မိန်းခလေး တယောက်ကို တကယ် ချစ်ရင်
မိန်းခလေး တယောက်ကို တကယ် ချစ်ရင် အတိတ်ကို မကြည့်နဲ့ ... အနာဂတ်ကိုပဲ ကြည့် ။ သူ ဟိုအရင်က ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ကိုယ့်ရင်ခွင်အောက် ရောက်ရင် သူဟာ ဘုရင်မ ပဲ ။
မိန်းခလေး တယောက်ကို တကယ် ချစ်ရင် အပျိုစစ်ရဲ့လား မစစ်ဘူးလား ဘယ်တော့မှ မတွေးနဲ့ ။ တကယ်တမ်း တွေးနေတဲ့ ကောင်တွေက အိပ် စား ကာမ ဘက်ကို အလေးသာ နေတဲ့ သူတွေ ။
ဥပမာ ... သူများ မကြိုက်လို့ စွန့်ပစ်ခဲ့တဲ့ စာအုပ်ဟာ ဘယ်လောက်ပဲ စုတ်ပြတ်သတ် နေပါစေ။ ကိုယ် မဖတ်ရသေးဘူး ဆိုရင် အသစ် ပဲလေ ။ ကိုယ့်လက်ထဲမှာသာ ထပ်ပြီး မစုတ်ပြဲအောင် ဂရုစိုက် ။
မိန်းခလေး တယောက်ကို တကယ် ချစ်ရင် သမီးရည်းစား ဘဝမှာ ဘယ်တော့မှ မလွန်ကျူးမိစေနဲ့ ။ မတော်တဆ အကြောင်း မတိုက်ဆိုင်လို့ မညားခဲ့ရင် မိန်းခလေး ဘဝ အရမ်း နစ်နာတယ် ။ ကိုယ့်ညီမ ကိုယ့်အမ ရှိရင် ကိုယ်ချင်းစာ ကြည့် ။
မိန်းခလေး တယောက်ကို တကယ် ချစ်ရင် ကိုယ့်စိတ် အာသာပြေဖို့ တခု အတွက်နဲ့ သူတို့ ဘဝကို ဘယ်တော့မှ မဖျက်စီးနဲ့ ။ မတော်တဆ စိတ်မထိန်းနိုင်လို့ ကျူးလွန်မိခဲ့ ရင်လည်း လက်ထပ်ယူနိုင် ရမယ် ။ ဒါဆိုရင်တော့ သင်ဟာ ယောက်ျားကောင်း တယောက်ပါပဲ ..... ။
Original Uploader
Post a Comment