ဒီ (7) ချက် သင့်မှာရှိနေရင် သင်လက်ထပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ
လက်ထပ်ခြင်း ဆိုတာ လူတယောက် အချစ် ခရီးရဲ့ လမ်းဆုံးပါ ။ ဒါကြောင့် ဘယ်သူမဆို ကိုယ်ချစ်တဲ့ သူနဲ့ တွေ့ဆုံတဲ့ အခါမှာ လက်ထပ် ဖို့ကို စဉ်းစားကြ ပါတယ် ။
သင်ရော သင့်ချစ်သူလေးနဲ့ လက်ထပ်ဖို့ အဆင်သင့် ဖြစ်နေပြီလား ?
1) အကြောင်းအရင်း
သင်မှာ သင့်ချစ်သူနဲ့ လပ်ထပ် ချင်တဲ့ အကြောင်းအရင်းတွေ လုံလောက်စွာ ရှိနေပါပြီ ။ သင့်ကို သူနဲ့ ဘာလို့ လက်ထပ်ချင်သလဲ ဆိုတဲ့ မေးခွန်း အခြားသူ တယောက်က မေးလာတိုင်း သင် တည်ငြိမ်စွာ ဖြေနိုင်နေမှာပဲ ဖြစ်ပါတယ် ။
2) အစီအစဉ်
သင် စီစဉ်နေတဲ့ အရာဟာ သာယာ ချမ်းမြေ့တဲ့ အိမ်ထောင် တခုပါ ။ ကြီးကျယ် ခမ်းနားတဲ့ လက်ထပ်ပွဲ မဟုတ်ပါဘူး ။ သင်ဟာ သူနဲ့ တဘဝလုံး အေးချမ်းစွာ နေထိုင်သွားဖို့ ကိုပဲ ကြိုစား စီစဉ် နေတာဖြစ်ပြီး ၊ ငွေကုန်ကြေးကျ များပြီး လူအထင်ကြီးမယ့် လက်ထပ်ပွဲ အခမ်းအနား မဟုတ်ပါဘူး ။
3) ယုံကြည်မှု
သင်ဟာ သင်ရဲ့ ချစ်သူအပေါ် အလွန် ယုံကြည်ပြီး ၊ သူရဲ့ လုပ်ရပ်တွေဟာလည်း ယုံကြည်စရာ ကောင်းလောက်အောင်ကို သင့်ကို အလွန်ဂရုစိုက် ကြင်နာပြီး သင်ကို တင့်တောင့် တင့်တယ် ထားနိုင်ဖို့ အတွက်လည်း သူ အစွမ်းကုန် ကြိုးစားနေ မှာပါ ။
4) Single ဘဝမှာ ပျော်ရွှင်ခဲ့ရပြီး ပါပြီ
သင့်ရဲ့ အသက်ဟာ (25) နှစ် နဲ့ အထက် ရှိနေပြီ ဖြစ်ပြီး Single ဘဝမှာ ပျော်ရွှင်စွာ နေထိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ် ။
5) ချစ်သူ သက်တမ်း
သင်တို့ နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းဟာလည်း အတော် အသင့် ရှိလာပြီ ဖြစ်ပြီး နှစ်ယောက်သား မခွဲနိုင်မခွာရက် ဖြစ်အောင် ချစ်ခင် မြတ်နိုး နေကြပြီပဲ ဖြစ်ပါတယ်။
6) အခက်အခဲ
သင်တို့ နှစ်ယောက်ဟာ အခက်အခဲတွေ ပြဿနာတွေ အားလုံးကိုလည်း အတူ ရင်ဆိုင် ဖြေရှင်းခဲ့ကြ ပါတယ် ။ နောက်ထပ် လာမယ့် အတားအဆီးတွေကို အတူ ရင်ဆိုင်ဖို့ အတွက် လည်း နှစ်ယောက် စလုံးမှာ စိတ်ဓာတ် ခွန်အားတွေ အပြည့်အဝ ရှိနေပါတယ် ။
7) လက်ခံနိုင်မှု
သင့်ရဲ့ ချစ်သူကို သင်တယောက်ထဲတင် မကဘဲ သင့်ရဲ့ မိသားစု ၊ ဆွေမျိုးနဲ့  မိတ်ဆွေ သူငယ်ချင်းတွေ ကပါ လိုလို လားလား လက်ခံကြ ပါတယ် ။ ဒါ့အပြင် သင်တို့ စုံတွဲကို လိုက်ဖက်ညီ လှကြောင်း ချီးကျူး ပြောဆိုကြပါ လိမ့်မယ် ။
Lunge
Post a Comment