ကိုယ်နဲ့ သင့်တော် မှန်ကန်တဲ့ ဖူးစာရှင် ရှာဖွေနည်း (3) နည်း
ကိုယ်ဘဝ တခုလုံး ထာဝရ လက်တွဲထားချင် သူကို ရွေးချယ်တာဟာ တကယ်ကို အရေးကြီးတဲ့ ကိစ္စ တခု ဖြစ်ပါတယ် ။ ဒါပေမယ့် ကိုယ်ဘဝ တလျှောက်လုံး လက်တွဲမယ့် သူဟာ အမြော်အမြင်၊ တာဝန် သိတတ်ခြင်း နဲ့ ရိုးသား ဖြောင့်မတ်မှုတွေ လိုအပ် ပါတယ် ။
အဲဒီလိုမျိုး ဖူးစာရှင် အစစ်ကို ရှာတွေ့ပြီ ဆိုတာနဲ့ ကြိုးစားခဲ့သမျှ တန်သွား ပါလိမ့်မယ် ။ တသက်လုံး ပျော်နိုင်နေပြီလေ ။ သင့်တော် မှန်ကန်တဲ့ ကိုယ့်ရဲ့ ဖူးစာရှင်ကို ရှာတွေ့လိုရင် ဒီအချက်လေးတွေကို လိုက်နာပါ ။
1) အတိတ်က အချစ်အကြောင်းတွေ ခေါက်ထား လိုက်ပါ
လက်ရှိ အလားအလာ ရှိနေတဲ့ လက်တွဲဖော်တွေကို အရင် ချစ်သူဟောင်းတွေ နဲ့ အကောင်းနဲ့ အဆိုး နှိုင်းယှဉ်တာ ၊ နောက်အသစ် တဦးနဲ့ ရှေ့ဆက်လက်တွဲဖို့ အဟန့်အတား ဖြစ်စေနိုင် ပါတယ် ။
2) သဘောထား ကြီးကြီးထားပါ
ကိုယ့် ပုံစံ ၊ ကိုယ့် အဆင့်အတန်းနဲ့ အံကိုက် ဖြစ်မယ့်သူကို လိုက်ရှာ မနေပါနဲ့ ။ အရပ် ထောင်ထောင် မောင်းမောင်း ၊ အသားညှိပြီး ရုပ်ချောချော ဖြစ်မယ့် အစား လက်စသတ်တော့ သင့်အကောင်းဆုံး လက်တွဲဖော်က အရပ်ပုပု တဦး ဖြစ်နေနိုင်တယ် ။
3) ကိုယ်ကိုယ်တိုင် ထွက်ရှာရပါမယ်
TV ရှေ့မှာ ထိုင်နေလို့တော့ ကိုယ့်ဖူးစာရှင် အစစ်နဲ့ တွေ့မှာ မဟုတ်ပါဘူး ။ ကိုယ့်ကိုယ်ကို အခွင့်အရေး ရစေဖို့ လာဖိတ်သူ မှန်သမျှ လက်ခံ တွေ့ဆုံရပါမယ် ။
Credit
Post a Comment