟန် ဆောင်ခြင်း ။

6) အသံ ထွက်အောင် ရယ်ခြင်း ။

7) မပွင့် တပွင့် ပြောခြင်း ။

8) ငိုခြင်း .....  တို့ ဖစ်ပါသည်။

ZayLinthawta

No comments

Powered by Blogger.