အိမ်ထောင်ကျမှာ ကြောက်တဲ့အကြောင်း ပွင့်လင်းစွာ ပြောလာတဲ့ ဖွေးဖွေး
အသက်ငယ်ငယ်နဲ့ ထပ်ဆင့် အကယ်ဒမီဆု ရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးကိုတော့ မြန်မာနိုင်ငံမှာ လူတိုင်းက သိလိမ့်မယ် ထင်ပါတယ်။ ပရိသတ် အားပေးမှု များပြားတဲ့ မင်းသမီးတစ်လက် ဖြစ်တာကြောင့် သူမရဲ့ အကြောင်းတွေကို ပရိသတ်တွေကတော့ အမြဲ စိတ်ဝင်စားနေပြီး လက်ရှိမှာတော့ ဖွေးဖွေးက သူမရဲ့ အချစ်အကြောင်းကို ပြောကြားလာ ခဲ့ပါတယ်။
ဖွေးဖွေးကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အရှုပ်အရှင်း သတင်းတွေ သိပ်မထွက်တဲ့ မင်းသမီးလည်း ဖြစ်ပြီး လက်ရှိမှာလည်း သူ့ရဲ့ အချစ်အကြောင်းကို MC နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။ အပျိုကြီးလို့ ပြောနေကြတာနဲ့ ပတ်သက်ပြီး ဖွေးဖွေးကတော့ “ အခု လောလောဆယ်တော့ ဖွေးက အပျိုကြီးဘဲ လုပ်ရတာ သဘောကျတယ်။ အိမ်ထောင်ကျရမှာ ကြောက်တယ်။ ရည်စားကျတော့ ပြောင်းလို့ရတယ်။ ယောကျာ်းကျတော့ ပြောင်းလို့လည်း မကောင်းဘူးလေ။
နောက်လတွေ ကျရင်တော့ ဖွေးအနေနဲ့ စိတ်ရော ကိုယ်ပါ အနားပေးမှာပါ။ ၂ လလုံးလည်း နားရက် တစ်ရက်မှ မယူဘဲ လုပ်နေတာလေ။ နောက်လကျရင်လည်း ထိပ်စီးပြောင်းတော့မှာ ဆိုတော့ နားရက်လေး ယူမယ်။ အလှူလေးတွေ လုပ်ပြီး ခရီးလေးတွေ ထွက်မယ်။ အသက်ကြီးလာလေ ရိုးရိုးရှင်းရှင်းလေးနဲ့ ရှေ့ဆက်ချင်လာပါတယ် ” ဟု ပြောကြား သွားခဲ့ပါတယ်။
Source Phway Phway
Post a Comment