Header Ads

ဒီလိုယောင်္ကျားမျိုးနဲ့ တွေ့မှ အိမ်ထောင်ပြုပါ..


Lady first ဆိုတဲ့ စကားကို လက်ကိုင်ထားသူမျိုးပါ။ မိန်းကလေးကို ဦးစားပေးရကောင်းမှန်း သိတဲ့ သူမျိုးပါ။

တံခါးတစ်ခုနဲ့ ကြုံတိုင်း ကိုယ့် အတွက် အမြဲတမ်း တံခါးဖွင့်ပေးတတ်တဲ့ ယောက်ျားမျိုးပါ။ (သူ့လက်ထဲ မှာ အထုပ်အပိုးနဲ့ လက်မအားဖြစ်နေတဲ့ အချိန်ကတော့ ချွင်းချက်ပါ)

ပလတ်ဖောင်းမှာ လမ်းလျှောက်တဲ့ အခါတိုင်းမှာ လမ်းမ ဘက် ရှိတဲ့ အခြမ်းမှာ အမြဲနေရာယူပြီး လျှောက်တတ်တဲ့ သူမျိုးပါ။

ဒီလို အပြုအမှု က အသေးအဖွဲ ဆိုပေမယ့် အဲ့ဒီ အသေးအဖွဲလေးတွေက ယောက်ျား တစ်ယောက်ဟာ Gentleman ဆန်တဲ့ လူမျိုးဟုတ်၊ မဟုတ် ဆိုတာကို ဖော်ပြနေတာပါ။

ထီးဆောင်းရင် ကိုယ့်ဘက်ကို အလေးပေး ဆောင်းပေး တတ်သူမျိုး ၊ လူ့လယ်ခေါင်မှာ ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်လက်ကို ဆွဲပြီး “ ဒါ ကျွန်တော့် ချစ်သူပါ ” ဆိုပြီး ချပြရဲတတ်တဲ့ သူမျိုး ၊ မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့သူမျိုး၊ ဒါကတော့ ရှင်းပါတယ်။ ကိုယ့်ကို တစ်ဘ၀လုံးစာ အတွက် ရည်ရွယ်ထားမှသာ မိဘတွေနဲ့ မိတ်ဆက်ပေး တာပါ။

ချစ်သူ မဖြစ်ခင်တည်းက သူ့မိတ်ဆွေ၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးတတ်တဲ့ သူမျိုး.. ကိုယ် လိုအပ်ချိန်တိုင်းမှာ အမြဲအသင့် ရှိနေတတ်တဲ့ သူမျိုး.. ဘယ်လိုတွေပဲ ဖြစ်နေပါစေ.လိုအပ်ချိန်တိုင်းမှာ ဘေးမှာရှိနေပေး တတ်တဲ့ သူ မျိုး. စိတ်ပူပေးတတ်တဲ့ သူမျိုး။

အိမ်ပြန်ရောက်ရင် msg ပို့ပါ (ဒါမှမဟုတ်) အိမ်ပြန်ရောက်ပြီလားဆိုပြီး စိတ်ပူပြီး Msg ပို့ ပေးတတ်တဲ့ သူမျိုး.. အိမ်က မိဘတွေနဲ့ ရဲရဲဝံ့ဝံ့ မိတ်ဆက်ပေးနိုင်လောက်တဲ့ အရည်အချင်းရှိတဲ့ ယောက်ျားမျိုး..

ကိုယ့်ရဲ့ အခြေအနေကို အရှိအတိုင်း လက်ခံပေးနိုင်တဲ့ ယောက်ျား မျိုး။ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝကို အရှိအတိုင်း လက်ခံပေးပြီး ပြုပြင် ပြောင်းလဲဖို့ အတင်းဖိအားပေးတာမျိုး မလုပ်တတ်တဲ့ သူမျိုး… ကိုယ့်အပေါ် Respect ထား ဆက်ဆံပြောဆို တတ်တဲ့သူမျိုး။ (လင်မယား ဖြစ်နေရင်တောင်မှ Respect ဆိုတဲ့ အရာဟာ လိုအပ်ပါတယ်။)

ပြောလိုက်တဲ့ စကားလုံးတွေ အပေါ် တာဝန်ယူလို စိတ်ရှိတဲ့ ယောက်ျားမျိုး.. အမှားတစ်ခုအတွက် တောင်းပန်ဖို့ ၀န်မလေးတဲ့ ယောက်ျားမျိုး။ ကိုယ့် ရဲ့ အမှားအတွက် ရဲရဲဝံ့ဝံ့ တောင်းပန်ရဲတဲ့ ယောက်ျားမျိုး…

ကိုယ့်အပေါ် စိတ်ကောင်း၊ စေတနာကောင်းထားပြီး ကိုယ့်အကျိုးကို လိုလားတတ်တဲ့ ယောက်ျားမျိုး.. ကိုယ်အောင်မြင်လာဖို့ ဘေးကနေ ပံ့ပိုး အားပေး ကူညီတတ်တဲ့ ယောက်ျားမျိုး..

သူ့ရဲ့ အနာဂါတ် အစီအစဉ်တွေထဲမှာ ကိုယ့်ကိုပါ ထည့်သွင်း ရေးဆွဲ ထားတဲ့ သူမျိုး.. အနားမှာ ရှိနေရုံနဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မယ့် ယောက်ျားမျိုး။

သူ့ အနားမှာ ရှိနေတဲ့အခါ ကိုယ့်ကို စိတ်လုံခြုံမှု ပေးနိုင်တဲ့ သူမျိုး။

Ref - thoughtcatalo
Credit - original writer

No comments

Powered by Blogger.