Header Ads

ဘယ်လို ကောင်လေးမျိုးတွေကို မိန်းခလေးတွေ ကြွေကြသလဲ


မိန်းခလေးတွေဟာ တယောက်နဲ့ တယောက် အကြိုက် မတူကြပါဘူး ။ ဒါပေမယ့်လည်း များသောအားဖြင့်တော့ ဘယ်လို ယောက်ျားလေးမျိုးက အထာ ကျတယ် ၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်း ရောက်သွားစေတယ် ... စတဲ့ သူတို့ သဘောကျတဲ့ ယောက်ျားလေး ပုံစံမျိုးလေးတွေ ကတော့ တူညီနေ တတ်တာ တွေ့ရပါတယ် ။

အဲ့ဒီလို မိန်းခလေးတွေ သဘောကျတဲ့ ယောက်ျားလေး ပုံစံတွေ ကတော့ ...

1) ဘေးနား ကပ်ပြီး စကားပြောကြည့် လိုက်လို့ ကိုယ်နံ့ သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကို ကြွေတာပါ ။ ရေမွှေးတွေ အသားကုန် ဆွတ်ထားတာမျိုးလည်း မဟုတ် ၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်း ထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့ ။

2) စကားပြောတဲ့ အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန် ပြောတတ်တဲ့ ယောက်ျားလေးမျိုးကိုလည်း ကောင်မလေးတွေ သဘောကျ ကြပါတယ် ။

3) ကိုယ့်ကိုယ်ကို အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ ။ ခေါင်းအစ ၊ ခြေအဆုံး ... မိန်းခလေးထက် ပိုမို ပြင်ဆင်ထားတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့ မှာလဲ ။

4) ကိုယ့် ချစ်တဲ့ကြောင် ၊ ဒါမှမဟုတ် ခွေးကို မြင်မြင်ချင်း ကောင်လေး ကလည်း ချစ်တဲ့ပုံ ပြတယ် ၊ လက်နဲ့ ပွေ့ချီလိုက်ပြီ ဆိုရင်တော့ အဲ့ဒီ ကောင်လေး အတွက် အမှတ်တွေ ရသွားပြီပေါ့ ။

5) ကလေး ချစ်တတ်တဲ့ ကောင်လေးမျိုး ဆိုရင်လည်း ကောင်မလေးတွေက ကြွေတတ်ကြတာ ပါပဲ ။ ကလေး ချစ်တတ်တဲ့ ယောက်ျားလေးတွေဟာ နူးညံ့တဲ့ နှလုံးသား ရှိတယ် လို့ ယူဆကြ တာကိုး ။

6) ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတဲ့ ဟန်ပေါက်တဲ့ ယောက်ျားမျိုး ဆိုရင် ကောင်မလေးတွေက အားကိုးလို့ ရတဲ့ ယောက်ျားမျိုး ဖြစ်မယ်လို့ သတ်မှတ်ကြလေ့ ရှိပါတယ် ။

7) တက်တူးတွေ ရှိတဲ့ ကောင်လေးမျိုးကို ကောင်မလေးတွေက မိုက်တယ်လို့ ထင်တတ် ကြသလို သဘောလည်းကျ တတ်ကြ ပါတယ် ။

8) ကိုယ့်မိဘနဲ့ အဆင်ပြေပြေ ပြောဆို နေထိုင် တတ်တဲ့ ကောင်လေးမျိုး ဆိုရင်လည်း ကောင်မလေးတွေက သဘောကျတတ်ကြ ပြန်ရော ။

9) ကိုယ်မှ မဟုတ် တစ်ခြားသူ တွေကို ကူညီတတ်တဲ့ ယောက်ျားမျိုး ဆိုရင်လည်း ကောင်မလေးတွေက စိတ်ထဲက အမှတ်တွေ ပေးနေတတ် ပါတယ် ။

10) ကိုယ်ပြောသမျှကို မျက်နှာ မပျက်ဘဲ ပြုံးပြုံးလေး ငြိမ်နားထောင်တတ်တဲ့ ယောက်ျားလေးမျိုး ဆိုရင်လည်း သူတို့ကြွေကြပြန်ရော ။ ဘယ်မိန်းကလေးကတော့ ကိုယ်ပြောတာကို တစ်ခွန်းမခံ ပြန်ခံပြော၊ ဒါမှမဟုတ် ပြန်ငြင်းခုန်နေမယ့် ယောင်္ကျားလေးမျိုးကို နှစ်ခြိုက်မှာပဲ။ ငြင်းရမယ့် ကိစ္စဆိုရင်တောင် တစ်ဘက်က စကားဆုံးတဲ့အထိ နားထောင်ပြီးမှ ပြန်ပြောရမှာပေါ့နော်။

Trend Myanmar

No comments

Powered by Blogger.